close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ ပျူတွေကြောင့် သက်ကြီးအမျိုးသမီးတစ်ဦး ထိတ်လန့် သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ပြီးခဲ့တဲ့ ဧပြီအတွင်းက ဖက်ပင်အိုင်ရွာကိုစစ်တပ်မီးရှို့ဖျက်ဆီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ-CJ)

မေ-၂၉၊ ၂၀၂၆။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၈ရက် မနေ့က ဆုံရွာက ပျူစောထီးတွေဟာ ဖက်ပင်အိုင်ရွာကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ အရွယ် ဒေါ်နီ ထိတ်လန့်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပျူစောထီးတွေဟာ ကျေးရွာက နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာရဲ့ အရှေ့ဘက်မှာ တောင်ယာလုပ်နေတဲ့ ပြည်သူတစ်ဦးရဲ့ နွားနှစ်ကောင်ကိုလည်း ဖြုတ်ယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြင်းခြံမြို့နယ် အရှေ့တောင်ခြမ်းမှာလည်း မြင်းခြံမြို့ထဲက ထွက်လာတဲ့ စစ်ကြောင်းဟာ မေလ၂၇ ရက်မှာ ကန်ဆင့်ရွာက ‌‌ ဒေသခံတွေရဲ့ ကြက်သွန်နီတွေကို ဖောကား ၄စီးနဲ့ မြင်းခြံမြို့ဘက်တိုက်ထုတ်ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ ကန်ဆင့်ရွာက ကြက်သွန်အဓိကစိုက်တာဆိုတော့ အိမ်တိုင်းကြက်သွန်တွေရှိကြတယ်။ အဲတာတွေကို ဈေးတက်မှ ရောင်းဖို့ လှောင်ထားကြတာတွေ အကုန်သယ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ပြီး စစ်ကြောင်းဝင်လာချိန် ပြေးဖို့လုပ်နေတဲ့ အမျိုးသမီးတစ်ဦးလည်း ဖမ်းခံရပြီး ရွှေ ၁၅ကျပ်သားနဲ့ ငွေသားတွေကို လုယူသွားကုတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ မြင်းခြံမြို့ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြင်းခြံမြို့နယ်က ကျေးရွာတွေကို၂၀၂၅ခုနှစ် ဩဂုတ်ကတည်းက ဆက်တိုက် ပစ္စည်းယူ၊ လုယက်မီးရှို့တာတွေပြုလုပ်နေပြီး ဒီနေ့အထိ ကျေးရွာတွေကို စစ်ကြောင်းထိုးလုယက်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က ​မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်​​ကြောင့် မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ ဘယ်​​​လောက်​သောင်းကျန်း​နေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook