close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ အလုပ်ရုံ၊စက်ရုံတွေက အမျိုးသားလုပ်သားစာရင်းကို စစ်တပ်တောင်းယူသွားလို့ ခေါ်ဆောင်ခံရပါကတာဝန်မယူနိုင်တဲ့အကြောင်း စက်ရုံတချို့ သတိပေး

ဝန်ထမ်းတွေရဲ့ပြောကြားချက်အရ စက်ရုံအလုပ်ရုံတိုင်းကို စစ်တပ်ကစာရင်းတောင်းတာမို့ လုပ်ငန်းရှင်တွေအားလုံးက ပေးထားရတာလို့ ဆိုပါတယ်။

(မန္တလေးတိုင်း၊ရမည်းသင်းအခြေစိုက် အမှတ် (၃)စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်းက စစ်မှုထမ်းအပတ်စဉ် (၇) ဖွင့်ပွဲမြင်ကွင်း။ ဓာတ်ပုံ - စစ်ကောင်စီ)
(မန္တလေးတိုင်း၊ရမည်းသင်းအခြေစိုက် အမှတ် (၃)စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်းက စစ်မှုထမ်းအပတ်စဉ် (၇) ဖွင့်ပွဲမြင်ကွင်း။ ဓာတ်ပုံ - စစ်ကောင်စီ)

ရှိန်း/People’s Spring

မန္တလေးမြို့က အလုပ်ရုံ၊စက်ရုံတွေမှာရှိတဲ့ အမျိုးသားလုပ်သားစာရင်းကို စစ်တပ်က တောင်းယူသွားပြီးနောက် စစ်မှုထမ်းခေါ်ဆောင်ခံရပါက တာဝန်မယူနိုင်တဲ့အကြောင်းစက်ရုံတချို့က သတိပေးထားတယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။

မန္တလေးမြို့က မြို့နယ် ခြောက်မြို့နယ်မှာရှိတဲ့ အထည်အလိပ်၊မုန့်၊ဘိလပ်မြေ၊အိမ်သုတ်ဆေး၊စက်မှုလက်မှု စတဲ့အလုပ်ရုံနဲ့စက်ရုံတွေကဆီကနေ အမျိုးသားလုပ်သားစာရင်းတွေကို ၂၀၂၄ ကတည်းက စစ်တပ်ကကောက်ယူသွားတာလို့ သိရပါတယ်။

ဝန်ထမ်းတွေရဲ့ပြောကြားချက်အရ စက်ရုံအလုပ်ရုံတိုင်းကို စစ်တပ်ကစာရင်းတောင်းတာမို့ လုပ်ငန်းရှင်တွေအားလုံးက ပေးထားရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဖြစ်လာရင် မတက်နိုင်ဘူး။ကိုယ့်ကိုယ်ကိုယ် သတိထားနေကြဆိုပြီး သတိပေးတယ်”လို့ အိမ်သုတ်ဆေးကုမ္ပဏီရဲ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အဲဒီကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူဟာ စစ်တပ်ထောက်ခံသူဖြစ်တာမို့ သူတို့ဝန်ထမ်းတွေကပိုပြီးစိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ပုသိမ်ကြီးမြို့နယ်က မုန့်စက်ရုံတစ်ရုံနဲ့ ပုလိပ်မြို့အနီးက စက်ရုံတွေကို စစ်တပ်က စစ်ကားတွေနဲ့ဝင်စီးနင်းပြီး ပေါ်တာဆွဲသွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကလည်း မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်က အလုပ်ရုံတစ်ခုကိုဝင်ပြီး အမျိုးသား၁၀ဦးခန့်ကို စစ်တပ်က ပေါ်တာဆွဲခဲ့တယ်လို့မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပဲခူးတိုင်း၊ ပြည်မြို့က ပုဂ္ဂလိကစာသင်ကျောင်းတွေက ကျောင်းသားစာရင်းကို စစ်တပ်က တောင်းယူသွားလို့ ကျောင်းသားမိဘတွေက စိုးရိမ်နေကြပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မန္တလေးတိုင်းက တစ်နိုင်ငံလုံးရဲ့ လူဦးရေ ၁၂ ရာခိုင်နှုန်းကျော်ရှိနေပြီး ဒုတိယ လူဦးရေ အများဆုံး ဒေသကြီး ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်ကောင်စီက ပျုစောထီးတွေကိုမွေးထုတ်ပြီး စစ်ကျန်လက်နက်တွေ တပ်ပေးသလို တဖက်မှာလည်း စစ်တပ်အတွက် တပ်သားသစ်စုဆောင်းတွေကို အဓမ္မနည်းလမ်းတွေ ပါ သုံးပြီး လုပ်ဆောင်နေတာပါ။

၂၀၂၄ ဖေဖော်ဝါရီလ၁၀ရက်မှာ စစ်မှုထမ်းဥပဒေပြဌာန်းခဲ့ပြီး​နောက် စစ်တပ်က စစ်သားသစ်ရဖို့ ၊လူဖမ်းပြီး ​ငွေညှစ်ဖို့ လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ပြီး နိုင်ငံအနှံ့ပေါ်တာဆွဲတာတွေ အတားအဆီးမရှိလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

သတင်း

မန္တလေးမြို့မှာ နှစ်သစ်ကူးညပွဲတော်ပြုလုပ်ဖို့အတွက် စစ်ကောင်စီက လုံခြုံရေးတွေအများကြီးချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်ညကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်က နေအိမ်ကို ပျူစောထီးအဖွဲ့က ဝင်ရောက်ဓါးပြတိုက်ခဲ့သေးသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက တော်လှန်ရေးရဲဘော်တစ်ဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

Facebook