close
Connect with us

Hi, what are you looking for?

သတင်း

မင်း​အောင်လှိုင်​ရောက်လို့လုံခြုံ​ရေးမြှင့်ထားချိန် မန္တ​လေးမြို့လယ်မှာ သပိတ်​ခေါင်း​ဆောင်သုံးဦး ဦး​ဆောင်ဆန္ဒပြ

ဒီဇင်ဘာ ၁၀ ရက်မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike)ဆင်နွှဲမယ်လို့အသိ​ပေး

Screenshot

ဒီဇင်ဘာ-၄၊၂၀၂၅။People’s Spring

မန္တ​လေးမြို့မှာ စစ်တပ်ကလုံခြုံ​ရေးတိုးမြှင့်ထားချိန်မှာ သပိတ်​ခေါင်း​ဆောင်သုံးဦးဖြစ်တဲ့ ​ဒေါက်တာ​တေဇာစန်း ၊ကိုနန်းလင်း ၊ကိုခန့်​ဝေဖြိုး တို့အပါအဝင် သပိတ်အဖွဲ့ဝင်နဲ့ပြည်သူ​တွေက မြို့လယ်​ဈေးချိုအနီး ဆန္ဒပြခဲ့ကြပါတယ်။

လူထုလှုပ်ရှားမှုကို အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် နဲ့စစ်အုပ်စု မန္တ​လေးနဲ့ပြင်ဦးလွင် ရောက်နေတာမို့ မန္တမြို့မှာ စစ်တပ်ကလုံခြုံ​ရေးမြှင့်ထားချိန်မှာပဲ ပြည်သူလူထုရဲ့ ပါဝင် ကူညီစောင့်ရှောက်မှုနဲ့အတူ ဖော်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့​ဒေါက်တာ​​​တေဇာစန်းကအသိ​ပေးပါတယ်။

​နွေဦး​တော်လှန်​ရေးမှာ ပိုလူသိများထင်ရှားလာတဲ့သပိတ်​ခေါင်း​ဆောင်​တွေဖြစ်တဲ့ မန္တ​လေးမြို့က ​ဒေါက်တာ​တေဇာစန်း ၊ရန်ကုန်က ကိုနန်းလင်း ၊ မုံရွာကကိုခန့်​ဝေဖြိုးတို့ဟာ ​ဈေးချိုအနီးမှာအတူတကွ ဆန္ဒပြခဲ့ကြတာဟာပထမဆုံးအကြိမ်ဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ ၃ ရက်မနက်အ​စောမှာ ​ဈေးချိုအနီးဆန္ဒပြခဲ့တာကို စစ်တပ်က နာရီပိုင်းအတွင်းသိရှိသွားပြီး ဆန္ဒပြသူ​တွေကို ဖမ်းဆီးနိုင်ခြင်းမရှိတဲ့အတွက် အနီးဝန်းကျင်မှာ ဆဲဆိုကြိမ်း​မောင်း​ခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။

ဆန္ဒပြသူ​တွေအားလုံး​ဘေးကင်းတယ်လို့​ဒေါက်တာ​တေဇာဆန်းက​ပြောပါတယ် ။

အာဏာရှင်စနစ်ဟာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့အပါအဝင် တိုင်းပြည်နဲ့ လူထုတရပ်လုံးအတွက် “ဘုံရန်သူ” ဖြစ်တယ် ၊အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးဟာတိုင်းပြည်အတွက် “ဘုံရည်မှန်းချက်” ဖြစ်သလို လူထုတရပ်လုံးအတွက် “သမိုင်းပေးတာဝန်” ဖြစ်တယ်၊အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ရတာက “အရင်းအနှီး၊ အထိအခိုက်” တွေ ကြီးမားပါတယ်။ သို့သော် အာဏာရှင်စနစ် အောက်မှာ ခေါင်းငုံ့လည်ဆင်းခံပြီး ဒီစနစ် သက်ဆိုးရှည်သွားရင် တိုင်းပြည်မှာ ဖြစ်လာမယ့် နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုက ပိုပြီးတော့ ကြီးမားပါတယ်။ ယခုအချိန် အာဏာရှင်စနစ် တိုက်ဖျက်ရေးဟာ ကျနော်တို့ရဲ့ “သမိုင်းပေး တာဝန်” ဖြစ်ပါတယ်လို့ ​ဆန္ဒပြပွဲက အဓိကသတင်းစကားပါးခဲ့တယ်လို့သိရပါတယ်။

“ ကျနော်တို့တွေအားလုံး အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ရှေ့လျောက်မှာ ပိုပြီးတော့ သန်မာကြမယ်၊ ပိုပြီးတော့ စုစည်းကြမယ်၊ ပိုပြီးတော့ အလုပ်လုပ်ကြမယ်” လို့လည်း​ပြောပါတယ်။

