close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထုတ်ကုန်မသုံးစွဲရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ယင်းမာပင်မြို့နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၅)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်

မတ်-၅၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ယင်းမာပင်မြို့နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၅)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုကျော်ဝင်းအောင် ကျဆုံးခြင်း ၁နှစ်လ၅ပြည့် အလေးပြုအခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ် ဆင်နွှဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တော်လှန်ပြည်သူတွေဟာ “ စုစည်းပါဝင် တော်လှန်ရေးအရှိန်တင်” စာသားတွေ ကိုင်ဆောင်ကာ ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင် တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချက်ချင်းလွှတ်ကြွေးကြော်သံတွေနဲ့ချီတက်ခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူတွေကလည်း လက်ရှိနိုင်ငံရေးနဲ့ ပတ်သက်တာတွေ ဖတ်၊ မှတ်၊ လေ့လာ၊ မျှဝေနိုင်ရန်အတွက် တူမီးတော်လှန်ရေးစာစဉ်တွေကို ဖြန့်ဝေခဲ့ပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