close
Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် သမ္မတရာထူးရယူမှု ၀၊မိုင်းလားနဲ့ နာဂတပ်ဂုဏ်ပြု၊ ကျန်တိုင်းရင်းသား​တော်လှန်​ရေးတပ်တွေ ဂုဏ်ပြုခြင်းမရှိ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က သမ္မတရာထူးရယူလိုက်တဲ့အပေါ် ၀တပ် UWSA ၊ မိုင်းလားတပ် NDAA နဲ့နာဂတပ် NSCN-K(အန်းမိုင်) အဖွဲ့တို့က ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့ပြီး မင်းအောင်လှိုင်ကို မြောက်ပင့်ပေးခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ − စစ်ကောင်စီ

ဧပြီ−၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က သမ္မတရာထူးရယူလိုက်တဲ့အပေါ် ၀တပ် UWSA ၊ မိုင်းလားတပ် NDAA နဲ့နာဂတပ် NSCN-K(အန်းမိုင်) အဖွဲ့တို့က ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့ပြီး မင်းအောင်လှိုင်ကို မြောက်ပင့်ပေးခဲ့ကြပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်သူထောင်သောင်းချီသတ်ဖြတ်ဖမ်းဆီးခဲ့တဲ့ မင်းအောင်လှိုင်ဟာ အာဏာသိမ်းမှု ၅နှစ်ကျော် အကြာ ဧပြီ ၃ရက်မှာ သမ္မတ ရာထူး ရယူခဲ့ရာ ၀တပ် က ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ဦးစွာ ပေးပို့ခဲ့ပါတယ်။

မိုင်းလားတပ် NDAA ကလည်း ဧပြီ ၃ရက်နေ့မှာပဲ မင်းအောင်လှိုင် ထံ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မိုင်းလားတပ်ရဲ့ သဝဏ်လွှာမှာ ဂုဏ်ယူဝမ်းမြောက်ကြောင်းသာ ဖော်ပြထားပေမယ့် UWSAနဲ့ NSCN-K(အန်းမိုင်)တို့ရဲ့ သဝဏ်လွှာမှာတော့ မင်းအောင်လှိုင်ဟာ တပ်ချုပ် အဖြစ် တာဝန်ယူစဉ် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံမှု၊ လူမှုစီးပွား တည်ငြိမ်တိုးတက်ရေးကို များစွာ ကြိုးပမ်းအားထုတ်ခဲ့တယ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့တယ်ဆိုပြီး အချက်အလက်အမှား အသုံးပြု မြှောက်ပင့်ပေးခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ အမျှော်အမြင်ကြီးမားကြောင်း၊ မင်းအောင်လှိုင် သမ္မတ လုပ်ရင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်တည်ငြိမ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုအမြန်ဆုံးရလိမ့်မယ်လို့ယုံကြည်ကြောင်းနာဂတပ် NSCN-K(အန်းမိုင်) အဖွဲ့က ထုတ်ပြန်ခဲ့သလို UWSAကလည်း မင်းအောင်လှိင်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံ တည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ တိုးတက်မှုနဲ့ တိုင်းရင်းသား ပြည်သူအားလုံး သာယာ၀ပြောမှုတို အမြန်ဆုံး ရရှိလိမ့်မယ်လို ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

၀ ၊ မိုင်းလား၊ နာဂ တို့လိုအဖွဲ့တွေက ဂုဏ်ပြုခဲ့သလို ရှမ်းနီတပ် SNAနဲ့ ALP ခွဲထွက် စောမြရာဇာလင်းအဖွဲ့ စတဲ့ စစ်ကောင်စီ လက်ပါးစေ စစ်ကောင်စီ အလိုကျ လုပ်ဆောင်နေတဲ့ အဖွဲ့အချို့ကလည်း ဂုဏ်ပြုလွှာပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ အဓိက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အပါအဝင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကတော့ စစ်အာဏာရှင်စနစ် အပြီးသတ်ဖယ်ရှားနိုင်ရေး စစ်ရှိန်မြင့်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးဖက်ဒရယ်ဦးဆောင်ကောင်စီတရပ်ဖွဲ့စည်းခဲ့ပါတယ်။

အာရက္ခတပ်တော်(AA) ၊ မွန်တော်လှန်ရေးတပ် ၊ ချင်းတော်လျန်ရေးတပ်တွေကလည်း စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်လက်ဆင်နွှဲနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်စခန်း ရာချီ သိမ်းပိုက်ထားပြီး လတ်တလောမှာ တရုတ်ဖိအားကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်စဲထားရတဲ့ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA) တို့က စစ်ကောင်စီကို ဂုဏ်ပြုတာ မရှိသေးသလို စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ကလည်း မင်းအောင်လှိုင်သမ္မတရာထူးယူတဲ့အပေါ် ဂုဏ်ပြုတာ မတွေ့ရသေးပါဘူး။

မင်းအောင်လှိုင်ဦးဆောင်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ ၅နှစ်တာအတွင်း အရပ်သား ပြည်သူ ထောင်သောင်းချီဖမ်းဆီး သတ်ဖြတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ပြည်သူလူထုနေအိမ်တွေ မီးရှိဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်က ဟန်ပြလုပ်တဲ့ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာလည်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှိတာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားစွဲဆိုထားတဲ့အမှုကို အင်ဒိုနီးရှားတရားရုံးက ဒီနေ့ ဧပြီ ၆ရက်မှာ လက်ခံလိုက်ပြီလို့ သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံကို ပြောင်းလဲနိုင်ပေမယ့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး သူကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုကိုတော့ ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

Facebook