close
Connect with us

Hi, what are you looking for?

သတင်း

ရွှေတူးတာဆန္ဒပြလို့ MNDAA ဖမ်းထားတဲ့ လားရှိုးဒေသခံ ၉ ဦး အမြန်ဆုံးလွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်းတွေ တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရိူးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာမှာ ကိုးကန့်တပ်မတော်(MNDAA)က ရွှေတူးဖို့ လုပ်ဆောင်နေတာကို ဆန္ဒပြလို့ဆိုပြီး ဒေသခံတွေကို MNDAAက ဖမ်းဆီးခဲ့ရာ ပြန်လွှတ်ပေးဖို့ ကျန်နေသူ ၉ဦးကို အမြန်ဆုံးလွှတ်ပေးရန် ရှမ်းကျောင်းသားအဖွဲ့တခုဖြစ်တဲ့ သျှမ်းကျောင်းသားသမဂ္ဂ(Tai Students’ Union)က တောင်းဆိုထားသလို TSU အပါအဝင် ရှမ်းအဖွဲ့အစည်း ၁၁ဖွဲ့ကလည်း ဒီကနေ့ ဖေဖော်ဝါရီ ၆ရက်မှာ ကြေညာချက် ထပ်မံ တောင်းဆိုခဲ့ပါတယ်။

▪️ဒေသခံတွေလွတ်မြောက်ရေး ရှမ်းတပ် SSPP လည်း ညှိနှိုင်းနေဟုဆို

ဖေဖော်ဝါရီ-၆၊ ၂၀၂၆။ ဆန်အောင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရိူးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာမှာ ကိုးကန့်တပ်မတော်(MNDAA)က ရွှေတူးဖို့ လုပ်ဆောင်နေတာကို ဆန္ဒပြလို့ဆိုပြီး ဒေသခံတွေကို MNDAAက ဖမ်းဆီးခဲ့ရာ ပြန်လွှတ်ပေးဖို့ ကျန်နေသူ ၉ဦးကို အမြန်ဆုံးလွှတ်ပေးရန် ရှမ်းကျောင်းသားအဖွဲ့တခုဖြစ်တဲ့ သျှမ်းကျောင်းသားသမဂ္ဂ(Tai Students’ Union)က တောင်းဆိုထားသလို TSU အပါအဝင် ရှမ်းအဖွဲ့အစည်း ၁၁ဖွဲ့ကလည်း ဒီကနေ့ ဖေဖော်ဝါရီ ၆ရက်မှာ ကြေညာချက် ထပ်မံ တောင်းဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ရက်မှာ ဒေသခံတွေပိုင်တဲ့ လယ်ယာမြေတွေပေါ် ရွှေတူးဖို့ ပိုင်ရှင်ကို အသိမပေးဘဲ ကိုးကန့်တပ်မတော်က တရုတ်လုပ်ငန်းရှင်တွေ ခေါ်လာပြီး လုပ်ဆောင်လာချိန် ဒေသခံတွေကလည်း ဝမ်စယ်ရွာချောင်းမှာ တံတားထိုးဖို့ ပြင်ဆင်ခဲံရာ ရွှေလာတူးမယ့် ရွှေဖောင်တွေ ဖြတ်မရမှာစိုးသည်ဟုဆိုကာ MNDAAက တားဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအခြေအနေမှာ ဒေသခံ ပြည်သူရာချီက MNDAA တပ်ဖွဲ့ကို ဆန္ဒပြခဲ့ရာ အချင်းများပြီး ရွာသား ၃၆ ဦးကို MNDAA တပ်စခန်းကို ဖမ်းခေါ်သွားတာလို့ TSUက အသိပေးထားပါတယ်။

ဖမ်းဆီးခံရသူအားလုံးဟာ ရှမ်းလူမျိုးတွေဖြစ်ပြီး ၂၇ဦးကို ပြန်လွှတ်ပေးလိုက်ပေမယ့် ၉ဦးကို အခုအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ရှမ်းသတင်းရင်းမြစ်တဦးက ဒီကနေ့ ဖေဖော်ဝါရီ ၆ရက်မနက်မှာ ပြောပါတယ်။

