close
Connect with us

Hi, what are you looking for?

သတင်း

လူမစည်တော့တဲ့ ရန်ကုန် ၁၉ လမ်း

စစ်တပ်က ရက် ၁၀၀ စီမံချက်ဆိုပြီး ရန်ကုန်မြို့ထဲကလမ်းမတွေပေါ်ကို ဆိုင်ဖွင့်ခွင့်မပေးတာကြောင့် ညဘက်တွေမှာ စည်ကားလေ့ရှိတဲ့ရန်ကုန်မှာလူသိများတဲ့ ၁၉ လမ်းမှာ ခြောက်ကပ်နေပါတယ်။

မေ-၂၈၊၂၀၂၆။ရောင်နီ/People’s Spring

စစ်တပ်က ရက် ၁၀၀ စီမံချက်ဆိုပြီး ရန်ကုန်မြို့ထဲကလမ်းမတွေပေါ်ကို ဆိုင်ဖွင့်ခွင့်မပေးတာကြောင့် ညဘက်တွေမှာ စည်ကားလေ့ရှိတဲ့ရန်ကုန်မှာလူသိများတဲ့ ၁၉ လမ်းမှာ ခြောက်ကပ်နေပါတယ်။

လမ်းမပေါ်မှာ ဆိုင်ဖွင့်ခွင့်မရတာကြောင့် လမ်းမပေါ်မှာရှင်းလင်းနေပြီး ဆိုင်အများစုမှာလည်း လူအနည်းငယ်သာ စားသောက်နေကြတာတွေ့ရပါတယ်။ဆိုင်အများစုက ဝန်ထမ်းတွေက ဧည့်သည်ခေါ်ဖို့ ဆိုင်ရှေ့တွေအထိထွက်နေကြတာကိုလည်း ​တွေ့ရပါတယ်။

လသာမြို့နယ်က၁၉ လမ်းသာမကပဲ ‌လမ်း ၂၀ ဘက်မှာလည်း ည ဦးပိုင်းမှာတင်လူတွေရှင်းလင်းနေတာပါ။လမ်း၂၀ ကနာမည်ကြီးတဲ့ ဆန်ပြုတ်ဆိုင်မှာ လူရှင်းနေသလို အခြားဆိုင်တွေမှာလည်း စားသုံးသူတွေ မရှိပါဘူး။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့မှာ စစ်မှုထမ်းအကြောင်းပြ ပေါ်တာဆွဲတာနဲ့ လူငယ်တွေကို အဓမ္မဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာကြောင့် လူတွေရှင်းနေတာလည်းဖြစ်နိုင်ပါတယ်။

ရန်ကုန်မြို့မှာ ရက် ၁၀၀ စီမံချက်ခေါင်းစဉ်နဲ့ မြို့နယ်တိုင်းမှာ လမ်းဘေးဈေးဆိုင်တွေကိုလည်း မထွက်ဖို့စစ်တပ်လက်အောက်ခံ စည်ပင်တွေက ဖိအားပေးနေတာပါ။လမ်းဘေးဈေးသည်တွေကို ရှင်းလင်းတာက အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုကြီးပြီး စီမံချက်လာချိန်ဆို ဆိုင်တွေ မခင်းပဲ ပြေးနေရတယ်လို့ လမ်းဘေးဈေးသည်တစ်ဦးကပြောပါတယ်။

ဒါ​ပေမယ့် ပြည်သူအချို့က​တော့ စစ်တပ်လက်​အောက်ခံဌာန​တွေဟာ​နေရာအချို့မှာသာလုပ်ရဲပြီး တရုတ်တန်းလို​နေရာ​တွေမှာ​တော့မလုပ်ရဲဘူးလို့​ပြော​နေကြပါတယ် ။

