close
Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၄)နယ်မြေမှာ စစ်တပ် ရွေးကောက်ပွဲ ဆန္ဒပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Screenshot

ဇန်နဝါရီ-၃၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

စစ်တပ်ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၂၈ရက် မတိုင်ခင်ကလည်း KNU မြိတ်ထားဝယ်ခရိုင်အတွင်း နယ်မြေတွေမှာ ကရင်လူငယ်တွေဦးဆောင်တဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့သလို ၂၀၂၆ ဇန်နဝါရီ လဆန်းမှာလည်း ဆန္ဒပြပွဲ ဆက်ရှိနေကြောင်း အသိပေးထုတ်ပြန်ခဲ့တာပါ။

ဇန်နဝါရီ ၁ရက်က KNU မြိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဒေသခံ ပြည်သူတွေ ရဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန္ဒထုတ်ဖော်မှု ရုပ်သံကို မနေ့က ဇန်နဝါရီ ၂ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပုလောဒေသခံတွေက စစ်တပ်ရွေးကောက်ပွဲ အလိုမရှိ၊ စစ်အာဏာရှင် အလိုမရှိ၊ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ ဟု ကြွေးကြော်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

“ဘာဖြစ်လို ဒီလိုဆက်ပြီးတော့ ဆန္ဒပြရတဲ့ အကြောင်းအရင်းက စစ်အာဏာရှင် လုပ်တဲ့ ရွေးကောက်ပွဲကို လက်မခံလို့ ကျနော်တို့ဆန္ဒဖော်ထုတ်နေတာ။ စစ်အာဏာရှင် သို့မဟုတ် စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ကျနော်တို့က မရှင်သန်ချင်တော့ဘူး။ မနေချင်တော့ဘူး။ ကျနော်တို နေလာတာလည်း နှစ်ပေါင်းများစွာ ရှိပြီလေ။ အဲဒါကြောင့်မို့လို့ ဒါတွေ မခံစားချင်တော့လို့ကျနော်တို့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်” KNU မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်ခေါင်းဆောင်တဦးက ပြောပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းကလည်း တနင်္သာရီမြို့နယ် မောတောင်မြို့၊ ထားဝယ်မြို့နယ် ထီးမိုပွာဒေသ၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ် တို့မှာ ကရင်လူငယ်တွေ ဦးဆောင်ပြီး ဒေသခံ ပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အလားတူ KNU အခြားခရိုင်နဲ့ တပ်မဟာ အသီးသီးမှာလည်း စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့လုပ်ဆောင်ခဲ့ပြီး KNU တပ်မဟာ(၁)သထုံခရိုင် ၊ တပ်မဟာ(၅) ဖာပွန်ခရိုင်တို့မှာလည်း ဒေသခံ ပြည်သူအများအပြား ပါဝင်တဲ့ဆန္ဒပြပွဲတွေ ပြုလုပ်ကာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင် ကြောင်း ပြသခဲ့ပါတယ်။

ရုပ်သံ – KNU-MTD

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲနဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ စစ်​ကောင်စီလက်​အောက်ခံ အရပ်ဘက်ဝန်ထမ်းမိသားစု​တွေထဲက သေဆုံးပြီးသူ ​တွေရဲ့အမည်စာရင်းပြုစုခိုင်းပြီး ကြိုတင်မဲစာရင်းထဲ ထည့်ခိုင်းနေတယ်လို့ ဝန်ထမ်း တွေအချို့က​ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။