close
Connect with us

Hi, what are you looking for?

သတင်း

ခရိုနီဦးတေဇ နဲ့သားဖြစ်သူကို စစ်တပ်ဗဟိုဘဏ်က အမည်ပျက်စာရင်းသွင်း

ခရိုနီ ဦးတေဇနဲ့ သားဖြစ်သူကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ သတ်မှတ်ချက်တွေ မလိုက်နာဘဲ ပို့ကုန်ရငွေတွေ အပြည့်အဝပြန်မသွင်းတာကြောင့်ဆိုပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အမည်ပျက်စာရင်း (Black List) သွင်းလိုက်ပါတယ်။

ဦးတေဇ ၊ပြည်ဖြိုး​တေဇ ၊ထူးထက်​တေဇ၊ ​ရေချယ်​တေဇတို့ကို အတူတွေ့ရစဉ်။ ဓာတ်ပုံ −​ရေချယ်​တေဇအင်စတာဂရမ်

ဧပြီ ၆၊ ၂၀၂၆။တာရာ၊မိုမို/People’s Spring

ခရိုနီ ဦးတေဇနဲ့ သားဖြစ်သူကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ သတ်မှတ်ချက်တွေ မလိုက်နာဘဲ ပို့ကုန်ရငွေတွေ အပြည့်အဝပြန်မသွင်းတာကြောင့်ဆိုပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အမည်ပျက်စာရင်း (Black List) သွင်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့ဗဟိုဘဏ်ကစစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ မတ်လကုန်အထိ ပြည်ပကို ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိတဲ့ ကုမ္ပဏီ ၂၈၇ ခုနဲ့ လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်းသွင်းကြောင်း ဧပြီ ၄ ရက် စစ်တပ်ထုတ်သတင်းစာကနေ ကြေညာပါတယ်။

ထုတ်ပြန်ချက်အရ အဆိုပါစာရင်းမှာ ထူးထရေးဒင်းကုမ္ပဏီ ပါဝင်ပြီး ဦးတေဇနဲ့ သူရဲ့သားဖြစ်သူ ဦးပြည့်ဖြိုးတေဇ အပါအဝင် ဒါရိုက်တာအဖွဲ့ဝင်များဖြစ်တဲ့ ဦးမိုးသက်တင်၊ ဦးသီဟ နဲ့ ဦးရာဇာထွေးတို့အမည်စာရင်း​တွေပါဝင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ခရိုနီလုပ်ငန်းရှင်ဦးတေဇဟာ စစ်အာဏာရှင် ဗိုလ်
ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာကတည်းက သစ်ထုတ်လုပ်ရေး၊လေကြောင်းလိုင်း၊ဘဏ်လုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေအပါအဝင် စက်သုံးဆီ၊စားသုံးဆီအများဆုံးတင်သွင်းလုပ်ကိုင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ဒါအပြင် လက်နက်ခဲယမ်း​တွေကိုပါတင်သွင်းခဲ့သူဖြစ်ပြီး အ​မေရီကန်အပါအဝင် ဒီမိုက​ရေစီနိုင်ငံ​တွေရဲ့ ဒဏ်ခတ်ပိတ်ဆို့အ​ရေးယူခံခဲ့ရတဲ့လုပ်ငန်းရှင်လည်းဖြစ်ပါတယ်။ ၂၀၂၁ စစ်
တပ်အဏာသိမ်းပြီး​နောက်ပိုင်းမှာလည်း ဦး​​တေဇ နဲ့မိသားစုဟာ အ​မေရီကန်ရဲ့ အ​ရေးယူဒဏ်ခတ်တဲ့စာရင်းမှာဆက်လက်ပါ​နေပါတယ် ။

ဦးသန်းရွှေ နောက်ပိုင်းကာလတွေမှာ ဦးတေဇရဲ့လုပ်ပိုင်ခွင့်တွေ လျော့နည်းခဲ့ပြီး အင်လျားလမ်းမပေါ်မှာရှိတဲ့ ထူးရုံးချုပ်ကို ၂၀၂၄က ရောင်းချခဲ့ပါတယ်။

“ ကိုတေဇက အမည်ခံပဲရှိတော့တာ။ကိုဖြိုး(ပြည့်ဖြိုးတေဇ)က ဦးစီးနေတာ။အခုနောက်ပိုင်းလုပ်ပိုင်ခွင့်တွေက သိတဲ့အတိုင်းပဲ။တက်လာတဲ့ စစ်အုပ်စုကပဲရနေတာ” လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပေးသွင်းရမယ့်နိုင်ငံခြားငွေ ပမာဏနဲ့ အမည်ပျက်စာရင်းသွင်းခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ ထူးဂရုကိုဖုန်းနဲ့သုံးကြိမ် ဆက်သွယ်ပေမယ့်အကြောင်းပြန်ကြားခြင်းမရှိပါဘူး။