စစ်တပ်က ရန်ကုန်အပါအဝင် စစ်တပ်ထိန်းချုပ်မှု​အောက်ကမြို့ရွာ​တွေမှာ အခုနှစ်ပိုင်း စည်ကား​ပျော်ရွှင်​နေကြတယ်ဆိုတဲ့ပုံရိပ်ကိုပြသဖို့ ဘုရားပွဲ​တော်​တွေ ၊ဇာတ်ပွဲ​တွေ ၊​ဘောလုံးပွဲ​တွေ ၊အားကစားပြိုင်ပွဲ​တွေ ၊​ မာရသွန်အ​ပြေးပြိုင်ပွဲ​တွေ စတဲ့​ပျော်ပွဲရွှင်ပွဲ​တွေကို အကြိမ်ကြိမ်လုပ်ခိုင်းခဲ့ပါတယ်။အခုအခါမှာလည်း ရက် ၁၀၀ စီမံချက်ဆိုပြီး ဆိုင်​တွေကိုလမ်း​ပေါ်ထွက်​ရောင်းတာကိုတားမြစ်ပြန်တာဖြစ်ပါတယ်။

ရန်ကုန် ၁၉ လမ်းဟာ ရန်ကုန်မှာညပိုင်းအချိန်​တွေမှာ ပြည်တွင်းသာမက နိုင်ငံခြားသား​တွေပါဘီယာဆိုင်ထိုင်သူ​တွေ ၊ စား​သောက်သူ​တွေနဲ့​ စည်ကား​လေ့တဲ့လမ်းဖြစ်ပြီး အခုလိုစစ်တပ်ကလုပ်တာ​ကြောင့် ရန်ကုန် Night Life ​ပျော်ရွှင်စရာပိုနည်းလာပြီဆို ပြည်သူအချို့ကဆိုပါတယ်။ ဒါ​ပေမယ့်တချိန်တည်းမှာ အခုလပိုင်းအတွင်း ရန်ကုန်မှာ ညမထွက်ရအမိန့်ကိုစစ်တပ်ကရုပ်သိမ်းတယ်ဆိုပြီး ​ပေါ်တာဆွဲတာ​တွေပိုဆိုးဝါးလာလို့ ပြည်သူ​တွေအတွက်ရန်ကုန်ည​တွေဟာ ပိုအန္တရာယ်များလာတယ်လို့ပြည်သူ​တွေက​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့အခုအစီအစဥ်အ​ပေါ် စာဖတ်သူ​တွေရဲ့အမြင်ကိုလည်းမှတ်ချက်မှာ ​ဆွေး​နွေးနိုင်ပါတယ် ။

ဓါတ်ပုံ-PS

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြီးခဲ့တဲ့ မေလ တတိယပတ်အတွင်းက ည၈ နာရီလောက်မှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မှာနေတဲ့ စစ်ကောင်စီထောက်ခံတဲ့ အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်လေးနဲ့ အမှတ်၂ လမ်းမကြီးပေါ်ကနေ မောင်းလာခဲ့တယ်။ ရိုးမရိပ်သာလမ်းအနီးအရောက်မှာ လူ ၃ ယောက်က သူ့ကိုတားပါတယ်။ အရပ်ဝတ်လား၊ ယူနီဖောင်းနဲ့လားဆိုတာကိုတော့ သူက ပြောမသွားပါဘူး။ လမ်းတဘက်ခြမ်းမှာလည်း ၃...

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

ရန်ကုန်မြို့အထိ သက်ရောက်စေတဲ့ နောက်ထပ်ငလျင်တစ်ခု ကွမ်းခြံကုန်းမြို့အနီး မြန်မာ့ကမ်းရိုးတန်းအနီးမှာဒီကနေ့ ညနေ ပိုင်းက ထပ်မံလှုပ်ရှားသွားပါတယ်။

သတင်း

ရန်ကုန်မြစ်ဝအနီးကို ဗဟိုပြုပြီး ဒီ​နေ့မနက်မှာ ရစ်ခ်တာစကေး ၅ ဒဿမ ၃ အဆင့်ရှိတဲ့ငလျင်ကြောင့်လှုပ်ခတ်သွားပြီး ရန်ကုန်မြို့နယ်အများစုမှာ သိသာတဲ့ငလျင်ဒဏ်ခံစားခဲ့ရပါတယ်။

Facebook