” အဓိကကတော့ လက်နက်ကိုင်ထားတဲ့ သူ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းဆိုပြီးမှ အမည်ခံထားတဲ့ သူတွေကိုယ်တိုင်က စစ်ကောင်စီနဲ့ထပ်တူကျတဲ့ အလုပ်တွေ လုပ်တာ မြင်ရတော့ကျမတို့တွေစိတ်မကောင်းဘူး။ကျေးဇူးပြုပြီး အပြစ်မဲ့ ပြည်သူတွေ အမြန်ဆုံးလွှတ်ပေးဖို့ ပြီးတဲ့အခါကျတော့ဒေသခံ ပြည်သူတွေ ပိုင်တဲ့နေရာကို ဒီလိုမျိုးထင်တိုင်းမကြဲဖို့ ကျမတို့အနေနဲ့ တောင်းဆိုချင်ပါတယ်” လို့ ရှမ်းသတင်းရင်းမြစ်က ပြောပါတယ်။

ဖမ်းဆီးခံရသူ ၉ဦးကို MNDAAက ရိုက်နှက် နှိပ်စက်တာကြောင့် ၃ဦးဟာ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရကြောင်း TSUက ထုတ်ပြန်ပါတယ်။

ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းယူကာ ရွှေတူးဖို့ လုပ်ဆောင်တာ၊ ၊အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာ စတဲ့လုပ်ရပ်တွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားပြီး ဖမ်းဆီးထားသူတွေကို အမြန်လွှတ်ပေးဖို့ ၊ ရွာသားတွေရဲ့ အသက်အန္တရာယ်ကို အာမခံပေးဖို့ တောင်းဆိုထားပါတယ်။

TSUရဲ့ ထုတ်ပြန်ချက်မှာ အခင်းဖြစ်တဲ့နေ့က MNDAA တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူက ကားပေါ်မှာ စက်သေနပ်တပ်ပြီးကာ ကျေးရွှာထဲတွင် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာဥက္ကဋ္ဌ နေအိမ်နဲ့ရပ်မိရပ်ဖနေအိမ်တွေကို လက်နက်ကိုင်တွေက ၀ိုင်းဝန်း ပိတ်ဆို့တာ၊ ဖြစ်စဉ်ကို လူမှုကွန်ရက်မှာ မတင်ဖို့ တားထာရှိတယ်လို့ ဆိုပါတယ်။

ရှမ်းလူမှုအဖွဲ့အစည်း ၁၁ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာလည်း မတရားဖမ်းထားတဲ့ဒေသခံ ၉ဦးကိုချွန်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ရွှေတူးတာ အပြင် တရားမျှတမှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ရပ်တန့်ဖို့၊ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်၊လက်နက်နဲ့ ခြိမ်းခြောက် အကြမ်းဖက်မှုတွေ လုံး၀မလုပ်ဖို့၊ ထိခိုက်နစ်နာသူတွေကို ပြဿနာ ပြေလည်တဲ့အထိ တာဝန်ခံ ဖြေရှင်းပေးဖို့ တိုက်တွန်းထားပါတယ်။

ရှမ်းပြည်အတွင်း တိုင်းရင်းသားပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကို ထိခိုက်စေတဲ့စည်းဘောင်ကျော်လွန်ချိုးဖောက်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့လည်း ရှမ်းအဖွဲ့အစည်းတွေကတိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရှမ်းတပ် SSPP/SSAအနေနဲ့လည်း ပြည်သူတွေကို အပြည့်အ၀ ကာကွယ်ပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြားညှိနှိုင်းထိန်းကျောင်းပေးဖို့လည်းတိုက်တွန်းထားပါတယ်။

အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကလည်း ကြားဝင်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

“ SSPPကလည်း ကူတယ်လို့တော့ ပြောတယ်။ သူတို့ အနေနဲ့ ညှိနှိုင်းစာတွေ ပို့ထားတယ်လို့ သိရတယ်”လို့ ရှမ်းသတင်းရင်းမြစ်က ပြောပါတယ်။

MNDAAဟာ အရင်ကလည်း ရှမ်းမြောက်မှာ ရွှေတူးဖို့ လုပ်တာ၊ တပ်စခန်းချတာတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသခံတွေနဲ့ အချင်းများမှုတွေ ရှိခဲ့ကာ သေနတ်ပစ်ဖော်မှုတွေကြောင့် အသက်သေဆုံးမှုတွေပါ ရှိခဲ့ပါတယ်။

