close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပူတပြင်းရှာဖွေနေတဲ့ တိုက်လေယာဉ် အမှုထမ်းကို အမေရိကန်စစ်တပ်ရှာတွေ့ပြီ

အီရန်လက်ချက်ကြောင့် ပျက်ကျသွားတဲ့ F -15 တိုက်လေယာဉ်ရဲ့ လေယာဉ် အမှုထမ်းကို ပြန်လည်ရှာတွေ့ပြီလို့ သမ္မတ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာ ရေးသားအသိပေးလိုက်ပါတယ်။

ဧပြီ – ၅ ၊၂၀၂၆

အီရန်လက်ချက်ကြောင့် ပျက်ကျသွားတဲ့ F -15 တိုက်လေယာဉ်ရဲ့ လေယာဉ် အမှုထမ်းကို ပြန်လည်ရှာတွေ့ပြီလို့ သမ္မတ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာ ရေးသားအသိပေးလိုက်ပါတယ်။

ဧပြီလ ၃ ရက်က အီရန်နိုင်ငံတောင်ပိုင်းမှာ အမေရိကန်ရဲ့ F – 15 တိုက်လေယာဉ်ဟာ အီရန်လက်ချက်မိပြီး ပျက်ကျခဲ့တာပါ။

F -15 မှာလေယာဉ်အမှုထမ်း နှစ်ဦး ပါဝင်ပြီးတစ်ဦးက လေယာဉ်မောင်းသူ ဖြစ်ကာ ကျန်တစ်ဦးက လက်နက်စနစ်အရာရှိဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ချခံရပြီးနောက် နှစ်ဦးလုံး လေထီးနဲ့ဆင်းသက်နိုင်ခဲ့ပေမယ့် လေယာဉ် မောင်းသူကို ရှာတွေ့ခဲ့ပြီး ကျန်တစ်ဦးကိုတော့ အမေရိကန် လေတပ်က အပူတပြင်းရှာဖွေ့ခဲ့ပါတယ်။

အီရန်စစ်တပ်ကလည်း အမေရိကန်လေယာဉ်အမှုထမ်းကို ရှာတွေ့ရင် အမေရိကန်ဒေါ်လာ ခြောက်သောင်းကျော် ဆုကြေးပေးမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး နှစ်ဖက်လုံးက အသည်းအသန် ရှာဖွေခဲ့ကြတာပါ။

အဲဒီနောက် မနေ့ (ဧပြီ၄ ရက် ) မှာတော့ ပျောက်ဆုံးနေတဲ့ လေယာဉ်အမှုထမ်း ဗိုလ်မှုးကြီးအဆင့်ရှိသူကို ကယ်ဆယ်ရှာဖွေရေးအဖွဲ့က ရှာတွေ့ခဲ့ပြီလို့ အမေရိကန်သမ္မတ ထရမ့်က သူတည်ထောင်ထားတဲ့ Truth လူမှုကွန်ရက်မှာ ရေးသားအသိပေးပါတယ်။

အဲဒီလေယာဉ်အမှုထမ်း ဘေးကင်းလုံခြုံသွားပြီလို့လည်း ထရမ့်ကဆိုထားပါတယ်။

အမေရိကန်လေတပ် F 15 တိုက်လေယာဉ်တစ်စီးကိုတွေ့ရပုံ ( ပုံဟောင်း)
ကိုးကား – The Guardian ၊ ဓာတ်ပုံ – U.S Airforce

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ညှိနှိုင်း သဘောတူညီမှု တစ်ခုခု ရယူနိုင်ဖို့ အီရန်မှာ အချိန်အများကြီး မကျန်တော့ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ကြုံလာနိုင်ခြေ ရှိသမျှ တိုက်ခိုက်မှုတိုင်းအတွက် အသင့်အနေအထား ပြင်ဆင်ထားကြဖို့ အီရန် စစ်တပ် အကြီးအကဲက လက်အောက်ခံ တပ်ဖွဲ့တွေကို ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲဖို့ အီရန် သမ္မတက တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို အီရန်ဖက်က ငြင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်အစိုးရကို အကြမ်းဖက် အစိုးရလို့ စွပ်စွဲခဲ့ပြီး အပြီးသတ် ရှင်းလင်းပစ်ဖို့ အစ္စရေးက ဆက်လက် အားထုတ်သွားမယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။