close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ကို နိုဘယ်လ်ဆု ပေးခဲ့တဲ့နောက် နော်ဝေးမှာရှိတဲ့ သံရုံးကို ဗင်နီဇွဲလား ပိတ်ထား

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်မှုအပေါ် မကျေနပ်တာကြောင့်လို့ ယူဆရတဲ့ အခြေအနေမျိုးနဲ့ နော်ဝေးနိုင်ငံမှာရှိတဲ့ သံရုံးကို ဗင်နီဇွဲလားက ပိတ်သိမ်းလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်မှုအပေါ် မကျေနပ်တာကြောင့်လို့ ယူဆရတဲ့ အခြေအနေမျိုးနဲ့ နော်ဝေးနိုင်ငံမှာရှိတဲ့ သံရုံးကို ဗင်နီဇွဲလားက ပိတ်သိမ်းလိုက်ပါတယ်။

နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗင်နီဇွဲလားဟာ နော်ဝေးနိုင်ငံရဲ့ မြို့တော် အော်စလိုမှာရှိတဲ့ သံရုံးကို ဘာအကြောင်းပြချက်မှ မပေးဘဲ ရုတ်တရက် ပိတ်သွားကြောင်း ပြောပါတယ်။

ဗင်နီဇွဲလားက ဘာမှ ရေရေရာရာ မပြောဘဲ သံရုံးကို ပိတ်ထားလိုက်တယ်ဆိုတာ အကြောင်းကြားလာကြောင်း နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဆီဆလိုင် ရိုအန်းက AFP သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။

ဘာအကြောင်းပြချက်မှ မပေးဘူး ဆိုပေမယ့် နော်ဝေးနိုင်ငံ အခြေစိုက် နိုဘယ်လ် ကော်မတီက အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီရာ ကော်ရီနာ မာချာဒိုဆီ ပေးအပ် ချီးမြှင့်လိုက်ပြီး ရက်အနည်းငယ် အကြာမှာတင် သံရုံးကို ပိတ်လိုက်တာပါ။ တစ်နည်းအားဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်မှုအပေါ် ဆန္ဒပြတဲ့ အနေနဲ့ ဗင်နီဇွဲလား အစိုးရက အခုလို တုံ့ပြန်လာတာလို့ နိုင်ငံရေး အကဲခတ်တွေက ယူဆကြပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Reuters

မာချာဒိုဟာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို အဓိက ဆန့်ကျင်ရပ်တည်နေတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အတိုက်အခံ ခေါင်းဆောင်ပါ။ သူဟာ အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေဆီက ထောက်ခံမှုတွေကို ရရှိထားသူ ဖြစ်ပါတယ်။

ဗင်နီဇွဲလား သံရုံး ပိတ်လိုက်တဲ့ ကိစ္စက စိတ်မကောင်းစာ ဖြစ်ကြောင်း၊ နှစ်ဖက်ကြား အမြင်မတူတာတွေ ရှိတဲ့တိုင် နော်ဝေးဟာ ဗင်နီဇွဲလားနဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ရင်း သံတမန်ရေးအရ ဆက်ပြီး အလုပ်လုပ်ချင်ကြောင်း ရိုအန်းက ဆိုပါတယ်။

သတင်းတွေအရ အော်စလိုမှာရှိတဲ့ ဗင်နီဇွဲလား သံရုံးဟာ သက်ဆိုင်ရာ ဝန်ဆောင်မှုတွေ၊ တာဝန်တွေ အားလုံးကို အောက်တိုဘာ ၁၃ ရက်နေ့မှာ ရပ်တန့်လိုက်ပြီး ဖုန်းဆက်ရင်လည်း မကိုင်တော့ဘူးလို့ သိရပါတယ်။

ဗင်နီဇွဲလား အစိုးရကတော့ နော်ဝေးမှာတင် မကဘဲ ဩစတြေးလျမှာရှိတဲ့ သံရုံးကိုပါ ပိတ်ထားလိုက်ကြောင်း၊ ဒါဟာ မဟာဗျူဟာဆိုင်ရာ ပြန်လည် ပြင်ဆင် နေရာချမှု တစ်ခုအတွက် လုပ်ဆောင်တာသာဖြစ်ကြောင်း ထုတ်ပြန်ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာခဲ့ပါဘူး။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ်ရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကိုတော့ ဗင်နီဇွဲလားနိုင်ငံရဲ့ အတိုက်အခံ ခေါင်းဆောင် အမျိုးသမီးဖြစ်သူ မာရီယာ ကိုရီနာ မာချာဒိုက ကရရှိသွားခဲ့ပါတယ်။ နော်ဝေးနိုင်ငံရဲ့ နိုဘယ်လ်ဆု ရွေးချယ်ရေး အဖွဲ့က မာချာဒိုကို ၂၀၂၅ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်အနေနဲ့ ရွေးချယ်လိုက်ကြောင်း အောက်တိုဘာ ၁၀...

နိုင်ငံတကာ

တကယ်လို့ အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မရခဲ့ဘူးဆိုရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဖက်က ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာနဲ့ ပတ်သက်ပြီး နော်ဝေးနိုင်ငံမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုအတွက် ထောက်ခံ အဆိုပြုသွားမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရသင့်တယ်လို့ ပြောကြားခဲ့တဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီးဟာ လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင် သရော်တာတွေ ခံနေရပါတယ်။