၂၀၂၅ မတ်လဆန်းကလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာမှာ ရွှေတူးဖော်မှုကို ဒေသခံတွေက တားမြစ်လို့ အချင်းများပြီး MNDAAက ပစ်ခတ်ခဲ့ရာဒေသခံ ၆ဦးသေဆုံးခဲ့ရပါတယ်။ ရွှေတူးဖော်တဲ့ တရုတ်လုပ်ငန်းရှင်တွေကို ဒေသခံက ကန့်ကွက်ရာက အချင်းများပြီး ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီ လဆန်းကလည်း ရှမ်းမြောက် မူဆယ်နဲ့ နမ့်ဖက်ကာ ဒေသ နမ့်အွန်ရွာမှာလည်း MNDAA က ဒေသခံတွေရဲ့ နွားခြံတွေကို ဖျက်ဆီးလို့ ပြည်သူတွေနဲ့ အချင်းများခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်ဟာလည်း တရုတ်လူမျိုးတွေအပါအဝင် MNDAAနဲ့ ဆက်စပ်သူတွေကို နေအိမ်အကွက်ချ အိမ်ယာတည်ဆောက်ဖို့ ကြိုးပမ်းလာလို့ဒေသခံတွေက ဆန္ဒပြခဲ့ကြတာလို့ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်ကပြောပါတယ်။

ဇန်နဝါရီ ၂၆ရက်ကလည်း MNDAA ရဲ့ ဖမ်းဆီးရိုက်နှက်မှုကြောင့် သီပေါမြို့နယ်ပန်မြိုင်းရွာ ဒေသခံ တဦး ပြင်းထန်စွာဒဏ်ရာရပြီး အသက်သေဆုံးခဲ့ရတယ်လို့ ရှမ်းအဖွဲ့အစည်းတွေက အသိပေးထားပါတယ်။

MNDAAဟာ မဟာမိတွေနဲ့ ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ကာ ကိုးကန့်ဒေသ နဲ့ လားရှိုး၊သိန္နီမြို့တွေကို သိမ်းပိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ ကြားဝင်မှုကြောင့် လားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးကာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘဝတူတော်လှန်ရေးအဖွဲ့အစည်းတွေထဲက ကချင်တော်လှန်ရေးအဖွဲ့အစည်းဟာ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေသောကာလဖြစ်ပြီး ကချင့်တော်လှန်ရေးအမြန်ဆုံးအောင်မြင် နိုင်ပါစေဟု တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော် (AA) ညီနောင်မဟာမိတ်သုံးဖွဲ့က ကချင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

သတင်း

MNDAA-မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော်က စစ်ကောင်စီစစ်သားစစ်သုံ့ပန်း ၅၀၀ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်MNDAAက သတင်းထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

ရှမ်းမန်းစစ်ဆင်ရေးတွေ၊ ကျတော်တို့ ၁၀၂၇ စစ်ဆင်ရေးတွေ ကနေရခဲ့တဲ့ မဟာမိတ်တွေ ဆီကနေရခဲ့တဲ့ စစ်ရေးအတွေ့အကြုံတွေ၊ နောက်တခုက ဒီဟာတွေနဲ့ ကျတော်တို့ ပေါင်းစပ်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ သွားခဲ့တယ်။ လက်ရှိ ကျတော်တို့ဆိုရင်လည်း ‌‌ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ တပ်ရင်းတွေ ကျတော်တို့ စုဖွဲ့မှုလုပ်ကြတယ်ပေါ့။ ကျတော်တို့ ပေါင်းစည်းပြီးတော့ လုပ်နေတာတွေ ရှိတယ်။

သတင်း

ကိုးကန့်တပ်(MNDAA) ရဲ့ အထူးဒေသ(၁) ထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ ခွင့်မပြုသလိုမဲပုံးလည်းချလို့မရ မဲရုံလည်း ဖွင့်လို့မရဘူးလို့ MNDAAရဲ့ သတင်းတွေကို ထုတ်ပြန်ပေးနေသူတစ်ဦးက ‌ပြောပါတယ်။