close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ် တိုက်ပွဲတွေအပြီး သံတမန်ရေးအရ ဆွေးနွေးဖြေရှင်းဖို့ အာဖဂန်ကို ပါကစ္စတန် တောင်းဆို

နှစ်နိုင်ငံ နယ်စပ်တလျှောက် တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့တဲ့နောက် လက်ရှိ တင်းမာမှုတွေကို သံတမန်ရေးအရ ဖြေရှင်းဖို့ ပါကစ္စတန်က အာဖဂန်နစ္စတန်ကို တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

နှစ်နိုင်ငံ နယ်စပ်တလျှောက် တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့တဲ့နောက် လက်ရှိ တင်းမာမှုတွေကို သံတမန်ရေးအရ ဖြေရှင်းဖို့ ပါကစ္စတန်က အာဖဂန်နစ္စတန်ကို တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အာဖဂန်ရဲ့ မြို့တော် ကဘူးလ်မှာ ပါကစ္စတန်က လေကြောင်း တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကိစ္စကို လက်တုံ့ပြန်တဲ့ အနေနဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ ပါကစ္စတန် နယ်စပ် လုံခြုံရေး စခန်းတွေကို အာဖဂန်က တိုက်ခိုက်ခဲ့ပြီး နယ်စပ်တလျှောက် နေရာ ၆ ခုလောက်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန် တပ်တွေက သူတို့ရဲ့ စစ်ဆင်ရေးဟာ လေပိုင်နက် ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ပါကစ္စတန်ရဲ့ လုပ်ရပ်ကို တုံ့ပြန်တာဖြစ်ပြီး အောက်တိုဘာ ၁၁ ရက် ညပိုင်းမှာ စစ်ဆင်ရေးကို ရပ်စဲခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီ စစ်ရေးပဋိပက္ခအတွင်း နှစ်ဖက်စလုံးမှာ အသေအပျောက် ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။ ပါကစ္စတန်က အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ပါကစ္စတန် တာလီဘန်တပ်တွေကို အာဖဂန် တာလီဘန်တွေက ခိုလှုံခွင့် ပေးထားတယ်လို့ အစဉ်တစိုက် စွပ်စွဲခဲ့ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့တုန်းက ကဘူးလ်မှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကလည်း ပါကစ္စတန် တာလီဘန် စစ်ဦးစီး တစ်ဦးရဲ့ ယာဉ်ကို ပစ်မှတ်ထားခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၂ ရက်နေ့မှာ ပါကစ္စတန်က ကြေညာချက် ထုတ်ပြန်ရာမှာတော့ အာဖဂန်နဲ့ အပြန်အလှန် ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရရှိအောင် သံတမန်ရေးနဲ့ ဆွေးနွေးမှု နည်းလမ်းတွေကို အသုံးပြု ဖြေရှင်းနိုင်မယ်ဆိုတာ ဆက်လက် ယုံကြည်ထားဆဲလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီ ဆွေးနွေးမှုတွေမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုတာက နှစ်ဖက်စလုံး လက်ခံထားတဲ့ အကြောင်းတရား ဖြစ်ဖို့တော့ လိုမယ်လို့ ပါကစ္စတန်က ဆိုပါတယ်။

တာလီဘန်တွေက ပါကစ္စတန် နယ်ခြားစောင့် စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ် ဆိုတာကို အတည်ပြုပြီး ပါကစ္စတန်ဖက်က ၅၈ ဦးသေဆုံးခဲ့သလို တာလီဘန် တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန်ကတော့ အာဖဂန် တာလီဘန်တွေ၊ အိန္ဒိယက ကျောထောက်နောက်ခံ ပေးထားတဲ့ ဖစ်တ်နာအယ်လ် ခါဝါရက်ဂျ် စစ်သွေးကြွတွေ အပါအဝင် ရန်သူ ၂၀၀ လောက်ကို သုတ်သင်နိုင်ခဲ့ပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂၃ ဦး နိုင်ငံအတွက် အသက်ပေးခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ ပါကစ္စတန်က အိန္ဒိယဟာ ပါကစ္စတန် ဆန့်ကျင်ရေး အကြမ်းဖက် အဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲထားပြီး အိန္ဒိယကတော့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

တာလီဘန်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ ဆော်ဒီအာရေးဘီးယားနဲ့ ကာတာ အစိုးရတွေရဲ့ ကြားဝင် ဖြန်ဖြေ စေ့စပ်ပေးမှုကြောင့်သာ ပါကစ္စတန် နယ်ခြားစောင့် စခန်းတွေကို တိုက်ခိုက်နေတာကို ရပ်တန့်ပေးခဲ့တာ ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။

ကိုးကား: Anadolu Ajansı

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန်တို့ကြား ရင်ဆိုင် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

မေလတုန်းက နှစ်နိုင်ငံ နယ်စပ် စစ်ရေးပဋိပက္ခမှာ ပါကစ္စတန်ရဲ့ F-16နဲ့ JF-17 တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ အိန္ဒိယ လေတပ်က လအတော်ကြာပြီးချိန်မှာ ကြေညာခဲ့ပါတယ်။

သတင်း

ကာကွယ်ရေး မဟာမိတ် စာချုပ်သစ်အရ နိုင်ငံရဲ့ နျူကလီးယား လက်နက် နည်းပညာကို ဆော်ဒီအာရေးဘီးယားအတွက် ဝေမျှ သုံးစွဲပေးတာမျိုး ရှိလာနိုင်တယ်လို့ ပါကစ္စတန်ဖက်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်မှာရှိတဲ့ အမေရိကန် လေတပ်စခန်းဟောင်း တစ်ခုကို ပြန်လည် ရယူဖို့ ကြိုးစားလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။