close
Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူ ၆ဦး သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးချကာ ကျေးရွာတွေကို စီးနင်းတာကြောင့် ပြည်သူ ၆ဦး သေဆုံးခဲ့ပြီး စစ်တပ် စစ်ကြောင်းက ဒီနေ့အထိ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရေလည်သောင်ရွာကို တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ရဲ့ အသေခံဒရုန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)

မေ-၂၉၊ ၂၀၂၆။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးချကာ ကျေးရွာတွေကို စီးနင်းတာကြောင့် ပြည်သူ ၆ဦး သေဆုံးခဲ့ပြီး စစ်တပ် စစ်ကြောင်းက ဒီနေ့အထိ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ၂၇ရက်က ငါန်းဇွန်မြို့ဘက်ကနေ ပျူစောထီးနဲ့ စစ်တပ်အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ငါန်းဇွန်-မြင်းမူလမ်း(တာဘောင်)လမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး သပြေသာ၊ ငါးလွန့်ရွာတို့ကို ဝင်ပြီး ပစ္စည်းတွေယူကာ ပတ်ဝန်းကျင်ကို ဒရုန်းနဲ့ ဗုံးတွေ လိုက်ချခဲ့တာလို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ပြည်သူတွေဟာ ကုလားရွာနဲ့ ဓာတ်တော်ရွာတို့ကဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ကာကင်းကို ဝင်ပစ်ချိန်မှာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

“ သီတာယုမွန် ပျူတွေ၊ ကွန်မန်ဒိုစစ်ကြောင်း၊ စစ်သားနည်းနည်းနဲ့ ထိုးလာတယ်လို့ သိရတယ်။ အရင်ကတော့ ဒီဘက်ခြမ်းမှာ မကြာခဏတိုက်ပွဲဖြစ်တာရှိတယ်။ အခုလို ရက်ရှည်တပ်စွဲတာတော့ ဒါပထမဆုံးပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ အဲဒီရွာမှာပဲ တပ်စွဲထားဆဲဖြစ်ကာ ပြည်သူအလောင်းတချို့ကိုလည်း မကောက်ယူနိုင်‌ခဲ့ဘူးလို့ သိရပါတယ်။

မေလ ၂၈ရက် မနေ့ကလည်း စစ်တပ်က ရေလည်သောင်ကျေးရွာကို အသေခံဒရုန်းနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ရေလည်သောင်ရွာကို မနေ့က နှစ်စီးကြဲတာ။ စစ်ရှောင်တွေ ရှိတဲ့ဘက်ပေါ့။ မနေ့ကတော့ အထိခိုက်မရှိဘူး”လို့ သူက ဆိုပါတယ်။

လက်ရှိလည်း အဲဒီစစ်ကြောင်းဟာ ကုလားရွာကျေးရွာအုပ်စုကို တပ်စွဲပြီး အနီးနားကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲကာ ပြည်သူတွေရဲ့ နေအိမ်ကပစ္စည်းတွေကို လုယက်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ တိုးလာတဲ့နောက် မြို့တော် မော်စကိုရဲ့ အထပ်မြင့် တိုက်ခေါင်မိုးတွေမှာ ရုရှားက လေကြောင်း ကာကွယ်ရေး စနစ်တွေ အလျင်အမြန် တိုးချဲ့ တပ်ဆင်နေကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း ၃၀၀၀ ထပ်မံပို့မယ်လို့ သတင်းထွက်ပေါ်နေပြီး စစ်မြေပြင်ရောက်လာရင်အလင်းဝင် လက်နက်ချကြဖို့ ကချင်ဒေသကာကွယ်ရေးတပ်မတော်(KPDF)နဲ့ နီးစပ်သူတွေက သတိပေးပါတယ်။

သတင်း

ကချင်ဒေသ အခြားနေရာ ၅ခုမှာလည်း စစ်ရေးတင်းမာနေဟု KIA ပြော

Facebook