စစ်တပ်က ပြင်ဆင်ပြဌာန်းထားတဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အာရှနိုင်ငံများသို့ တင်ပို့မှုအတွက် ရက်ပေါင်း ၃၀ အတွင်း၊ အခြားနိုင်ငံများသို့ တင်ပို့မှုအတွက် ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေကို နိုင်ငံအတွင်းရှိ ဘဏ်စာရင်းသို့ ပြန်လည်ထည့်သွင်းရမှာဖြစ်ပြီး လိုက်နာမှု မရှိပါက ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

“ လုပ်ငန်းရှင်တော်တော်များများက အခက်အခဲရှိတော့ ငွေတွေကပြန်ဝင်မလာဘူး။ ပြီးတော့အခုကာလက လုပ်ငန်းတွေကအဆင်မပြေဘူး။ စီးပွား ရေးတွေက နလန်မှပြန်မထူနိုင်တာ။ ဘယ်လိုလုပ်မလဲ” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၂၀၁၆ခုနှစ် ကနေ ၂၀၂၀ အတွင်း ပို့ကုန်ရငွေ မပြန်သွင်းတဲ့ ကုမ္ပဏီ ၁၉၇ ခုကို ၂၀၂၅ ဇွန်လမှာ အမည်မည်းစာရင်းသွင်းခဲ့ပြီး ၂၀၂၅ နိုဝင်ဘာမှာလည်း ဒေါ်လာသန်း ၅၀ ကျော် မပြန်သွင်းတဲ့ လုပ်ငန်းရှင်အချို့ကိုစစ်​ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။

ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ ရှိရင်​ဒေါ်လာ ၆၅ သန်းကိုကျပ်ငွေ လဲလှယ်ဖို့ ၂၀၂၂ ကစတင် သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေရဲ့ တစ်ဝက်နဲ့ ၂၀၂၅မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခု ၂၀၂၆နှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။

ကျန်ရှိတဲ့ နိုင်ငံခြားငွေကိုလည်း လက်ရှိဗဟိုဘဏ် ထိန်းချုပ်ထားတဲ့ အွန်လိုင်းစျေးကွက်ကနေပဲ တစ်ဒေါ်လာ ကျပ် ၃,၅၀၀ ဝန်းကျင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက လဲလှယ်ရပါတယ်။

ဧပြီ ၆ ရက်​နေ့ နိုင်ငံခြားငွေ ပြင်ပစျေးကွက်မှာ တစ်ဒေါ်လာ ဝယ်စျေး ၄,၁၄၀ ကျပ် နဲ့ ရောင်းစျေး ၄,၂၅၀ ကျပ်ဝန်းကျင် ရှိပါတယ်။စစ်တပ်အာဏာမသိမ်းခင်က ၁ ​ဒေါ်လာကို ၁၃၀၀ ကျပ်​ကျော်ပဲရှိတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ယနေ့ (ဧပြီ ၃ရက်) နေ့လယ်က တောမီး လောင် ကျွမ်းရာမှတစ်ဆင့် ခရိုနီလုပ်ငန်းရှင် ဦး​တေဇပိုင်​သောနာမည်ကြီးဟိုတယ်ဖြစ်သည့် Myanmar Treasure Hotelအား မီးကူးစက်လောင်ကျွမ်းနေသည်။

သတင်း

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။

သတင်း

CBMဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ဝင်ရောက်မှု အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်နေပြီး ငွေလဲလှယ်မှု ကြီးကြပ်ရေး ကော်မတီနဲ့ ပူးပေါင်းပြီး ပြည်ပကနေ စစ်လက်နက်တွေ ဝယ်ယူဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေကြေးကို စုဆောင်း ရှာဖွေပေးနေပြန်ပါတယ်။

သတင်း

စစ်ကောင်စီ၏ ငွေစက္ကူအသစ်ရိုက်နှိပ်သည့် ဂယက်ကြောင့် ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များအပါအဝင် စက်သုံးဆီဈေး၊ ရွှေဈေးနှင့်ဒေါ်လာဈေးများ တရှိန်ထိုးမြှင့်တက်ခဲ့သည်။

Facebook