စစ်အုပ်စုစီစဉ်တဲ့ ဇာတ်ညွှန်းအတိုင်းလုပ်နေဟု ကချင်ဒေသခံတွေပြော
ဖေဖော်ဝါရီ-၂၇၊ ၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်တဲ့လုပ်ရပ်ကို ကန့်ကွက်ကြောင်း မြစ်ကြီးနား လေဆိပ်ရှေ့မျာ မျက်နှာဖုံးတပ်ဆင်ထားသူအချို့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတရပ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ရက်မှာ ပြုလုပ်ဖို့ မနေ့က သတင်းထွက်ပေါ်ခဲ့တဲ့အတိုင်း ဒီမနက်မှာတော့ စစ်ကောင်စီလက်ပါး

Public Service Announcement
စေ အဖွဲ့အစည်းဖြစ်တဲ့ကချင်ပြည်နယ်အထူးဒေသ(၁) ဖေ့စ်ဘွတ်ခ် စာမျက်နှာက ဆန္ဒပြဓာတ်ပုံတွေ ဖော်ပြလာတာပါ။

“ အရပ်ဖက်ပစ်မှတ်အား အဓိကထား တိုက်ခိုက်ခြင်းကို ကန့်ကွက်ပါသည်”လို့ ရေးသားထားတဲ့ စာတန်းကိုင်ဆောင် ဆန္ဒပြခဲ့ကြတာ တွေ့ရပါတယ်။
အဲဒီဆန္ဒပြမှုဟာ စစ်အုပ်စုစီစဉ်တဲ့ ဇာတ်ညွှန်းဖြစ်ပြီး KIAအပေါ် အထင်အမြင်လွဲမှားအောင် လုပဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကချင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အခု ဆန္ဒပြမှုဟာ KIA အပေါ် အမြင်မှားအောင် စစ်ကောင်စီ က ကြိုးပမ်းတာ ရာနှုန်းပြည့် သေချာတယ်လို့ အခြားကချင်ဒေသခံတဦးက ပြောပါတယ်။
“ ဆန္ဒပြပွဲလုပ်မယ့်ရှေ့အပတ်က ၄ ရက်ဆက်တိုက် ကချင်ပြည်နယ်အနှံ့ဗုံးလိုက်ကြဲတယ်။ ဗုံးမကြဲခင်က လေဆိပ်မှာ သူတို့ကိုယ်သူတို့ဟန်ပြလေယာဉ်ပစ်ခတ်ခဲ့ပြီး KIA ကိုအပြစ်ပုံချတယ်။ပြီးရင် KIA ကို ဆန္ဒပြဖို့စီစဉ်တယ်။ ဒါတွေအားလုံးဟာ အဘတို့ရဲ့ ခေါက်ရိုးကျိုး မဲပြာပုဆိုး ဇာတ်လမ်းတွေပါပဲ။ ဘာမသိ ညာမသိ မျက်ကန်း …မတွေတော့ ဓာတ်ပြားဟောင်း အကွက် ဝါဒမှိုင်းတိုက် ဂျင်းဇာတ်လမ်းတွေကို ပိတ်ကားပေါ်မှာကြည့်ပြီး ယုံလို့ကောင်းတုန်း။ အရသာတွေ့နေကြတုန်း။ အဲလိုမျက်ကန်း …မတွေရှိနေလို့ စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေတာပေါ့ “ လို့အထက်ပါ ကချင် သတင်းရင်းမြစ်က ပြောပါတယ်။
ဖေဖော်ဝါရီ၂၀ရက်ကမြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရလို့ ခရီးသည်တင်လေယာဉ် ပျက်စီးမှု ရှိခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီက KIAနဲ့ PDFတွေ လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲထားတာပါ။ ဒါပေမဲ့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အရပ်ဘက် ပစ်
မှတ်တွေကိုတိုက်ခိုက်မှုလုံး၀မပြုသလိုနောင်လည်း လုပ်မှာမဟုတ်ဟု ပြောကြားထားပါတယ်။
ဆန္ဒပြပွဲကိုင်ဆောင်တဲ့ဗီနိူင်းတွေကို စစ်တပ်ထဲမှာပဲလုပ်ထားပြီး ဆန္ဒပြသူတွေကလည်း စစ်တပ်အသိုင်းအဝိုင်းကဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်။ဒါအပြင် ဗီနိုင်းတွေမှာ KIA ၊PDF အမည်တပ် ကန့်ကွက်ဆန္ဒပြဖို့စဥ်ထားပေမယ့်အနီးကပ်မှ KIA ၊PDF အမည်စလုံးကိုအုပ်ပြီးဆန္ဒပြသွားတာဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
စစ်ကောင်စီကတော့ ဖေဖော်ဝါရီ ၂၁ရက်ကစပြီး KIO/KIA ထိန်းချုပ်နယ်မြေတွေကို လေကြောင်း တိုက်ခိုက်မှု နေ့စဉ်လိုလို ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၁ရက်ကနေ ၂၄ ရက်အတွင်း KIO ထိန်းချုပ်နယ်မြေက နေရာ ၂၄နေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာ အများစုဟာ အရပ်သားနေထိုင်ရာကျေးရွာတွေ အိမ်တွေ တိုက်
ခိုက်ခံခဲ့ရတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း အရပ်သား သေဆုံးထိခိုက်မှုလည်းရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး အစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်မှု ဖြစ်စဉ်များစွာ ရှိခဲ့ပါတယ်။
ဓာတ်ပုံ – Kachin SR-1 ၊CJ
















































