close
Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးမဟာမိတ်တပ်ပေါင်းစု ဖြစ်လာဖို့ လုပ်ဆောင်နေကြောင်း KIOဥက္ကဋ္ဌ ပြော

စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းဖို့ အတွက် စစ်ရေးမဟာမိတ်တပ်ပေါင်းစုဖြစ်ပေါ် လာဖို့ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအန်ဘန်လက ပြောကြားပါတယ်။

KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လ။ ဓာတ်ပုဲ - Getty Images

ဇန်နဝါရီ-၄၊ ၂၀၂၆။ စု/People’s Spring

စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းဖို့ အတွက် စစ်ရေးမဟာမိတ်တပ်ပေါင်းစုဖြစ်ပေါ် လာဖို့ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအန်ဘန်လက ပြောကြားပါတယ်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၀၂၆ နှစ်သစ်ကူး မိန့်ခွန်းကို ကချင်ဘာသာနဲ့ ပြောကြားခဲ့ရာ မိန့်ခွန်းကောက်နုတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဘာသာပြန် ဖော်ပြထားရာ စစ်ရေးမဟာမိတ်တပ်ပေါင်းစု ဖြစ်ပေါ်လာရေးကိစ္စကို အသိပေးထားတာ ဖြစ်ပါတယ်။

“စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းဖို့အတွက် နိုင်ငံရေး စစ်ရေး သဘောတူညီတဲ့ တော် လှန်ရေးအဖွဲ့အစည်းတွေ အားလုံးကို စုစည်းပြီးတော့ အကုန် ပူးပေါင်းလက်တွဲပြီးတော့ စစ်ရေးမဟာမိတ်တပ်ပေါင်းစုကြီး ဖြစ်ပေါ်လာအောင် ဆက်လက် လုပ်ဆောင်နေပါတယ်။ ဒီစစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ ချုပ်ငြိမ်းသွားတဲ့အထိ တော်လှန်ရေး မဟာမိတ်တပ်တွေအားလုံးပေါင်းပြီး အတူလက်တွဲပြီးတော့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ နှိုးဆော်တယ်။” လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း နွေဦးတော်လှန်ရေးရဲ့ အင်အားစုတွေ အားလုံးဟာ အထူးသဖြင့် စစ်ရေးကဏ္ဍဘက်မှာ ဗဟိုကွပ်ကဲမှု တခုတည်းအောက်မှာ စုစည်းနိုင်မယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့ အကောင်းဆုံး အင်အားတခုဖြစ်လာမယ်လို့ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့ပြီး တော်လှန်ရေးကို ဦးဆောင်မှုပေးမယ့်အဖွဲ့ ဖွဲ့စည်းဖို့ အားထုတ်နေတယ် လို့ အသိပေးပါတယ်။

“စစ်ရေးကဏ္ဍဘက်တွင်သာမကပဲ နိုင်ငံရေးကဏ္ဍဘက်မှာ လည်း ခေါင်းဆောင်များအားလုံးပါဝင်နိုင်မယ့် ညီလာခံတရပ်ကို ကျင်းပပြီး တော်လှန်ရေးကို ဦးဆောင်မှုပေးမယ့်၊ ပြည်သူတွေ မျှော်မှန်းခဲ့ကြတဲ့ အင်အားကြီးအစုအဖွဲ့တခုသာ ပေါ်ပေါက်လာမယ်ဆိုရင် ဒီတော်လှန်ရေးဟာ စစ်ရေး၊ နိုင်ငံရေး ပေါင်းစပ်မှုများနဲ့ အောင်မြင်မှု ပန်းတိုင်ဆီ အမြန်တက်လှမ်းနိုင်မယ်လို့ ယုံကြည်တာကြောင့် ဒီ့အတွက်ကိုလည်း အထူးအားထုတ်ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားလိုပါတယ်။” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ကာလ နိုင်ငံရေးဟာ စစ်အောင်နိုင်ရေး ဖြစ်တယ်လို့ ယုံကြည်တာကြောင့် နိုင်ငံရေးနဲ့ စစ်ဗျူဟာတွေ မှန်ကန်စေဖို့ ကြိုးပမ်းလျက် မဟာမိတ်တွေနဲ့ အတူ မဟာဗျူဟာမြောက် စုစည်းညီညွတ်မှုကို တည်ဆောက်သွားမယ်လို့ အသိပေးဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