close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘယ်စစ်ပွဲကိုမှ ဘုရားသခင်က ကောင်းချီးမပေးဘူးလို့ ပုပ်ရဟန်းမင်းကြီးဆို

ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတဲ့ စစ်ပွဲတွေမှာ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချနေတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးဘူးလို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတဲ့ စစ်ပွဲတွေမှာ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချနေတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးဘူးလို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဧပြီ ၁၀ ရက်နေ့တုန်းက Xမှာ ပုပ်ရဟန်းမင်းကြီး လီယို ရေးသားထားတဲ့ ပို့စ်မှာ ဘယ်သူ့ကို ရည်ညွှန်းသလဲဆိုတာ နာမည် တပ်မထားခဲ့ပါဘူး။ ဒါပေမဲ့ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဟာ ခရစ်ယာန် ဘာသာရေးနဲ့ ဘုရားသခင်အတွက် ဆိုတာမျိုး ရည်ညွှန်း သုံးနှုန်းခဲ့တဲ့ အမေရိကန် အစိုးရ အရာရှိ တချို့ကို တုံ့ပြန်ထားတာလို့ ယူဆရပါတယ်။

ဘုရားသခင်ဟာ ဘယ်စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးကြောင်း၊ ငြိမ်းချမ်းရေး မင်းသားလို့ ဆိုနိုင်တဲ့ ခရစ်တော်ရဲ့ နောက်လိုက်သာဝက မှန်သမျှဟာ အတိတ်မှာ ဓားတရမ်းရမ်း လုပ်နေပြီး မျက်မှောက်ခေတ်မှာ ဗုံးတွေ ကြဲချနေတဲ့ လူပုဂ္ဂိုလ်တွေဖက်က ရပ်တည်မှာ မဟုတ်ကြောင်း ပထမဆုံး အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီးက ရေးသားထားခဲ့ပါတယ်။

စစ်ရေး ဆောင်ရွက်မှုတွေဟာ ငြိမ်းချမ်းရေးအတွက် အချိန်နဲ့ နေရာကို ဖန်တီးပေးနိုင်မှာ မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေး ဆိုတာဟာ လူသားတွေကြားမှာ အတူယှဉ်တွဲ နေထိုင်ပြီး ဆွေးနွေးမှုတွေကို စိတ်ရှည်ရှည်နဲ့ မြှင့်တင်ပေးခြင်းကနေသာ ထွက်ပေါ်လာနိုင်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ အစိုးရဟာ အီရန်မှာ လုပ်ဆောင်ခဲ့တဲ့ Epic Fury စစ်ဆင်ရေးနဲ့ ပတ်သက်ရင် ဘုရားသခင်ကို တိုင်တည် ရည်ညွှန်းတဲ့ စကားမျိုးတွေ မကြာခဏ ပြောခဲ့ဖူးပါတယ်။ အထူးသဖြင့် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အီရန်နဲ့ ပဋိပက္ခကို ဘာသာရေး အသုံးအနှုန်းတွေနဲ့ ပုံဖော်ပြီး ဂျီးဆက်စ် ခရစ်တော်ရဲ့ နာမတော်အရ ဆင်နွှဲတဲ့ မြင့်မြတ်တဲ့ စစ်ပွဲတစ်ခုလို့ ပုံဖော်လေ့ ရှိပါတယ်။

ထရမ့်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အီရန်စစ်ပွဲကို ဘုရားသခင်က ကျိန်းသေပေါက် အားပေး ထောက်ခံမယ်လို့ သူယုံကြည်ကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ကိုးကား: Guardian
ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပစ်ရပ်ရေးကိစ္စ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အတည်ပြု လက်ဘနွန်မှာ အစ္စရေးက လုပ်ဆောင်နေတဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ရပ်ဆိုင်းနိုင်ရေးအတွက် အမေရိကန် နိုင်ငံမှာ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။ လက်ဘနွန် သမ္မတ ဂျိုးဆက်အွမ်းက လာမယ့် သီတင်းပတ်ကျရင် ဝါရှင်တန်ဒီစီ မြို့မှာ...

နိုင်ငံတကာ

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အမေရိကန်ကို မကစားဖို့ အီရန်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်ပြယ်ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဟောမုဇ် ရေလက်ကြားကနေ သင်္ဘောအားလုံး ဖြတ်သန်းခွင့်ကို ပိတ်ထားမယ့်အကြောင်း ကြေညာခဲ့ပြီး အဲဒီ ပိတ်ဆို့မှုဟာ ဧပြီ ၁၃ ရက်မှာ စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်ပြယ်ခဲ့တဲ့နောက် အီရန် အနေနဲ့ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တွေ နောက်တစ်ခါ ထပ်ပြီး စေလွှတ်ချင်သလား ဆိုတာကို သူဂရုမစိုက်တော့ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။