မင်း​အောင်လှိုင်​ရောက်လို့လုံခြုံ​ရေးမြှင့်ထားချိန် မန္တ​လေးမြို့လယ်မှာ…

Posted by People's Spring on Thursday 4 December 2025

ဒါ့အပြင်လူထုသဘောထားဆန္ဒနဲ့ တောင်းဆိုချက်ကြီး (၃) ရပ်ကိုလည်းတင်ပြပါတယ်။ အဲဒီ သုံးချက်က
အချက် (၁) – အဓမ္မ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရေး။

အချက် (၂) – စစ်အုပ်စုက အခု အတင်းအဓမ္မ ပြင်ဆင်နေတဲ့ “ရွေးကောက်ပွဲ” ဆိုတာဟာ တိုင်းပြည်ရဲ့ လက်ရှိနိုင်ငံရေးပြဿနာအတွက် “ထွက်ပေါက်” မဖြစ်ယုံသာမက “ထောင်ခြောက်” ပဲဖြစ်တယ်။ ဒါ့ကြောင့် ဒီ “အတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲ” ကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်နေကြခြင်း ဖြစ်တယ်။

အချက် (၃) – စစ်အုပ်စုဟာ အဓမ္မစစ်မှုထမ်းဥပဒေကို အတင်းပြုကျင့်ပြီး လူထုတရပ်လုံးကို အမျိုးမျိုး ဖိနှိပ် အနိုင်ကျင့်နေတယ်၊ လူငယ်လူရွယ်များစွာကို သေတွင်းထဲကို ပို့နေတယ်။ ဒီ “အဓမ္မစစ်မှုထမ်း ဥပဒေ” ကို လုံးဝ ဖျက်သိမ်းဖို့ လိုအပ်တယ်လို့​ဖော်ပြပါတယ် ။

ဒါအပြင်လာမယ့် ဒီဇင်ဘာလ (၁၀) ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike) ဆင်နွှဲပြီးတော့ ဒီလူထုသဘောထားနဲ့ တောင်းဆိုချက်ကြီး (၃) ရပ်ကို ဖော်ထုတ် တောင်းဆိုကြဖို့ ရှိတယ်လို့လည်း အသိ​ပေးပါတယ် ။

လူထုတိုက်ပွဲလှုပ်ရှားမှုမှာ ပြည်သူလူထုအားလုံး အတူတကွ ပူးပေါင်း ပါဝင်ဆင်နွှဲကြဖို့လည်းတိုက်တွန်းထားပါတယ်။

“ ပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ “ပြည်သူသာ အဓိက” ဖြစ်ပါတယ်။ ပြည်သူအားလုံး တော်လှန်ရေးသမားများ ဖြစ်ကြပါတယ်။အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် “လက်နက်ကိုင်တိုက်ပွဲ” တခုတည်းကိုပဲ လုံးလုံးလျားလျား အားပြုနေလို့ မရပါဘူး။ “လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု” များကို အသိ၊ သတိ၊ သတ္တိ၊ ဉာဏ်ပညာနဲ့ယှဉ်ပြီး ဖော်ဆောင်ကြဖို့ အထူး အရေးကြီးပါတယ်” လို့​ဒေါက်တာ​တေဇာစန်းက တိုက်တွန်းထားပါတယ်။

ရုပ်သံ-​​​ဒေါက်တာ​တေဇာစန်း

ဆက်စပ်သတင်းများ

သတင်း

မန္တ​လေးမြို့မှာ ဒီဇင်ဘာ ၃ ရက်မနက်မနက်ပိုင်းမှာ စစ်တပ်​ရွေး​ကောက်ပွဲ ဆန့်​ကျင်​ကြောင်းဆန္ဒပြသွားသလိုဒီ​နေ့ အာဏာသိမ်းခေါင်းဆောင်ပါ ရောက်လာတာ​ကြောင့် စစ်တပ်က မြို့တွင်းကို RPGထမ်းကာ ခြေလျင်ကင်းလှည့်ခဲ့တယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

သတင်း

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် ဒီနေ့ ( ဒီဇင်ဘာလ ၄ ရက်) မနက် ၇ နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သတင်း

စဉ့်ကိုင်မြို့အနီးကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ အင်အားအသင့်တင့်ရှိတဲ့ ငလျင်ကြောင့် ညနေပိုင်းက မန္တလေးမြို့အနီးတဝိုက်က ပြည်သူတွေ သိသာစွာ ခံစားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ဆင်ခြေဖုံးရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းရှိခဲ့တယ်လို့မြို့ခံတွေဆီကသိရပါတယ်။