ကျော်ဇော/People’s Spring
နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန် ကြီး ဦးရည်မွန် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း အမှတ်(၁) စစ်ဒေသကထုတ်ပြန်သည်။






PDF များ နှင့် ဒေသခံပြည်သူများ ပါဝင်ယှဥ်ပြိုင်သည့် အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ကကျင်းပခဲ့ခြင်းဖြစ်သည်။ပြိုင်ပွဲတွင် ဘောလုံး၊ ခြင်းလုံး၊ လွန်ဆွဲ စသည့် ကစားနည်းများပါဝင်ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်မတော်သားများနှင့်အတူ ဒေ သခံ ပြည်သူများပါ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။






အလားတူ ယခုနှစ်ဦးတွင် အမျိုးသားညီညွတ် ရေးအစိုးရ (NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းအား ထိုးစစ်ဆင်ချေမှုန်းလျှက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းသို့ သွားရောက်တွေ့ဆုံအားပေးခဲ့သေးသည်။

Public Service Announcement




ယခုကဲ့သို့ NUG အစိုးရ၏ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များမှ မြေပြင်စစ်ဆင် ရေးများဖော်ဆောင်လျှက်ရှိသည့် တော်လှန် ရေးတပ်ဖွဲ့ဝင်များထံ နွေးထွေးစွာ သွား ရောက်တွေ့ဆုံကြသည့်အပေါ် တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများက ချီးကျူးထောပနာပြုကြသည်။
