close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မလေးရှားမှာ စာသင်ကျောင်းထဲ ရောက်နေတဲ့ မိကျောင်းကို ရွှေ့ပြောင်းပေးခဲ့ရ

မလေးရှားနိုင်ငံက စာသင်ကျောင်း တစ်ခုထဲကို မြီးကောင်ပေါက် မိကျောင်းတစ်ကောင် ရောက်နေလို့ တာဝန်ရှိသူတွေက ဖမ်းဆီးပြီး ရွှေ့ပြောင်းပေးခဲ့ပါတယ်။

မလေးရှားနိုင်ငံက စာသင်ကျောင်း တစ်ခုထဲကို မြီးကောင်ပေါက် မိကျောင်းတစ်ကောင် ရောက်နေလို့ တာဝန်ရှိသူတွေက ဖမ်းဆီးပြီး ရွှေ့ပြောင်းပေးခဲ့ပါတယ်။

စင်ကာပူနိုင်ငံနဲ့ ထိစပ်နေရာ ဂျိုဟော် ပြည်နယ်၊ ကလွန်အန် ခရိုင်၊ ရန်ဂမ်မြို့ထဲက အလယ်တန်းကျောင်း တစ်ခုမှာ မိကျောင်းတစ်ကောင် ဟိုဟိုဒီဒီ လျှောက်သွားနေတယ်ဆိုတဲ့ တိုင်ကြားမှုကို စက်တင်ဘာ ၆ ရက်နေ့တုန်းက လက်ခံရရှိတဲ့နောက် မြို့ခံ မီးသတ်ဌာန တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ပါတယ်။

လုံခြုံရေး ဝန်ထမ်းတစ်ဦးက မိကျောင်းကို စတွေ့ခဲ့တာ ဖြစ်ကြောင်း၊ အဲဒီကမှတဆင့် ကျောင်းက မီးသတ်တပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပြီး မီးသတ်ဝန်ထမ်းတွေက သတိထား ဖမ်းဆီးခဲ့ကြောင်း မီးသတ်ဌာန အကြီးအကဲ အာမက် ဆက်ရာဝေါက ပြောပါတယ်။

မိကျောင်းဟာ ၃ ပေကျော်လောက် ရှည်ပြီး ၁၃ ပေါင်လောက် လေးလံတယ်လို့ ဆိုပါတယ်။ အဲဒီ တွားသွားသတ္တဝါဟာ ကျောင်းဝင်းထဲ ဘယ်လိုဘယ်ပုံ ရောက်နေခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

တုတ်မှာ ကြိုးကွင်းတပ်ထားတဲ့ ကိရိယာတွေကို အသုံးပြုပြီး မီးသတ် ဝန်ထမ်းတွေက မိကျောင်းကို အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖြစ်စဉ်အတွင်း ကျောင်းသူကျောင်းသားတွေ၊ ကျောင်းဝန်ထမ်းတွေ၊ မီးသတ်ဝန်ထမ်းတွေ ဘယ်သူမှ အထိအခိုက် မရှိခဲ့ကြောင်း ဆက်ရာဝေါက အတည်ပြုခဲ့ပါတယ်။

မိကျောင်းကို လောလောဆယ် မီးသတ်ဌာနရဲ့ စခန်းထဲမှာပဲ ယာယီ ထိန်းသိမ်းထားပြီး ကလွန်အန်ခရိုင် သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ဌာနဆီ လွှဲပြောင်းပေးဖို့ ဆက်သွယ်ထားဆဲလို့ သိရပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

သတင်း

အရှည် ၇ ပေခန့်ရှိ မိကျောင်းသည် ဇူလိုင်လ ၂၈ရက် နေ့လည်ပိုင်းတွင် ဘိုကလေးမြို့နယ် အနောက်ပိုင်းကျေးရွာတခုရှိ လယ်ကွင်းအတွင်း ရောက်ရှိလာခြင်းဟု ဒေသခံများကပြောသည်။

နိုင်ငံတကာ

လောလောဆယ်တော့ တေလန်ရဲ့ ဖခင်ဖြစ်သူ သောမတ်စ် မော့စ်လေကို လူသတ်မှု နှစ်ခုအတွက် ရဲတွေက စွဲချက်တင် ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။