close
Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမှာ စစ်တပ်ပေါ်တာဆွဲခံရတဲ့ လူငယ်တစ်ဦး ၆လအကြာမှာ ထွက်ပြေးလွတ်မြောက်လာ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပေါ်တာအဆွဲခံလိုက်ရတဲ့ အမျိုးသားတစ်ဦး ၆လအကြာမှာ စစ်တပ်ထံက ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်လာသော စစ်မှုထမ်းတပ်သားသစ်အား တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ

မတ် ၁၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပေါ်တာအဆွဲခံလိုက်ရတဲ့ အမျိုးသားတစ်ဦး ၆လအကြာမှာ စစ်တပ်ထံက ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၁ရက်က တံတားဦးမြို့ကနေ မန္တလေးမြို့ကိုသွားတဲ့ လူငယ်တစ်ဦးဟာ စစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီးခံရပြီး စစ်သားစုဆောင်းခံခဲ့ရပါတယ်။

ဖမ်းဆီးခံရပြီးနောက် ၂၀၂၅ စက်တင်ဘာလ ၁၅ ရက်မှာ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ ပြည်သူစစ်သင်တန်းအပတ်စဉ် (၁၇) တက်ရောက်ခဲ့ရပြီး သင်တန်းဆင်းပြီးနောက် မန္တလေးတောင်ခြေရှိ BE တပ်သို့ ပြန်လည်ပို့ဆောင်ချိန် လျှပ်စီးတပ်ခွဲနဲ့ ချိတ်ဆက်ပြီး ထွက်ပြေးလာတာဖြစ်ကြောင်း အဆိုပါတပ်ခွဲရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ BE တပ်ထဲကနေ ထွက်ပြေးလွတ်မြောက်လာတာ။” လို့ မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း ၊ တပ်ခွဲ(၃)၊ လျှပ်စီးတပ်ခွဲရဲ့တာဝန်ရှိသူက ပြောပါတယ်။

ကျန်ရှိနေတဲ့ စစ်မှုထမ်းတပ်သားတွေလည်း အခြေအနေပေးတာနဲ့ ပြည်သူ့ဘက်သို့ ကူးပြောင်း အလင်းဝင်ကြဖို့ လျှပ်စီးတပ်ခွဲက တိုက်တွန်းထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးလည်း စစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် လျှပ်စီးတပ်ခွဲနဲ့ပဲ ချိတ်ဆက်ပြီး လွတ်မြောက်လာခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီ ပြည်သူတွေကို PDF ရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ အမျိုးသားညီညွတ်ရေးအစိုးရ(PDF) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က နိုင်ငံတဝန်း အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ တိုးမြှင့်ကျူးလွန်မှုတွေ ရပ်တန့်ရေး နိုင်င့တကာက မြန်မာစစ်တပ်ကို အမြန်ဆုံး အပြင်းထန်ဆုံးနဲ့ ပြိုင်တူဖိအားပေးဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ မတ်လ ၁၂ရက် မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းမြို့ရဲ့ မြောက်ဘက်ရွာသာယာရွာကို တပ်စွဲထားတဲ့ စစ်တပ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဆည်လေးတောလမ်းဆုံကို စစ်ကြောင်းထိုးလာတာမို့ တော် လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ကာစစ်အုပ်စုက အလောင်းတွေ သယ်ထုတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

Facebook