close
Connect with us

Hi, what are you looking for?

သတင်း

KIAထိန်းချုပ် မိုင်ဂျာယန်ဒေသကို စစ်တပ် ဗုံးကြဲလို့ အဘိုးအိုတစ်ဦး သေဆုံး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် ဒေသ တစ်ခုဖြစ်တဲ့ မိုင်ဂျာယန်ဒေသကို စစ်တပ်က ဗုံးကြဲလို့ အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဖေဖော်ဝါရီ-၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် ဒေသ တစ်ခုဖြစ်တဲ့ မိုင်ဂျာယန်ဒေသကို စစ်တပ်က ဗုံးကြဲလို့ အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ရက် ညသန်းခေါင်မှာ မိုင်ဂျာယန် ဒေသ ဘွမ်ကထောင်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” အသက် ၇၅ နှစ်အဘိုးကြီး တယောက်သေးသွားတယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြား သတင်းရင်းမြစ်တဦးကလည်းဗုံးကြဲခံရတဲ့ နေရာဟာ KIO အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ ဗန်းမော်ခရိုင် စင်လုံမြို့နယ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် KIA တပ်မဟာ(၃) နယ်မြေထဲက ဖြစ်တယ်လို့ ပြောပါတယ်။

” ပြည်သူကိုပစ်မှတ်ထားတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာပဲဖြစ်တယ်”လို့ ကချင်သတင်းရင်းမြစ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပေါ် ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ KIA ထိန်းချုပ်နယ်မြေတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ စစ်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာတွေကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၂ရက် သတင်းဖော်ပြချက်မှာ ဖော်ပြထားပါတယ်။ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက KIA ဌာနချုပ် လိုင်ဇာအနီး၊ KIA တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၅)၊ တပ်မဟာ(၈)၊ တပ်မဟာ(၉)နဲ့ တပ်မဟာ(၁၁) နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တဖက်မှာ KIA အနေနဲ့လည်း ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်လျက်ရှိပြီး ဖေဖော်ဝါရီ ၂၁ရက် မှာ ခလရ(၂၃၆)တပ်ရင်းဌာနချုပ်ရဲ့ ကာကင်းစခန်းကို သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးတာ လက်နက်တွေ သိမ်းရတာရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ရုပ်သံ – ပေးပို့

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ( ၂၃၆) တပ်ရင်းရဲ့ ကာကင်းစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက စစ်ပွဲဖြစ်ပွားမှုမရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ရက်မနက်မှာ ဖော်ပြပါတယ်။