close
Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၆ နဲ့ တပ်မဟာ ၅ စစ်ရေးအခြေအနေ

ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ တပ်မဟာ ၆ ဖလူးနယ်မြေမှာ တိုက်ပွဲဖြစ်ခဲ့သလို တပ်မဟာ (၅) နယ်မြေထဲက ဖာပွန်ဗျုဟာဆီလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ရိက္ခာ နဲ့ ခဲယမ်း ပို့ဆောင်နေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်တွေဆီကသိရပါတယ်။

အာဏာမသိမ်းခင်နှစ်ပိုင်းအလိုက စစ်ကောင်စီတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း (ပုံဟောင်း)

မတ် – ၂၇ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ တပ်မဟာ ၆ ဖလူးနယ်မြေမှာ တိုက်ပွဲဖြစ်ခဲ့သလို တပ်မဟာ (၅) နယ်မြေထဲက ဖာပွန်ဗျုဟာဆီလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ရိက္ခာ နဲ့ ခဲယမ်း ပို့ဆောင်နေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်တွေဆီကသိရပါတယ်။

မနေ့ (မတ်လ ၂၆ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မြဝတီမြို့တောင်ဘက် ဖလူးတောင်ကြော တဝိုက်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက် ခိုက်လာသလို ၊ နေ့လယ် ၁၂ နာရီမှာလည်း နောက်တစ်ကြိမ် ဗုံးကြဲခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“ တိုက်လေယာဉ်နဲ့ လာကြဲတာ သုံးလုံး နှစ်ကြိမ်၊ ပထမအကြိမ် လေယာဉ်ပစ်ပြီး တိုက်ပွဲစတာပဲ၊ ဒုတိယအကြိမ်လာချပြီးတော့ အသံတိတ်သွားတယ်” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့တောင်ဘက်က ဖလူးနယ်မြေနဲ့ မင်းလက်ပံနယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အားအများအပြားအသုံးပြုပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး နေမယ့် KNU တပ်မဟာ ၆ နဲ့ PDF ပူးပေါင်းတပ်တွေ ရဲ့ ခုခံ မှုတွေကြောင့် စစ်ကောင်စီတပ် ထင်တိုင်းမပေါက်ဘဲ ဖြစ်နေတာပါ။

တိုက်ပွဲ ဖြစ်စဉ်တွေအတွင်းမှာတော့ နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှု ရှိနေပါတယ်။

ဖာပွန်ဘက်မှာလည်းလက်ရှိ မတ်လတတိယအပတ်ကစပြီး ဖာပွန်မြောက်ပိုင်းတပ်မဟာ(၅)နယ်မြေနဲ့ တပ်မဟာ(၃)နယ်မြေစပ်ကြားမှာရှိတဲ့ စစ်တပ်စခန်းတွေကို KNU ဦးဆောင်ကာပူးပေါင်းတပ်တွေက ဝင်ရောက်တိုက် ခိုက်နေပါတယ်။

တပ်မဟာ(၅)နယ်မြေထဲက စစ်တပ်စခန်းတချို့ သိမ်းဆည်းရမိတာတွေ သတင်းထွက်လာပေမယ့် တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကတော့ စခန်းသိမ်းတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ သတင်းမသိရသေးဘူးလို့ ပြောပါတယ်။

၀ိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ ဖာပွန်စစ်ဗျူဟာဆီ စစ်ကောင်စီတပ်က လေကြောင်းကနေ စားနပ်ရိက္ခာ၊ စစ်လက်နက်ခဲယမ်းပစ္စည်းတွေ လာရောက်ချပေးတာတွေရှိတယ်လို့ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

“ စကစနေပြီးတော့မှ သူတို့လူတွေအတွက်ပေါ့လေ၊ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းမီးကျောက်တော့ လာချတာရှိတယ်” လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဆိုပါတယ်။

လေကြောင်းကနေ ခဲယမ်းချပေးရာမှာ ဒရုန်းတွေ ပါလာတယ်ဆိုတာသတင်းထွက်နေတယ်လို့ လည်းဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

တဖက်မှာလည်းဖာပွန်တောင်ဘက်ခြမ်း ကမမောင်းမြို့ကနေ စစ်ကောင်စီတပ် အခြေစိုက်ထားတဲ့ ဝါးဒူးရွာဆီ တပ်အင်အားထပ်မံပို့ဆောင်လာနေတယ်လို့လည်း မြေပြင်သတင်းတွေကတဆင့် သိရပါတယ်။

ဖာပွန်ဆီ စစ်ကူပေးဖို့အတွက် စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကမမောင်း-ဖာပွန်လမ်းအတိုင်း ဝါးဒူးရွာကနေ ကတိုင်ရွာဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာဖြစ်ပြီး တပ်မဟာ(၅)ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်သေးပဲ ဝါးဒူးရွာမှာသာ ဆက်လက်တပ်စွဲထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်ရဲ့ကော်သွေးကျိုးစခန်းကို KNU နဲ့ ပူးပေါင်းတပ်က မတ်လ ၁၇ ရက်မှာ တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများပြီး စခန်းကိုစွန့်ခွာသွားကြတယ်လို့ Rebel Bees-UAV Force က ဒီနေ့ (မတ်လ ၂၃ ရက်)မှာသတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်၂ဦး အပါအဝင် ၄ဦးသေဆုံးကာ ၃လအရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝစခန်းသိမ်းတိုက်ပွဲလို အလားတူတိုက်ပွဲတွေ အရှိန်ဟုန်မြင့် ဖော်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ သတိပေးနှိုးဆော်ချက်တွေကို အပြည့်အဝ လိုက်နာ ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီစစ်ဌာနက ထုတ်ပြန်ပါတယ်။