close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆီတန်းပြီးပြန်လာတဲ့အမျိုးသမီး အိမ်အရောက် ကွယ်လွန်

မန္တလေးမြို့မှာ စက်သုံးဆီတန်းစီပြီး ပြန်လာတဲ့ အမျိုးသမီးကြီးတစ်ဦး အိမ်အရောက်မှာ ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(မန္တလေးမြို့က စက်သုံးဆီတန်းစီနေသော ဆိုင်ကယ်များအား တွေ့ရစဥ် ဓာတ်ပုံ-Cj)

စက်သုံးဆီတန်းစီဝယ်ယူသူအချို့ သေဆုံးနဲ့ မူးလဲမှုတွေ ဆက်တိုက်ဖြစ်နေ

မတ်-၂၇၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ စက်သုံးဆီတန်းစီပြီး ပြန်လာတဲ့ အမျိုးသမီးကြီးတစ်ဦး အိမ်အရောက်မှာ ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပိုင်းက ဆီဆိုင်တစ်ဆိုင်မှာ နာရီနဲ့ချီပြီး ဆိုင်ကယ်ဆီဝယ်ယူခွင့်ရဖို့ တန်းစီခဲ့တဲ့ (၆၁)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ညနေ ၄နာရီခွဲလောက်မှာ အိမ်ပြန်ရောက်ချိန် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ လေးငါးနာရီတန်းစီပြီး အိမ်အရောက် သွေးတိုးဆီးချိုတွေလည်းရှိတော့ လဲကျရင်း အသက်ပါသွားတာ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကွယ်လွန်သူ အမျိုးသမီးဟာ မြန်မာ့သစ်လုပ်ငန်း၊ မန္တလေးတိုင်းရုံးက အကြီးတန်းစာရေး ဒေါ်သက်သက်အောင်ဖြစ်ကြောင်း သိရပါတယ်။

မန္တလေးမြို့မှာ အပူဒဏ်ပြင်းနေပြီး မော်တော်ယာဥ်တွေဟာ စက်သုံးဆီရဖို့ နေပူထဲ အချိန်လေးနာရီထက်မနည်း တန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေရကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတဝန်း စက်သုံးဆီတန်းစီဝယ်ယူသူအချို့ဟာ နွေအပူဒဏ်ကြောင့် သေဆုံးမှုတွေနဲ့ သတိလစ် မူးလဲသွားသူတွေ ဒီရက်ပိုင်း ဆက်တိုက်ဖြစ်နေပါတယ်။

ဒီကနေ့ မနက် ၁၀နာရီကျော်ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စက်သုံးဆီဝယ်ဖို့ တန်းစီရင်း အသက်(၈၀)ကျော် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မူးလဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မတ်လ ၂၆ရက်ကလည်း ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ် ဟာမစ်တစ်မှတ်တိုင်အနီးမှာ အဆိုတော် ပက်ထရစ်တင်ထွန်းဆိုသူဟာ ဆီတန်းစီရင်း သူမောင်းလာတဲ့ တက္ကစီယာဥ်ပေါ်မှာပဲ သတိလစ် ကွယ်လွန်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မတ်လဆန်းက စတင်ခဲ့တဲ့ စက်သုံးဆီအကျပ်အတည်း ရက်သတ္တပတ် ၂ ပတ်ကျော်လာတဲ့အချိန်မှာတော့ မန္တလေးမြို့မှာ စက်သုံးဆီအကျပ်အတည်းဟာ ပိုမိုဆိုးရွားလာခဲ့ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

သတင်း

မန္တလေးမြို့မှာ သုံးဘီးယာဥ်တွေ တရက်ခြား ဆီ ၄ လီတာသာ ဝယ်ခွင့်ရလို့ အခက်အခဲရှိနေကြောင်း ယာဥ်မောင်းအချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ စုံ၊မစနစ်ကန့်သတ်ချက်ကြောင့် သွားလာသူနည်းပါးပြီး ဈေးသည်တွေ အရောင်းအဝယ် ကျဆင်းလာခဲ့ကြောင်း ဈေးသည်တွေက ပြောပါတယ်။