close
Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ်မှာ ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေကို ကောလင်းခရိုင်တပ်ရင်း(၂)ရဲဘော်တွေ ကန်တော့

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် အမှတ်(၂) တပ်ရင်းက ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ ကျန်ရှိမိသားစုတွေကို သီတင်းကျွတ် အခါကြီးရက်မြတ်မှာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ - ကောလင်းခရိုင်တပ်ရင်း-၂)

အောက်တိုဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် အမှတ်(၂) တပ်ရင်းက ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ ကျန်ရှိမိသားစုတွေကို သီတင်းကျွတ် အခါကြီးရက်မြတ်မှာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော်အရေအတွက်ကို ဖော်ပြမထားသော်လည်း ကောလင်းခရိုင် တပ်ရင်း(၂)ရဲဘော်တွေ ကန်တော့နေတဲ့ မှတ်တမ်းပါအရ ကျဆုံးရဲဘော် မိသားစု ၁၀ဦးခန့်ကို လက်ဆောင်ပစ္စည်းတွေနဲ့အတူ ကန်တော့နေကြတာ တွေ့ရပါတယ်။

“ကျဆုံးရဲဘော်များ မြင့်မြတ်ရာဘုံဘဝတွင် ကောင်းမွန်စွာ စံပျော်နိုင်ကြပါစေ။ကျန်ရှိ မိသားစုဝင်များကို လဲ တပ်ရင်းရဲဘော်များမှ အစဥ်အလေးအမြတ် ထားနေပါတယ်။ရောက်ရာ ဘုံဘဝများမှ သာဓု ခေါ်ဆိုနိုင်ကြပါစေ”လို့ ကောလင်းခရိုင် တပ်ရင်း(၂)က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ကောလင်းခရိုင်အမှတ်(၂)ဟာ ကျဆုံးရဲဘော်တွေ နဲ့ပတ်သက်ပြီး အခမ်းအနားတွေ အရင်ကလည်း ပြုလုပ်ခဲ့ပါတယ်။ အခုနှစ်ဇူလိုင် ၁၉ရက် အာဇာနည်နေ့ မှာလည်း နောက်တန်းမှာ ကျန်နေတဲ့ ရဲဘော်တွေက အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့သလို ကောလင်းမြို့သိမ်းတိုက်ပွဲနဲ့ ကောလင်းမြို့ကာ တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို လည်း နှစ်ပတ်လည် ဂုဏ်ပြုပွဲ ကျင်းပခဲ့တာကို တွေ့ရပါတယ်။

ဒီလိုကျဆုံးရဲဘော်တွေကို စစ်ရေးပြ အခမ်းအနားနဲ့ သေနတ်ပစ်ဖောက်ဂုဏ်ပြုပွဲ စနစ်တကျ ပြုလုပ်ခဲ့တာလည်းတွေရပါတယ်။

၂၀၂၄ ဩဂုတ် ၁ရက်ကလည်း ကောလင်းမြို့သိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ မြို့ကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်လာခိန်မှာ ခုခံ ကာကွယ်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ကြေး ပေးအပ်တဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲမှာ ကောလင်းခရိုင် တပ်ရင်း(၂)က ရဲဘော် ၃ဦး ကျဆုံးခဲ့သလို စစ်ကောင်စီ ထိုးစစ်ဆင်လာလို့ ၁၀ ရက်ကျော် ခုခံကာကွယ် တိုက်ခိုက်ခဲ့ရာမှာလည်း ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။

ကောလင်းခရိုင် တပ်ရင်း(၂)ဟာ စစ်ရှောင်မိသားစုတွေကို ဆန်ရိက္ခာ ထောက်ပံ့မှုတွေလည်း လုပ်ဆောင်ပေးတာတွေ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