close
Connect with us

Hi, what are you looking for?

သတင်း

တပ်မွေးနေ့ ဂုဏ်ပြုတဲ့အဖွဲ့တိုင်း စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေ အချိန်တိုအတွင်းအောင်မြင်ပါစေဟု AA ဆုတောင်းပေး

အာရက္ခတပ်တော်(AA) ဖွဲ့စည်းခြင်း (၁၇)နှစ်မြောက်နေ့ အခမ်းအနားသဝဏ်လွှာနဲ့ နှုတ်ခွန်းဆက်စကား အသီးသီး ပေးပို့လာကြတဲ့ အဖွဲ့အစည်းအားလုံးကို အာရက္ခပြည်သူလူထုကိုယ်စား ကျေးဇူးတင်ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး ပေးပို့လာကြတဲ့ အဖွဲ့အစည်းတိုင်းရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အချိန်တိုအတွင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

ဂွမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ AAရဲဘော်တွေ။ ဓာတ်ပုံ - AA

ဧပြီ-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA) ဖွဲ့စည်းခြင်း (၁၇)နှစ်မြောက်နေ့ အခမ်းအနားသဝဏ်လွှာနဲ့ နှုတ်ခွန်းဆက်စကား အသီးသီး ပေးပို့လာကြတဲ့ အဖွဲ့အစည်းအားလုံးကို အာရက္ခပြည်သူလူထုကိုယ်စား ကျေးဇူးတင်ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး ပေးပို့လာကြတဲ့ အဖွဲ့အစည်းတိုင်းရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အချိန်တိုအတွင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ AA တပ်မွေးနေ့ကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)နဲ့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဂုဏ်ပြုသဝဏ်လွှာများအပြင် အဖွဲ့အစည်းကို ချစ်ခင်တန်ဖိုးထားကြတဲ့ လူပုဂ္ဂိုလ်အချို့က နှုတ်ခွန်းဆက်စကား ဂုဏ်ပြုစကားများ လက်ခံရရှိတယ်လို့ AAက အသိပေးထားပါတယ်။

AA ရဲ့ တပ်မွေးနေ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဝဏ်လွှာမှာ AA ရဲ့ ရက္ခိုင်ဒေသမှာကြီးမားတဲ့ စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှုများ ရရှိထားမှုကို ဖော်ပြထားပြီး တော်လှန်ရေးခရီးကြမ်းမှာ အသက်ခန္ဓာပေးဆပ်ခဲ့ကြတဲ့ AA တပ်ဖွဲ့ဝင်တွေ အာရက္ခပြည်သူတွေကို လေးစားဂုဏ်ယူကြောင်း သဝဏ်လွှာမှာ ပါရှိပါတယ်။

စစ်အာဏာရှင်စနစ် ချေမှုန်းတိုက်ထုတ်ရေး အာရက္ခတပ်တော် အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

AA တပ်မွေးနေ့ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(အထူးလှုပ်ရှားတပ်မ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)၊ အရှိချင်းကာကွယ်ရေးတပ်၊ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်၊ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၊ ဧရာ၀တီပြည်နယ်ကာကွယ်ရေးတပ်ဖွဲ၊ ချင်းညီနောင်၊ 96 Soldiers-PDF၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ၊ ယောကာကွယ်ရေးတပ်၊ပြည်သူ့လွတ်လပ်ရေးအဖွဲ တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာ၀တီတိုင်းစစ်ဌာန၊ ထားဝယ်အမျိုးသားအဖွဲ့ချုပ်၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့၊ Generation Z Army ၊ CDF အရှို၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ၊ ပြည်သူ့တော်လှန်ရေးတပ်၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြစ်၀ကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့၊ ပြည်သူ့ညီညွတ်ရေးတပ်ဦး၊ ရောဘင်ဟုမစ်ဆိုင်းအဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ်တော်၊ ဗမာပြည်ကာကွယ်ရေးတပ်၊ ယောတပ်တော်၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဧရာ၀တီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ကာကွယ်ရေးဝန်ကြီး၊ ဗမာ့တပ်တော် စတဲ့ တော်လှန်ရေးတပ်တွေက AAရဲ့ တပ်မွေးနေ့သို ဂုဏ်ပြု သဝဏ်လွှာ ပေးပိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာတည်ဆောက်မယ့် အာရက္ခတိုင်းပြည်ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားဗဟိုပြုတည်ဆောက်ရမယ့် တိုင်းပြည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA တပ်မွေးနေ့သို့ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပြီး ချွင်းချက်မရှိ ညီညွတ်ဖို့၊ အပြတ်သားဆုံး တိုက်ပွဲဝင်ကြဖို့ မှာကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်‌တော်(AA)နဲ့ စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်ကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေ အာဏာသိမ်းစစ်တပ်က အင်အားတွေ ပို့နေပါတယ်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် အခွင့်အရေး တခုဖြစ်ခဲ့ကြောင်းအာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားလိုက်ပြီး အခွင့်အရေးကို အကျိုးရှိရှိ အသုံးချဖို့ စစ်အင်အား တောင့်တင်းအောင်လုပ်ဆောင်ဖို့ဒီက​နေ့တိုက်တွန်းလိုက်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။