close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံမှာ ပလုံကောက်တဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Tun Myat Nyunt/FB)

မေ-၃၀၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

မေလ ၃၀ရက် ည ၁၂ နာရီလောက်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ပလုံကောက်တဲ့ အမျိုးသမီးသေဆုံးသွားခဲ့တာပါ။

သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ဒဏ်ရာရတဲ့ ကလေးကို မြောက်ဥက္ကလာပဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီးရဲ့ အလောင်းကို ဆေးရုံကနေ ကျီစုသုဿန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်တိုက်မှုဖြစ်တဲ့ကားကတော့ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က အမှိုက်ပုံတွေမှာ စည်ပင်ဝန်ထမ်းတွေ မရှိချိန်မှ ပလုံကောက်ခွင့်ရတာကြောင့် ပလုံကောက်သူတွေက ညဘက်မှသာ ပလုံကောက်ကြရဝာာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောထားပါတယ်။

ရန်ကုန်မြို့မှာ မေလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူသေဆုံးမှုတွေများပြားနေပြီး ပြီးခဲ့တဲ့ရက်ကလည်း တညင်းကုန်းဈေးရှေ့မှာ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ သင်္ကြန်ရေပက်ခံကားတစ်စီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးရှိတယ်လို့ Yangon Rescue Organization (YRO)က အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် (၃၇)ရပ်ကွက်မှာ အသက်(၃၀)ခန့်အရွယ် အမျိုးသားတဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအဖွဲ့ဝင်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်၊ မြောက်ဒဂုံက အကယ်ဒမီရွှေဆိုင်ဓါးပြတိုက်ခံရချိန် ဝန်ထမ်းတွေ စုပေါင်းဖမ်းဆီးလို့ ကျူးလွန်သူတွေထဲက တစ်ဦးကို ဖမ်းမိခဲ့ကြောင်း သတင်းရရှိပါတယ်။