မတ် – ၂၈ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံမှာ ဒီနေ့ (မတ်လ ၂၈ ရက်) မနက်ပိုင်းက အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့် ကားပေါ်မှာ ပါလာသူသုံးဦးသေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သံဃာတော်တစ်ပါး၊ အမျိုးသား သုံး ဦးနဲ့ အမျိုးသမီး တစ် ဦး စုစုပေါင်း ငါးဦးလိုက်ပါလာတဲ့အိမ်စီးကားဟာ အမြန်လမ်းမှာဒီနေ့ မနက် ၆ နာရီခန့်မှာ တိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာတဲ့ သံဃာတော်နဲ့ အမျိုးသား ၂ဦး စုစုပေါင်း သုံးဦး သေဆုံးပြီး ကျန်နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရသွားပါတယ်။

Public Service Announcement
သေဆုံးသူတွေထဲမှာ အသက် ၁၃ နှစ်အရွယ်ကလေး တစ်ဦးလည်းပါဝင်ပါတယ်။
ထိခိုက်ဒဏ်ရာရသူနှစ်ဦးကလည်းစိုးရိမ်ရတဲ့အတွက်နေပြည်တော်ကုတင် တစ်ထောင်ဆေးရုံဆီ ပို့ဆောင်ပြီး ဆေးဝါးကုသနေရတယ်လို့သိရပါတယ်။




















































