close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖမ်းဝရမ်းကို လိုက်လျောလက်ခံဖို့ တောင်ကိုရီးယား သမ္မတ ငြင်းဆို

သူ့အပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောက အာခံ ငြင်းဆိုခဲ့ပြီး အဆုံးအထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

သူ့အပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောက အာခံ ငြင်းဆိုခဲ့ပြီး အဆုံးအထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ လဆန်းတုန်းက နာရီပိုင်းလောက်သာ သက်တမ်းရှည်ကြာခဲ့တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေက မေးမြန်းစုံစမ်းဖို့ ကြိုးစားခဲ့တာတွေကို ယွန်က အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။ အခုအခါမှာတော့ အဲဒီလို ပူးပေါင်းဖို့ ငြင်းဆိုနေတဲ့အတွက် သမ္မတယွန်ကို ဆိုးလ်မြို့ တရားရုံးတစ်ခုက ဖမ်းဝရမ်း ထုတ်ပေးလိုက်တာပါ။ ဒါဟာ အာဏာရ တောင်ကိုရီးယား သမ္မတ တစ်ဦးက ပထမဆုံးအကြိမ် ဖမ်းဝရမ်းထုတ်တာ ခံရခြင်းလည်း ဖြစ်လာခဲ့ပါတယ်။

ယွန်ဟာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး စွပ်စွဲပြစ်တင်တာ ခံခဲ့ရတဲ့နောက် လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရပါတယ်။ ဒီအတောအတွင်း သူ့ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေက သမ္မတ အိမ်တော်ရှေ့မှာ စုဝေး ဆန္ဒပြတာတွေလည်း ရှိခဲ့ပါတယ်။

ယွန်အတွက် ထုတ်ထားတဲ့ ဖမ်းဝရမ်းဟာ ဇန်နဝါရီ ၆ ရက်နေ့မှာ သက်တမ်းကုန်မှာဖြစ်ပြီး ယွန်ကိုယ်တိုင်ကတော့ သူဟာ အဲဒီ ဖမ်းဝရမ်းကို အသိအမှတ် မပြုကြောင်း ရှေ့နေဖြစ်သူဆီကနေတဆင့် ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားဟာ ပြည်တွင်းပြည်ပ အင်အားစုတွေရဲ့ စွက်ဖက် နှောင့်ယှက်မှုတွေနဲ့အတူ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကိုတောင် ခြိမ်းခြောက် ခံနေရကြောင်း၊ သူဟာ နိုင်ငံကို အဆုံးထိ ကာကွယ်ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ယွန်ရဲ့ သဘောထားကို ဇန်နဝါရီ ၂ ရက်နေ့မှာ သူ့ရဲ့ရှေ့နေ ယွန်ကက်ဘ်ကွမ်က ကြေညာခဲ့ပါတယ်။

ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ခံထားရတဲ့တိုင် ယွန်ဟာ မြို့တော် ဆိုးလ်မှာပဲ ဆက်ရှိနေတယ်လို့လည်း သူ့ရဲ့ ရှေ့နေက အတည်ပြုခဲ့ပါတယ်။

အတိုက်အခံ အင်အားစုတွေ ယွန်ရဲ့ ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ နိုင်ငံကို ပုန်ကန်တဲ့ အဓိပ္ပါယ်ရောက်တယ်လို့ စွပ်စွဲပြီး သူ့ကို ရာထူးက ဖယ်ရှားနိုင်ဖို့ ကြိုးစားနေပါတယ်။ စွပ်စွဲပြစ်တင်မှု ခံထားရတဲ့ သမ္မတဟာ ရာထူးမှာ ဆက်ရှိဖို့ သင့်မသင့် ဆိုတာကို အခြေခံ ဥပဒေ ခုံရုံးက ၆ လအတွင်း ကြားနာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ယွန်ရဲ့ ရှေ့နေကတော့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာမိန့် ဆိုတာဟာ သမ္မတ လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်ပြီး ယွန်ဟာ စည်းမျဉ်းတွေ ချိုးဖောက်ခဲ့တာ မရှိဘူးလို့ ခုခံ ပြောဆိုထားပါတယ်။

ယွန်ရဲ့ ရှေ့နေအဖွဲ့က သမ္မတကို ဖမ်းဝရမ်း ထုတ်ခြင်းဟာ တရားမဝင်သလို လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်တဲ့ ကိစ္စလို့ ဇန်နဝါရီ ၁ ရက်နေ့မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း အဂတိ စုံစမ်းရေးရုံးရဲ့ အကြီးအကဲဖြစ်သူ အိုဒေါင်ဝန်က ယွန်ကို ဖမ်းဆီးလို့ မရအောင် ကူညီကာကွယ်ပေးနေသူတွေ ကိုယ်တိုင် တရားဥပဒေကြောင်းအရ ပြဿနာ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

အရင်က တောင်ကိုရီးယားမှာ လွှတ်တော်အမတ် တချို့ကို ဖမ်းဝရမ်း ထုတ်ခဲ့ဖူးပေမယ့် အဲဒီ ဖမ်းဝရမ်းရဲ့ သက်တမ်း ၇ ရက် မကုန်ခင် လက်တွေ့ အကောင်အထည် မဖော်နိုင်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို တောင်ကိုရီးယား တရားရုံးတစ်ခုက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

ရာထူးကနေ အလျှော့ပေး နုတ်ထွက်ဖို့ အစီအစဉ် မရှိဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတကို စွဲချက်တင် ဖမ်းဆီးနိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ရေး အမြဲတမ်း အထူးအကြံပေး ကော်မတီတစ်ခု ခန့်အပ် တာဝန်ပေးရေး ကိစ္စကို တောင်ကိုရီးယား လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ရုတ်တရက် ထုတ်ပြန် ကြေညာခဲ့တာနဲ့ ပတ်သက်လို့ တောင်ကိုရီးယား သမ္မတက တောင်းပန်စကား ပြောခဲ့ပြီး နောက်တစ်ကြိမ် ဒီလိုအဖြစ်မျိုး ထပ်မရှိစေရဘူးလို့ ကတိပြုသွားခဲ့ပါတယ်။

Facebook