close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်လုံးကြီးစခန်း သိမ်းတိုက်ပွဲ စစ်တပ် အားလုံးနီးပါး ထွက်ပြေး

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

(စစ်တပ်ရဲ့ကျောက်လုံးကြီးစခန်း သိမ်းတိုက်ပွဲအပြီး မြင်ကွင်းများ။ ဓာတ်ပုံ - KNU-MTD)

မေ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်(ပုလောမြို့နယ်) လယ်ဖဒို(ကျောက်လုံးကြီး)ရွာ အခြေစိုက်စစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ရာ တပ်စခန်းရှိ အင်အား ၈၀ ကျော်အနက် အားလုံးနီးပါး ထွက်ပြေးသွားတယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်လုံးကြီးစခန်းကို မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့ကြောင်း အသိပေးထားပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းရာ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က “သေဆုံးမှုတွေရှိတယ်။ ထွက်ပြေးတာတော့ ပိုများတာပေါ့နော်။ အင်အား ၈၀ ကျော်မျာ အကုန်လုံးနီးပါး ထွက်ပြေးတာပေါ့။ ဒါပေမဲ့ လက်နက်ရိက္ခာအချို့ သိမ်းဆည်းရမိတာပေါ့” လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းအောင်မြင်မှုနဲ့ပတ်သက်ပြီး KNU မြိတ်ထားဝယ်ခရိုင် ဥက္ကဋ္ဌနဲ့ KNLA တပ်မဟာ(၄) တပ်မဟာမှူးတို့က ကျေးဇူးတင် ဒဂုဏ်ပြုလွှာ ထုတ်ပြန်ခဲ့ရာ တိုက်ပွဲဝင် ရဲဘော်တွေ၊ အားပေး ကူညီသူတွေ ဆုတောင်းပေးသူတွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။

ကျောက်လုံးကြီး ကျေးရွာအလယ်နဲ့ ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းကုန်းမှာ နှစ်ပေါင်း ၂၀ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNU၊ KNLA တပ်မဟာ ၄, အမှတ်(၁)ဗျူဟာလက်အောက်ခံ KNDO တပ်ရင်း(၇), KNLA တပ်ရင်း(၁၁, ၂ဝ၃)၊ တပ်မဟာ(၄) Drone အဖွဲ့ တပ်ဖွဲ့ဝင်များနဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုများ၊ ပြည်သူများကို မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄)က ဂုဏ်ပြုခဲ့တာပါ။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်လိုတဲ့ လူငယ် ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ကြောင်း ဖော်ပြထားပါတယ်။

စုပေါင်းညီညွတ်သောအင်အားဖြင့် အခုကဲ့သို့ အောင်ပွဲရရှိစေရန် အဘက်ဘက်မှ ကူညီပံ့ပိုးသူ များ ၊ မိမိတို့ တိုက်ပွဲဝင် ရဲဘော်များဘေးရန်ကင်းဝေးစေရန်အတွက် ဝိုင်းဝန်း ဆုတောင်း မေတ္တာပို့သ၍ စိတ်ဓါတ်ခွန်အား ပံ့ပိုးပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ဂုဏ်ပြုတယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

​အာဏာသိမ်းစစ်တပ်က အညာဒေသမှာ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အပေါ် မဘသအဖွဲ့ခေါင်းဆောင်ဟောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက လူမှုကွန်ရက်ကနေဝေဖန်လိုက်ပြီး မီးရှို့မှုတွေ ချက်ချင်းရပ်တန့်ဖို့ မေလ ၂၉ ရက်က တောင်းဆိုလိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက်လုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။