close
Connect with us

Hi, what are you looking for?

သတင်း

အီရန် နျူကလီးယား စီမံကိန်း နေရာတွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြော

အီရန်ရဲ့ နျူကလီးယား စီမံကိန်း နေရာတွေနဲ့ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား စီမံကိန်း နေရာတွေနဲ့ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၁၂ ရက်နေ့ IDFရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တယ်လီဂန် နျူကလီးယား စီမံကိန်းနေရာ အပါအဝင် နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။

Reuters သတင်းဌာနကတော့ တယ်လီဂန် ဆိုတာဟာ အီရန်ရဲ့ မြို့တော် တဟီရန်ရဲ့ အရှေ့တောင်ဖက် ကီလိုမီတာ ၃၀ လောက်အကွာမှာ တည်ရှိတဲ့ နေရာကို ဆိုလိုတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ နေ့ကတည်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေထဲက တစ်ခုဟာ အီရန်မှာ နျူကလီးယားဗုံးတစ်လုံး ပိုင်ဆိုင်မလာအောင် တားဆီးဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အီရန်ကတော့ နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ စွမ်းအင်ကဏ္ဍအတွက် ငြိမ်းချမ်းစွာ အသုံးပြုဖို့ဖြစ်ကြောင်း အကြိမ်ကြိမ် ဖြေရှင်းထားပါတယ်။

Public Service Announcement

Public Service Announcement

IDFကတော့ စစ်ထောက်လှမ်းရေးက ရရှိတဲ့ အချက်အရတွေအရ အီရန်ဟာ တယ်လီဂန် နျူကလီးယား စီမံကိန်း နေရာကို လက်နက် ထုတ်လုပ်ရေး ရည်မှန်းချက်အတွက် အသုံးပြုနေတာလို့ အခိုင်အမာ ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း IDFဟာ အီရန်ရဲ့ နောက်ထပ် နျူကလီးယား စီမံကိန်း အဆောက်အအုံ တစ်ခုဖြစ်တဲ့ မင်ဇာဒါဟယန်းကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေဟာ အဲဒီနေရာမှာ နျူကလီးယား လက်နက် အစိတ်အပိုင်းတွေကို လျှို့ဝှက် ထုတ်လုပ်နေကြောင်းလည်း အစ္စရေးက စွပ်စွဲထားပါတယ်။

ကိုးကား: Guardian
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်ဆိုင်းစေဖို့အတွက် စစ်လျော်ကြေး အပါ အဝင် အီရန်အစိုးရဖက်က လိုလားတောင်းဆိုချက် ၃ ခုကို သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထောက်လှမ်းရေး သတင်းအချက်အလက် အဟောင်းတွေကို အားကိုးမိလို့ အမေရိကန်ဟာ အီရန် မိန်းကလေးကျောင်းကို မှားယွင်း တိုက်ခိုက်မိခဲ့တယ်လို့ ယုံကြည်ရကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ စစ်အင်အားဟာ မူလ ကြိုတင် မျှော်လင့်ထားသလောက် တောင့်တင်းမှု မရှိဘူးလို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အကြီးစား ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာမှုကို မျှော်လင့်ထားဖို့ အီရန်က အမေရိကန်ကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

Facebook