close
Connect with us

Hi, what are you looking for?

All posts tagged "The Call – ခေါ်သံ"

ကဗျာ

လေကွယ်ရာမီးညှိရသလို ဘဝကမလွယ်ဘူး အသက်ကမလွယ်ဘူး ဆေးလိပ်ကလေးဖွာချင်တော့လည်း ရအောင်ညှိရ မီးကူးရ အသက်ရှင်ချင်တော့ အသက်ကိုရအောင်ကူးရ မေတ္တာတရားကို ရအောင်ကူးရ တယောက်အရိပ်ဟာ တယောက်ကိုမိုးရင်း အေးမြကြရစမြဲ...။

Short Story

"နာမည်ပြောပါ"ဆိုတော့ လူနာက "မပြောလို့ မရဘူးလား"ဆိုပြီး ပြန်မေးတယ်။ သူနာပြုဆရာမလေးက လူနာကို မျက်စောင်းလှလှထိုးလိုက်တယ်။ "မပြောလို့တော့ မရဘူးရှင်။ ကျမတို့က လူနာစာရင်းသွင်းရမှာ"

ရသစာတမ်းငယ်

အိပ်မက်တွေဟာ လူတယောက်ကို ဘယ်လောက်အထိ ခြောက်လန့်တုန်လှုပ်စေနိုင်သလဲတော့ မပြောတတ်ပါဘူး။ တချို့အိပ်မက်တွေဟာ မြင်မက်လိုက်တဲ့ တခဏတာအတွင်းမှာပဲ လူကိုတုန်လှုပ်သွားစေနိုင်တာ ဖြစ်ပါတယ်။

ကဗျာ

◼️ရိုးငှက်အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်းငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာဒုက္ခတရားအပြည့်နဲ့ .. ။ လမ်းမကြီးကိုကြောက်ရွံ့‌မုန်းတီးရင်းကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်းကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။ ညတွေရဲ့ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာအိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်းမိုးလင်းမှာကို ကြောက်နေရတယ် ။ အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆိုစွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကိုပစ်ထားခဲ့ချင်ပြန်တယ် ။ ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကိုဗလာမျက်လုံးနဲ့ငေးနေရင်းအိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆိုစီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာဘေးနားမှာ ငိုချင်းချလို့ ။ ‌ဒါပေမယ့်လေပြန်စရာအိမ်တွေပြာဖြစ်သွားတဲ့လူတွေအကြောင်းရပ်ရွာတွေရှေ့က ကြယ်ဖြူနဲ့အုတ်ဂူတွေအကြောင်းခေါင်းထဲဝင်လာပြန်တော့တောက်ခေါက်သံပြင်းပြင်းနဲ့အံကြိတ်အားတင်းရပြန်တယ်။ ဒီလိုနဲ့ပဲ..မကျွမ်းကျင်မှုနယ်ပယ်မှာအသားကျအောင်နေဒုက္ခဆိုတာ‌တော့ငယ်ပေါင်းကြီးဖော်လိုပေါ့ ။ အတွေ့အကြုံအခြေအနေအရမာကြောကျွပ်ဆပ်နေတဲ့ကိုယ်ဟာအိမ်အကြောင်းတွေးမိတော့နှလုံးသားဟာဖန်သားပြင်လိုပဲမာပေမယ့်ကြည်လင်နေသေးတာတော့ကိုယ်တအံ့တဩ ။ အခိုက်အတန့်တစ်ခုမှာစိတ်ပါလက်ပါပြုံးမိတာတွေကမိသားစုထမင်းဝိုင်းတစ်ခုကရယ်သံလေးတွေကိုပြန်ပြောင်းမြင်ယောင်မိတာရဲ့တစ်ဝက်ပဲနွေးထွေးစေတာပါ။ ရည်မှန်းချက်တွေပြီးသွားလို့အိမ်ပြန်ရောက်တဲ့အခါအားလုံးရဲ့အပြုံးမျက်နှာတွေကိုအားပါးတရငေးရင်းအိမ်ကိုဘယ်လောက်လွမ်းကြောင်းမာကျောတဲ့ကိုယ်ဟာ မျက်ရည်ကျခဲ့မိကြောင်း‌ပြောပြမိမှာပါလေ ။...

ရသစာတမ်းငယ်

လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။

ရသ

ကျနော် ၆ တန်းနှစ်က နာရေးတခု လိုက်ပို့ဖူးတယ်။ အတန်းဖော်သူငယ်ချင်းရဲ့အမေ့နာရေးပါ။ သုဿန်က တမြို့လုံးနီးပါး အသုံးပြုနေတဲ့ သုဿန် ကျနော်တို့မြို့မှာတော့ နာမည်ကြီးပေါ့။ ၂၀၀၈ ဝန်းကျင်ဆိုတော့ သန့်ရှင်းမှုမရှိ သပ်ရပ်မှုမရှိဘဲ တကယ့်ကို စိတ်ခြောက်ခြားစရာရသ အပြည့်ပေးပါတယ်။

ကဗျာ

‘ကောက်ရိုးမီးဖြစ်ဖြစ် ဖွဲမီးဖြစ်ဖြစ် လောင်တာပဲ မစ္စတာဂေါ့ဒ်’

ကဗျာ

ချမ်းငြိမ်း သူ့မှာ ပုရစ်တကောင်လိုညအမှောင်ထဲ ရင်ကွဲအောင်ငိုနေသူ ရှိတယ်။ သူ့မှာ တောင်ပံတွေ တဖျပ်ဖျပ်စိတ်ဝိညာဉ် တလှပ်လှပ်နဲ့အိမ်အပြန်ခက်နေတဲ့ငှက်တေလေတကောင် ရှိတယ်။ သူ့မှာ ဖူးငုံတို့ ကြွေလွင့်စပယ်ဖြူလေး မုန်တိုင်းသင့်တဲ့ပန်းမပွင့်တဲ့ မုတ်သုံမိုး ရှိတယ်။ သူ့မှာ ရေသင့် မီးသင့်လေတိုးတိုင်း ပွင့်အက်သွားတဲ့ ဒဏ်ရာနဲ့အနာတရ နိုင်ငံတခုရှိတယ်။ သူ့မှာ …ဘီလူးသမိုင်းကိုအပိုင်းပိုင်းတစ်ခဲ့ဖူးတဲ့သက္ကရာဇ်...

Short Story

တောကိုကိုးကွယ်မိသော ကျနော်တို့ရဲ့ အသိစိတ်များက အလွမ်းတွေ မွတ်သိပ်လို့နေတာ ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း ရဲဘော်ဂျွန်နီနဲ့ ကျနော်က ဟောဒီစစ်ရှောင်ကိုရောက်ဖို့ ခြေထောက်တွေကို စစ်မြင်းတကောင်ရဲ့အားနဲ့ မောင်းနှင်နေကြတယ်။

Facebook