close
Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်း စစ်တပ်ဗုံးကြဲ၊ ထိခိုက်မှုများဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဆည်အင်းကျေးရွာက ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားလို့ သံဃာတော်ချို့အပါအဝင်စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းရရှိပါတယ်။

‌ဧပြီ−၆၊၂၀၂၆။ဇော်ရမ်း၊ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဆည်အင်းကျေးရွာက ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားလို့ သံဃာတော်ချို့အပါအဝင်စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ ဧပြီ ၆ရက် မနက် ၁၁နာရီကျော်မှာ ဗုံးကြဲတာဖြစ်ပြီး လက်ရှိမှာ သေဆုံးသူတွေနဲ့ ထိခိုက်သူတွေကို သယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဘုန်းကြီးကိုပါ ထိသွားတယ်။ အထိအခိုက်များတယ်လို့ပဲ ပြောနိုင်သေးတယ်။ ဒါက တောကျောင်းလို့ ခေါ်တဲ့ စစ်ဘေးရှောင်တွေနေတဲ့နေရာဖြစ်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တွေကိုစာသင်ပေးတဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ကလေးငယ်တွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က အသိပေးပါတယ်။

“ ပေါင်ပြတ် တစ်ယောက်။ ဘုန်းကြီးက ဇက်ပြတ်ထွက်သွားတာ။ မီးလောင်ဗုံးတွေရောကျဲ
စက်လက်နဲ့ပါစွဲတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးငယ်တွေထိခိုက်တဲ့ အရေအတွက်ကို အတည်ပြုဖို့ကြိုးစားနေပြီး လက်တလော မသိရသေးပါဘူး။

စစ်တပ်က ၎င်းတို့စိတ်တိုင်းကျ ပုံဖော်ထားတဲ့လွှတ်တော်ကတဆင့် သမ္မတနေရာရွေးချယ်တာတွေ၊အစိုးရအဖွဲ့ဖွဲ့စည်းတာတွေ လုပ်ဆောင်နေချိန်မှာ နေပြည်တော်နဲ့ရန်ကုန်ကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေတွေ လေကြောင်းကနေတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။

မတ်လ ၂၀ရက်က ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့လေးထပ်ကျောင်းကို ဗုံးကြဲလို့သံဃာတော်အချို့နဲ့အရပ်သား ၈၀ဦးခန့်အထိ သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ဝက်လက်ဒေသက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့တာတွေ ဒီကနေ့ (ဧပြီ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်တွေကို လှူဒါန်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)က ၁၀၂၇စစ်ဆင်ရေးမှာ ဖမ်းဆီထိန်းသိမ်းခဲ့တဲ့ သုံ့ပန်းတွေထဲက သုံ့ပန်းမိသားစုဝင် စုစုပေါင်း ၁၅၂ ဦးကိုထပ်မံလွှတ်ပေးလိုက်တယ်လို့ ‌ရခိုင်သတင်းမြစ်တွေကအတည်ပြုပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးကြုံနေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင် တပ်ရင်း(၁)က ထုတ်ပြန်ထားသလို ထားဝယ်ခရိုင် တပ်ရင်း(၂) ကလည်း စစ်ဘေးရှောင်ပြည်သူများသို့ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားပါတယ်။

Facebook