close
Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ ပျူစောထီးတွေက ပြည်သူတွေဖမ်းပြီး ရိက္ခာနဲ့ ပြန်ရွေးခိုင်းနေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

(၂၀၂၁ ဖေဖော်ဝါရီက ရေစကြိုမြို့ပေါ်မှာ အေးချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

မေ ၂၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ရက် မနက် ၈နာရီခန့်က ရေစကြိုမြို့နယ်၊ မင်းရွာက ပျူစောထီးတွေဟာ ကိုင်းရွာနဲ့ ငတရော်ကျေးရွာကြားကို ရောက်ရှိလာပြီး တောင်ယာလုပ်‌နေတဲ့ ပြည်သူတွေဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီဖြစ်စဥ်မှာ တောင်ယာလုပ်နေတဲ့ မင်းရွာက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး၊ ကိုင်းရွာက အမျိုးသမီး ၁ ဦးနဲ့ ငတရော်ရွာက အမျိုးသား ၂ ဦး စုစုပေါင်း ၈ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မင်းရွာက ပျူစောထီးတွေဟာ ရိက္ခာပြတ်ရင် အနီးဝန်းကျင်ရွာတွေကိုသွားပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးကာ မိသားစုဝင်တွေကို ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ ငွေကြေးတွေနဲ့ ပြန်ရွေးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဆန်၊ ဆီတင်မကဘူး အရက် ဘီယာတွေရော တောင်းတယ်လို့သိရပါတယ်။ ငတရော် ၂ ဦးတော့ ပြန်လွတ်လာတယ်လို့သိရပါတယ်။ ကျန်လူတွေတော့ မသိရသေးဘူး။” လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရေလယ်ကျွန်းဒေသ လက်နက်ကိုင်ပျူစောထီးတွေ စခန်းချတပ်စွဲထားတဲ့ မင်းရွာကျေးရွာရဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ ယခုလိုဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ရေစကြိုနယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာလည်း အာဏာသိမ်းစစ်တပ်က မြို့ပေါ်နဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်သားနဲ့ ပျူစောထီးတွေ တွင်းမပျူရွာဘက် ထွက်ပြေး

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်က အာဏာသိမ်းစစ်တပ် အထိုင်ချထားတဲ့ ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ Tiktok ဆယ်လီတစ်ဦးက စီးပွားရေးသမားချင်းဖြစ်တဲ့ပြဿနာကို သူ့ဆိုင်ရှေ့မှာ စစ်တပ် လက်နက်တပ်ဆင်ပေးထားတဲ့ လူမိုက်တွေခေါ်ယူကာ အင်အားပြခဲ့ပါတယ်။