close
Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ အိမ်စီးကားမှောက်ပြီး အမျိုးသမီး ၂ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဓာတ်ပုံ - MFSD

မေ-၂၅၊၂၀၂၆။တေဇ/People’s Spring

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့(မေ ၂၅) မနက် ၉နာရီခွဲလောက်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့တာပါ။

“ သူတို့က မိတ္ထီလာကနေ မန္တလေးကို သွားမှာ။ ကားက မိုင်တိုင် ၃၃၃/၇ ဖာလုံအရောက်မှာ ညာဘက်ဘီးပေါက်ပြီး လမ်းဘေးကိုထိုးကျသွားတာ ။ ထိုးကျသွားတဲ့ အရှိန်က များတာဖြစ်တဲ့အတွက် ကားပေါ်မှာပါလာတဲ့သူ‌တွေအကုန်လွင့်ထွက်ကုန်တာ။” လို့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားပေါ်မှာ လူကြီး ၃ဦးနဲ့ ကလေး ၃ဦး လိုက်ပါလာတာဖြစ်ပြီး အသက် ၆၀ ကျော် နဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ဦးကတော့ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲက အသက် ၉ နှစ်ရွယ်ကလေးတစ်ဦးကိုတော့ စိုးရိမ်ရတဲ့အေခြအနေနဲ့ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံကို အချိန်မီတင်ပို့နိုင်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

ကျန်တဲ့ ယာဉ်မောင်းနဲ့ကလေး ၂ဦးကတော့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ဘီးပေါက်လို့ ယာဉ်နောက်လိုက်က ကားအောက်ဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကအသိပေးထားပါတယ်။

သတင်း

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံမှာ ဒီနေ့ (မတ်လ ၂၈ ရက်) မနက်ပိုင်းက အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့် ကားပေါ်မှာ ပါလာသူသုံးဦးသေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း

ရန်ကုန် -မန္တလေးလမ်းဟောင်းကနေ နေပြည်တော်ကိုသွားတဲ့ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အမြန်လမ်းမှာ PDFရဲဘော်တွေကို အမြန်တိုက်ဖို့ အားပေးခဲ့တဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေက အောင်ပွဲခံသတင်းဖြန့်နေပါတယ်။