close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စျေးဝယ်က စျေးသည်ကိုဓါးနဲ့ထိုးလို့ ပြည်သူတွေဝိုင်းဖမ်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အခွန်လွတ်စျေးမှာ စျေးဝယ်အမျိုးသမီးက စျေးသည်ကို ဓါးနဲ့ထိုးလို့ ပြည်သူတွေက ဝိုင်းဖမ်းခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ-၂၇၊ ၂၀၂၅။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အခွန်လွတ်စျေးမှာ စျေးဝယ်အမျိုးသမီးက စျေးသည်ကို ဓါးနဲ့ထိုးလို့ ပြည်သူတွေက ဝိုင်းဖမ်းခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက မုံရွာမြို့ပေါ်၊ ထန်းတောရပ်က အခွန်လွတ်စျေးအတွင်းမှာ ဖွင့်ထားတဲ့ အထည်ဆိုင်တဆိုင်ကို အမျိုးသမီးတဦးက အထည်တွေလာဝယ်ခဲ့ကြောင်း၊ ကျသင့်ငွေ တစ်သိန်းခွဲကို စျေးဝယ်အမျိုးသမီးက သုံးသောင်းခွဲပဲပေးလို့ ဆိုင်ရှင်က ထပ်တောင်းချိန် ဆိုင်ရှင်ကို ဓါးနဲ့လိုက်ထိုးခဲ့တာဖြစ်ကြောင်း တွေ့မြင်လိုက်သူတွေက ပြောပါတယ်။

“ ထပ်တောင်းလို့ဆိုပြီး စျေးလာဝယ်တဲ့ ကောင်မလေးက ဆိုင်ရှင်ကို ဓါးနဲ့ပြေးထိုးတာ။ ဆိုင်ရှင်ကထွက်ပြေးတယ်။ ဓါးနဲ့ထိုးတဲ့ကောင်မလေးကို စျေးထဲကလူတွေက ဝိုင်းဖမ်းတော့မိတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာမြို့ပေါ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုမရှိတော့တာကြောင့် လက်နက်ပြ ဓားပြတိုက်မှု၊ လုယက်မှုတွေ၊ ပြန်ပေးဆွဲငွေညှစ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မုံရွာမြို့ပေါ်က အိမ်ခြံမြေပွဲစားတဦး ပြန်ပေးဆွဲခံရပြီး သိန်းငါးထောင် တောင်းခံရတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သီတင်းကျွတ်၊ တန်ဆောင်တိုင် ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook