close
Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ စစ်တပ်က ပေါ်တာဆွဲကြမ်းနေလို့ လူသွားလူလာနည်းပါးနေ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေလို့ လူသွားလူလာနည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

(လူသွားလူလာကျဲပါးနေသော ပခုက္ကူမြို့တွင်းတနေရာကို တွေ့ရစဥ်။ ဓါတ်ပုံ-Cj)

မေ ၂၅၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေလို့ လူသွားလူလာနည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလလယ်ကစပြီး ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်ဟာ နေ့ခင်းကြောင်တောင်မှာ လူငယ်၊လူရွယ်တွေကို ပေါ်တာဆွဲနေလို့ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ အသက်နဲ့လည်း မဆိုင်ဘူး။ လေးဆယ်ကျော်လည်း ဆွဲနေတာ။ မြင်မြင်သမျှ ဆွဲတဲ့သဘောဖြစ်နေတယ်” လို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ အတိအကျမသိရပါဘူး။

စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် မြို့ပေါ်နေလူငယ်တွေလည်း အပြင်မထွက်ရဲတော့ကြောင်း၊ ဒါ့အပြင် ဒေသတွင်းကျေးရွာတွေကပါ မြို့ပေါ်တက်စျေးလာဝယ်တာတွေ မရှိတော့တာကြောင့် အရောင်းအဝယ်တွေပါ ကျဆင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အခုတော့မြို့ပေါ်မှာ ခြောက်သွေ့နေတယ်။အသွားအလာတွေနည်းတယ်” လို့ ပခုက္ကူနယ်အခြေစိုက် Cobra One တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

မြို့ပေါ်မှာ ပေါ်တာဆွဲလို့ လူနည်းနေပေမဲ့ စစ်တပ်ကတော့ သီဟိုဠ်ရှင်ဘုရားပွဲကို ဇာတ်ပွဲတွေနဲ့အတူ မနေ့ညကစတင်ကာ ကျင်းပနေပြီး စမ်းရေမိုးအပါအဝင် ဇာတ်အဖွဲ့ ၃ ဖွဲဲ့ ပါဝင်တယ်လို့ သိရပါတယ်။

အလားတူ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာလည်း စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာအများအပြားက ပြည်သူတွေ တိမ်းရှောင်နေရပြီး ပြည်သူ ၅ ဦးထက်မနည်း သတ်ဖြတ်ခံထားရကာ ကျေးရွာ၇ ရွာထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်း အပတ်စဥ် (၂၅)ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပြည်မြို့မှာ နေအိမ်ပေါ်တက်ပြီး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်ပေါ်တက် ပေါ်တာဆွဲခံလိုက်ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းပေါ်တာဆွဲတဲ့အလုပ်ကို သူ့လွှဲပေးဖို့နဲ့ စစ်တပ်အလိုရှိသလော​က် ပေါ်တာဆွဲပေးမယ်လို့ ပေါက်ကိုယ်တော်က ပြောဆိုလိုက်ပါတယ်။

သတင်း

မေလအတွင်းမှာ စစ်တပ်က စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ပြည်သူတွေကို အိမ်ပေါ်အထိတက်ဆွဲတဲ့ ဖြစ်စဉ်တွေ များလာတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်‌ပြပေးနေတဲ့ Rangoon Scout Network-RSN အဖွဲ့ သတင်းတာဝန်ခံကပြောပါတယ်။