close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထံက ကယ်ထုတ်လာတဲ့ ပြည်သူတွေကို PDFရဲဘော်တွေ ကျန်းမာရေးစောင့်ရှောက်မှုပေး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီ ပြည်သူတွေကို PDF ရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ အမျိုးသားညီညွတ်ရေးအစိုးရ(PDF) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

(စစ်တပ်ထံက ကယ်ထုတ်လာတဲ့ ပြည်သူတွေကို PDFရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်။ ဓာတ်ပုံ - MOD)

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီ ပြည်သူတွေကို PDF ရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ အမျိုးသားညီညွတ်ရေးအစိုးရ(PDF) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၅ရက်မှာ ညောင်လေးပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီက ပြည်သူ ၃၀၀ ကျော်ကို ဓားစားခံအဖြစ်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးထားစဉ် စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၃၀ ကျော် ၄၀နီးပါး သေဆုံးခဲ့ရတယ်လို့လည်း တော်လှန်ရေးပူးပေါင်းတပ်က အသိပေးထားပါတယ်။

ကယ်ထုတ်လာတဲ့ ပြည်သူတွေကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၅)၊ Spring Warriors Column က ကျန်းမာရေး စောင့်ရှောက်ပေးလျက် ရှိကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ညောင်လေးပင်ခရိုင်၊ ပိန်းဇလုတ်မြို့နယ်က ရေတွင်းကုန်း၊ ခရုကုန်း၊ ကျောင်းကုန်းကျေးရွာများအား အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းကာ ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်တာ သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။

ဓားစားခံကယ်ထုတ်တဲ့ စစ်ဆင်ရေးကို KNLAနဲ့ PDF ပူးပေါင်းတပ်က ဆင်နွှဲခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိသလို PDF ရဲဘော် ၉ဦးနဲ့ KNLA ရဲဘော် ၂ဦး စုစုပေါင်း ၁၁ဦး ကျဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပေါ်တာအဆွဲခံလိုက်ရတဲ့ အမျိုးသားတစ်ဦး ၆လအကြာမှာ စစ်တပ်ထံက ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...

သတင်း

အာဏာသိမ်းစစ်တပ်က နိုင်ငံတဝန်း အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ တိုးမြှင့်ကျူးလွန်မှုတွေ ရပ်တန့်ရေး နိုင်င့တကာက မြန်မာစစ်တပ်ကို အမြန်ဆုံး အပြင်းထန်ဆုံးနဲ့ ပြိုင်တူဖိအားပေးဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ မတ်လ ၁၂ရက် မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

Facebook