close
Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီရဲ့ ပထမဆုံးအစည်းအဝေး ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့​ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ-၁၁၊၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့​ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၃၀ရက်မှာ ကောင်စီဖွဲ့စည်းကြောင်း ကြေညာပြီးနောက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ကောင်စီရဲ့ ၁/၂၀၂၆ အစည်းအဝေးသို့ မဟာဗျူဟာနဲ့ မူဝါဒ ရေးရာ ဦးဆောင်အဖွဲ့ ခေါင်းဆောင်တွေ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့ကြတယ်လို့ အသိပေးပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ ဥက္ကဋ္ဌ ခူဦးရယ်က အစည်းအဝေး သဘာပတိအဖြစ်တာဝန်ယူခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ ခေါင်းဆောင်များကကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အစည်းအဝေးမှာဦးဆောင်ကောင်စီအတွင်းရေးမှူးအဖွဲရဲ့ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြတာ၊ ဒီကနေ့ ညနေပိုင်းမှာ ကျင်းပမယ့် သတင်းစာရှင်းလင်းပွဲ နဲ့ ပတ်သက်ပြီး ဆွေးနွေးတာ၊ ရှေ့လုပ်ငန်းစဉ်တွေကို ညှိနှိုင်းတာ တွေလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဆွေးနွေးညှိနှိုင်းတဲ့ အကြောင်းအရာ အသေးစိတ်ကို ဖော်ပြမထားပေမယ့် အတည်ပြုခြင်း (၅) ရပ်၊ မှတ်တမ်းတင်ခြင်း (၄) ရပ် နဲ့ ရှေ့လုပ်ငန်းစဥ် (၃) ရပ် တို့ကို သဘောတူချမှတ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အခမ်းအနား မှတ်တမ်းဓာတ်ပုံတွေအရ အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ အစိုးရအဖွဲ့ဝင်များ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ တာဝန်ရှိသူများ၊ ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ ပါဝင်တဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” မှာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအပြားနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ လူထုကိုယ်စား လှယ်တွေ စုပေါင်းပြီး စုဖွဲ့ခဲ့တာဖြစ်ကြောင်းကောင်စီခေါင်းဆောင်တွေက ပြောထားပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းတာဟာ စစ်ရေးအရဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို့ ရည်ရွယ်သလို၊ နိုင်ငံရေးအရ အမျိုးသားရေး ညီညွတ်မှုကို ကျစ်ကျစ်လစ်လစ် ဦးဆောင်စုစည်းပုံဖော်ဖို့ ရည်ရွယ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။

သတင်း

စစ်ကိုင်း၊ မန္တလေးနှင့် မကွေး ဖက်ဒရယ်ယူနစ်/ဒေသများ၊ CRPH၊ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနနဲ့ ကြားကာလ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် (ICBP) တို့ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။

သတင်း

■နွေဦးတော်လှန်ရေးရဲ့ကြီးမားတဲ့အပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း​ဖော်ပြ ဧပြီ−၅၊ ၂၀၂၆။ ထားမြတ်/People’s Spring ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ဖွဲ့စည်းနိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုမျှော်လင့်ကြောင်း CDM ကျန်းမာရေးကွန်ရက်က ဒီက​နေ့မှာထုတ်ပြန်ကြေညာပါတယ်။ အခုလို NUG၊ CRPHနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်တဲ့ ကောင်စီတစ်ခုအနေဖြင့်ဖွဲ့စည်းဖြစ်မြောက် ပေါ်ပေါက်လာခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ ကြီးမားသောအပြောင်းအလဲ...

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲကစည်းမှုဟာ ခေတ်ရေစီးကြောင်းအရ လိုအပ်ချက်အရ ဖွဲ့စည်းလာတဲ့ အစုအဖွဲ့လို့ မြင်ကြောင်း ချင်းညီနောင်စစ်ဦးစီးချုပ်ဖြစ်သူ PDF ဇိုလဲန်း စစ်ဦးစီးချုပ်ကိုဂိဒွန်က ပြောပါတယ်။