close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာအပေါ် အမေရိကန်ရဲ့အရေးပေါ်အခြေအနေ သက်တမ်း တစ်နှစ် ထပ်တိုး

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ အရေးပေါ်အခြေအနေ(National Emergency)ကို တစ်နှစ်သက်တမ်းတိုးမြှင့်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်။ ဓာတ်ပုံ - The White House

အီရန်ရော၊ မြန်မာကိုပါ ပိတ်ဆို့ အရေးယူမှုတွေ ဆက်လက် ထားရှိမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးပြော

ဖေဖော်ဝါရီ-၆၊ ၂၀၂၆။ People’s Spring

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ အရေးပေါ်အခြေအနေ(National Emergency)ကို တစ်နှစ်သက်တမ်းတိုးမြှင့်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်မှာ အဲဒီအချိန်က သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်ရဲ့ နိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေအနေကို စတင်ကြေညာခဲ့ပြီး အဲဒီနောက်ပိုင်း နှစ်စဥ် သက်တမ်းတိုးခဲ့ပါတယ်။ လက်ရှိ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ၂၀၂၆ ဖေဖော်ဝါရီ ၁၀ ရက်ကစလို့ နောက်ထပ် တစ်နှစ် အရေးပေါ်အခြေအနေ သက်တမ်းတိုးကြောင်း အိမ်ဖြူတော်က ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအရေးပေါ်အခြေအနေကြေညာချက်ဟာ မြန်မာနိုင်ငံတွင်းနဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးအခြေအနေက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်ဘဲ ထူးကဲတဲ့ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိသမ္မတထရမ့်ရဲ့ အုပ်ချုပ်ရေးပိုင်းဟာ မြန်မာနိုင်ငံတွင်းနဲ့ (ပြင်ပ)ဆက်ဆံရေးအခြေအနေ ဖြစ်ပေါ်နေမှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး သက်ဆိုင်ရာပတ်သက်သူတွေ၊ ဒေသတွင်းမိတ်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ အသိပေးပါတယ်။ အကြမ်းဖက်မှု လျှော့ချဖို့နဲ့ နိုင်ငံရေးတည်ငြိမ်မှု တိုးတက်လာဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးရေးကို တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက သမ္မတထရမ့်က အရေးပေါ်အခြေအနေကို ရုတ်သိမ်းပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်လာမှာကို စိုးရိမ်ခဲ့ကြပေမယ့် ဒီကြေညာချက်ကြောင့် စိုးရိမ်မှုတွေ လျော့ကျခဲ့တယ်လို့ သိရပါတယ်။

တဖက်မှာလည်း အထက်လွှတ်တော်ဝါရင့်အမတ် မစ်ချ်မက်ကွန်နယ်က အီရန်နိုင်ငံကနေ မြန်မာစစ်တပ်ဆီ လေယာဥ်ဆီ မှောင်ခိုတင်ပို့နေမှုတွေကို ရပ်တန့်ပစ်ဖို့ တောင်းဆိုထားပါတယ်။

ဖေဖော်ဝါရီ ၄ရက်မှာတော့ အီရန်နဲ့ မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က လွှတ်တော်မှာ ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံစလုံးကို အရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်မယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုအပြီး အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ မြင့်တက်လာတာကိုလည်း အမေရိကန် အမတ်တွေက စိုးရိမ်နေပါတယ်။ ဝန်ကြီးဘက်ဆန့်က အမေရိကန်ဟာ အီရန်ရော၊ မြန်မာကိုပါ ပိတ်ဆို့ အရေးယူမှုတွေ ဆက်လက် ထားရှိမှာဖြစ်ပြီး နှစ်နိုင်ငံကြားက ကုန်သွယ်မှုတွေကိုလည်း အာရုံစိုက် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

အမေရိကန် လွှတ်တော်က အီရန်ရဲ့ လေယာဉ်ဆီတွေ မြန်မာဆီ တင်ပို့နေမှုတွေနဲ့ ပတ်သက်ပြီး ပိုမို ထိထိရောက်ရောက် ပိတ်ဆို့ အရေးယူဖို့ကိုလည်း တိုက်တွန်း တောင်းဆိုနေပါတယ်။ ဝန်ကြီးဘက်ဆန့်ကတော့ လက်ရှိမှာ ပိတ်ဆို့ အရေးယူမှုဟာ အမေရိကန် အဓိက အသုံးပြုနေတဲ့ ကိရိယာအဖြစ် ဆက်ရှိနေပြီး တခြားဖိအားပေးမှုတွေ အတွက်လည်း သူ့ရဲ့ ဝန်ကြီးဌာနက သက်ဆိုင်ရာ အေဂျင်စီ အသီးသီးနဲ့ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု မူဝါဒတွေဟာ ပစ်မှတ်နိုင်ငံရဲ့ အရပ်သား ပြည်သူတွေကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင်၊ အဲဒီအစား တရားမဝင် ကွန်ရက်တွေကို ထိုးနှက်နိုင်အောင် ရည်ရွယ်ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အနေနဲ့ သံတမန်ရေး နည်းလမ်းတွေကိုပဲ ပိုပြီး ဦးစားပေးလိုကြောင်း၊ ဒါပေမဲ့ စစ်အင်အား အသုံးပြုရေး ဆိုတာကိုလည်း အမြဲ တွေးထားကြောင်း အိမ်ဖြူတော်က ခြိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်မလာခင်မှာ လုပ်ကြံဖို့ ကြိုးစားခဲ့သူကို အမေရိကန် တရားရုံး တစ်ခုက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကို လက်နက်ရောင်းချမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အနေနဲ့ အမြော်အမြင်ရှိရှိ ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ညှိနှိုင်းမှုတွေ လုပ်ဖို့ အီရန်မှာ အချိန်များများ မကျန်တော့ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။