close
Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ ကျောင်းသားတွေ ကတုံးဆံထောက်ကေနဲ့မှကျောင်းအပ်လို့ရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

(မိတ္ထီလာ အထက ၁ ကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

မေ-၃၀၊၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

မိတ္ထီလာမြို့၊ အ.ထ.က (၁)မှာ ကျောင်းအပ်နှံဖို့ သွားရောက်တဲ့ ကျောင်းသားတွေဟာ ဆံပင်ကို စနစ်တကျသပ်သပ်ရပ်ရပ်ညှပ်သွားပေမဲ့ ကျောင်းဘက်က လက်မခံဘဲ ဆံပင်ပြန်ညှပ်ခိုင်းတာ၊ ၎င်းတို့လိုချင်တဲ့ ဆံပင်ပုံစံမဟုတ်ရင် ကျောင်းအပ်ဖောင် ထုတ်မပေးတာတွေ ပြုလုပ်နေကြောင်း ကျောင်းသားမိဘအချို့က ပြောပါတယ်။

အချို့ကျောင်းသားတွေဆိုရင် ဆံပင်ပုံစံ အဆင်မပြေလို့ဆိုပြီးနှစ်ကြိမ်ကနေသုံးကြိမ်အထိ ပြန်လည်ညှပ်ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အခုဟာက ကတုံးဆံထောက်မှမဟုတ်ရင် လက်မခံတဲ့ ပုံစံကိုဖြစ်နေတယ်။ အခုဟာက အရမ်းဆိုးရွားနေရင်ထားပါတော့ ။ ကျောင်းသားနဲ့ မတူရင်ထားပါတော့။ ကျောင်းအပ်မှာမို့ကြိုပြီး ဆံပင်ညှပ် သပ်သပ်ရပ်ရပ် နဲ့ ကျောင်းကိုသွားအပ်ပါတယ်။ တချို့ဆို၂ ခေါက်၃ ခေါက်ပြန်ညှပ်ခိုင်းပါတယ်။” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ဆံပင်ကို ကတုံးဆံထောက် ညှပ်လိုက်တာကြောင့် စာပိုတော်လာမှညမဟုတ်ဘဲ ထိုကဲ့သို့ အသေးအဖွဲ ကိစ္စရပ်တွေအပေါ် ဖိအားပေးတာဟာ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ကြောင်း ကျောင်းသားမိဘတွေက ဝေဖန်ပါတယ်။

စစ်ကောင်စီဟာဒီနှစ်စာသင်နှစ်မှာအရွယ်အလိုက်ရှိရမယ့်အတန်းတွေသတ်မှတ်လိုက်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုကာ အတန်းကျော်ပေးဖို့ စီစဥ်နေပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ၃ရက်အတွင်း အမျိုးသား ၂ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ မော်တော်ဆိုင်ကယ်တွေကို လိုင်စင်ဒစ်စ်ဝိုင်းမိတ္တူ တင်ပြနိုင်မှသာ ရောင်းချပေးတော့မယ်လို့ သတင်းရရှိပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီက ၉တန်းကျောင်းသားတစ်ဦးကိုဖမ်းဆီးသွားပြီး ငါးရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘဲ အဆက်အသွယ်ပြတ်နေတဲ့အတွက် မိသားစုဝင်‌တွေနဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။