close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ်က ကျေးရွာတွေပိတ်ဆို့ပြီး စစ်တပ် စစ်ကြောင်းထိုး၊ပြည်သူတွေ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၂၀၂၅ ဩဂုတ်နောက်ဆုံးပတ်က လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ ဘုတလင် မြို့နယ် အနောက်ခြမ်း သခွတ္တနယ်ကျေးရွာက ဆီဆိုင်တစ်ခု။ ဓာတ်ပုံ- Budalin Mobile Team-BMT)

မေ-၃၀၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေတတိယအပတ်ကစတင်ကာ ဘုတလင်မြို့ပတ်ပတ်လည်ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး မြို့ရဲ့ မြောက်ဘက်ကမြောက်ကျီကျေးရွာကိုတပ်စွဲထားတာ ၂ပတ်ခန့်ရှိပြီလို့ သိရပါတယ်။

စစ်တပ်က မြောက်ကျီရွာကနေ တဆင့်အနီးပတ်ဝန်းကျင် ကျေးရွာတွေ စစ်ကြောင်းထိုးတာ၊လက်နက်ကြီးနဲ့ပစ်ခတ်‌‌တာ တွေလည်းပြုလုပ် နေတယ်လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ဒီရွာထဲမှာ အများဆုံးပြည်သူတွေပိတ်မိနေတာရှိတယ်။အဲဒီလူတွေက အခု သူတို့ကို(စကစ)ကို ထမင်းချက် ကျွေးနေရတယ်လို့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ဘုတလင်မြို့မြောက်ဘက်က မြောက်ကျီ၊နှောရင်း၊သပြေ‌ေတာ၊ထတန်းရွာ တွေအပါအဝင် ကျေးရွာ ၁၅ရွာခန့်က ပြည်သူ သောင်းနဲ့ချီပြေး နေရတယ်လို့ သိရပါတယ်။

“ ဘုတလင်ကို ဆေးရုံ၊ဆေးခန်းတွေ စာသင် ကြောင်းဖွင့်ဖို့ရာ ရည်ရွယ်ချက်တွေရောကြောင့်ထင်တယ်ဗျ။ဒါကြောင့်မို့ မြို့ပတ်ချာလည် နယ်မြေ ရှင်းလင်းတဲ့ သ ဘောရှိတယ်” လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက လည်းပြောပါတယ်။

ဒီနေ့ မေလ ၃၀ရက်မှာလည်း သပြေတောရွာက နေ အင်အား ၃၀လောက်က အနောက်ဇီးတောရွာဝင်ရောက်နေသလို ရေအိုးစဉ်ဂိတ်က နေတဆင့် မြောက်ဘက်ကို စစ်ကား၂စီးနဲ့ စစ်ကြောင်းပတ် ထိုး နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ကို ဖမ်းမိထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကထပ်မံစစ်ကြောင်းထိုးဖို့ အင်အားဖြည့်လာတယ်လို့ ပကဖ ပြော

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀နီးပါးက ပြည်သူပေါင်း ၂၄၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။