close
Connect with us

Hi, what are you looking for?

သတင်း

ဝေါ်လေဗျုဟာမကျဖို့ စစ်ကောင်စီလေကြောင်းပစ်ကူအားပြုနေရ

ကရင်ပြည်နယ် ၊ ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက် က ဝေါ်လေမြို့အနီးရှိ ဗျုဟာစခန်းကုန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူနေ့စဉ်နီးပါးပေးနေရတယ်လို့ ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

ဧပြီ – ၆ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက် က ဝေါ်လေမြို့အနီးရှိ ဗျုဟာစခန်းကုန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူနေ့စဉ်နီးပါးပေးနေရတယ်လို့ ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

ဝေါ်လေဗျုဟာ စခန်းကုန်းကို ပြီးခဲ့တဲ့မတ်လ ၃၁ ရက် ကစပြီး KNU တပ်မဟာ (၆) ဦးဆောင်ကာ PDF တပ်တွေ ပါဝင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ နှစ်ဖက် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေတပ်ပါ သုံးလာရတာပါ။

မတ်လ ၃၁ ရက်ကနေ ဧပြီလ ၆ ရက်အထိ ခုနှစ်ရက်အတွင်း ဝေါလေဗျုဟာအနီးဝန်းကျင်တဝိုက်ကို လေယာဉ်နဲ့ နေရာ ၊ညပါ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊ ဒရုန်းနဲ့ ဗုံးချတာတွေကြောင့် ဝေါ်လေမြို့ပေါ်​ရပ်ကွက်တွေမှာ ပါ ကျရောက်ပေါက်ကွဲတာရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဝေါ်လေဗျုဟာအနီးက ထီးသဲလယ်ရွာ ဟာ ထိခိုက်ပျက်စီးမှု ကြီးမားပြီး ၊ အဲဒီ ဗျုဟာဝန်းကျင်က ထီးညလိ(ရွှေဖရုံသီး)ဘုန်းကြီး ကျောင်းလည်း ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ထီးသဲလယ်ရွာအပါအဝင် ဒေသခံတွေကတော့ တိုက်ပွဲနဲ့ ဝေးတဲ့နေရာဘက်ဆီ တိမ်းရှောင်နေကြတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

ဝေါ်လေ ဗျုဟာစခန်းကုန်းကို ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားတာကြောင့် အခုရက်ပိုင်းအတွင်း ခဲယမ်း ​ရိက္ခာ ကို လေယာဉ်နဲ့ စစ်ကောင်စီတပ်က ချပေးနေတယ်လို့ကရင်သတင်းရင်းမြစ်ကအသိပေးပါတယ်။

တဖက်မှာလည်း ဝေါ်လေဗျူဟာဆီ စစ်ကူပေးပို့ဖို့နဲ့ ဖလူးဒေသ ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် စစ်ကြောင်းထိုးတဲ့ စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ မြဝတီမြို့ တောင်ဘက် ဖလူးဒေသမှာလည်း ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ရွှေကျောင်းကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာအနီးကို စစ်ကောင်စီက ဒီကနေ့(ဇန်နဝါရီ ၂၈ရက်) မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

သတင်း

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းစစ်ကောင်စီလေတပ်ကလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်လုပ်ဆောင်ခဲ့ရာမှာပျမ်းမျှအားဖြင့် တစ်ရက်ကို အရပ်သား ငါးဦးခန့် သေဆုံးခဲ့ရတယ်လို့ CDM စစ်သားတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က ဒီက​နေ့ လေ ကြောင်းက​နေဗုံးကြဲလို့ ထရန်စ​​ဖော်မာ ၃ လုံးပျက်စီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

Facebook