close
Connect with us

Hi, what are you looking for?

သတင်း

TNLAနဲ့ အပစ်ရပ်သဘောတူညီပြီးနောက်ပိုင်း မိုးကုတ်မြို့နယ်ကို စစ်ကောင်စီ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွ တိုက်ပွဲဆက်ဖြစ်နေပြီး ဒီကနေ့ (ဒီဇင်ဘာ၄ရက်) မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက မိုးကုတ်မြို့ထဲ ဝင်လာတဲ့ စစ်တပ်ယာဉ်တန်းတွေ။ ဓာတ်ပုံ - Screengrab

ဒီဇင်ဘာ-၄၊၂၀၂၅။မိထက်/People’s Spring

မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွ တိုက်ပွဲဆက်ဖြစ်နေပြီး ဒီကနေ့ (ဒီဇင်ဘာ၄ရက်) မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

” လက်နက်ကြီး ပစ်သံတွေရော၊ လက်နက်ငယ်သံတွေရောကြားရတာ။ စစ်တပ်ဘက်ကနေပြီးတော့ တိုးဝင်လာလို့ PDFတွေက ပစ်နေတာလို့သုံးသပ်ကြတယ်။ ဒီနေ့မနက် ၇နာရီခန့်မှာဆိုရင်လည်း လက်နက်ကြီးပစ်သံကြားရတယ်။ အဲဒါကတော့ စစ်တပ်ကမြို့ထဲကနေလမ်းပစ် တာ” လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့နယ် ဘော်မားကျေးရွာအနီးမှာ မနေ့က ဒီဇင်ဘာ ၃ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီနေ့ ဒီဇင်ဘာ ၄ရက် မနက်အစောပိုင်း ၁နာရီခန့်မှာ ကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲက မိုးကုတ်မြို့အနောက်ပိုင်း မြို့ပြင်ဘက်မှာဖြစ်နေတာ။ စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို PDFတွေကလည်း ဒရုန်းနဲ့ ဗုံးကြဲတယ်။ စစ်တပ်ကလက်နက်ကြီးအပြင် လေကြောင်းကနေပါ ဗုံးကြဲတယ်ဗျာ။ ဒေသခံတွေကတော့ သတိနဲ့နေနေကြရတယ်” လို့ မိုးကုတ်မြို့အနောက်ပိုင်းကဒေသခံတစ်ဦးက ပြောပါတယ်

TNLAနဲ့ သဘောတူညီပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက မိုးကုတ်မြို့ကို နိုဝင်ဘာ ၂၉ရက် ညနေမှာ ဝင်ရောက်လာတာဖြစ်ပါတယ်။

ပြည်သူ့စစ်သင်တန်းဆင်းတပ်သားသစ်တွေ အပါအဝင် အင်အား ၁၀၀၀ ခန့်ပါဝင်ပြီ မိုးကုတ်မြို ဆေးရုံ၊ ကျောင်းကြီး၊ ဘောလုံးကွင်းနေရာတွေမှာ လက်နက်ကြီးတွေတပ်ဆင်ပြီး တပ်စွဲနေပါတယ်။

နိုဝင်ဘာ ၃၀ရက်ညနေမှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းတချို့ဟာ မိုးကုတ်မြို့ပြင် ဘက် တိုးလာလို့ PDFနဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ TNLA ဆုတ်ခွားသွားပြီးတဲ့နောက် ပထမဆုံးဖြစ်တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ် သေဆုံးသူ၂၀ဦးထက်မနည်းရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်ခဲ့သလို ဒေသခံတွေရဲ့နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီနဲ့အပစ်ရပ်သဘောတူညီပြီးတဲ့နောက် TNLAတပ်တွေ ဆုတ်ခွာသွားပေမယ့် မိုးကုတ်မြို့နယ်ထဲမှာ စစ်တပ်နဲ့ PDF တွေတိုက်ပွဲဆက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်ထားကြပါတယ်။

TNLAက မိုးကုတ်မြို့ကနေ ဆုတ်ခွာမယ်လို့အောက်တိုဘာ ၂၉ရက်မှာ သတင်းထုတ်ပြန်ပြီးတဲ့နောက် မိုးကုတ်မြို့ကို ကာကွယ်ဖို့ဆိုပြီး မန္တလေးတိုင်းအတွင်းက PDFတပ်ရင်းတွေအပြင် အညာတပ်ရင်းတွေအပါအဝင်မြို့ပတ်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။TNLAက ၎င်းတို့အနေနဲ့ မြို့ကို စစ်တပ်လက်ထဲအပ်မှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေကို သေနတ်မဖောက်ဖို့ ခေါ်ပြောခဲ့ပါတယ်။

ဒါကြောင့် PDFနဲ့ တော်လှန်ရေးတပ်တွေက မြို့အပြင်ဘက်ကိုဆုတ်ခွာခဲ့ပေမယ့် မြို့ပြင်ဘက်ကိုစစ်ကြောင်းတွေထွက်လာလို့ PDFတွေက တိုက်ခိုက်တာလို့သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက မိုးကုတ်မြို့ထဲကနေရာချို့မှာ လက်နက်ကြီးတွေ တပ်ဆင်ပြီး တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကိုပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော် ပြောဆိုခြင်းမရှိတဲ့ စာသားတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေနေတာဟာ သတင်းတု၊ သတင်းအမှားတွေသာ ဖြစ်ကြောင်း TNLAက ဒီကနေ့(ဒီဇင်ဘာ ၄ရက်)ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ဆေးရုံနဲ့ ကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ဆရာဝန်တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး အမျိုးသမီးတွေအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

မန္တ​လေးမြို့မှာ ဒီဇင်ဘာ ၃ ရက်မနက်မနက်ပိုင်းမှာ စစ်တပ်​ရွေး​ကောက်ပွဲ ဆန့်​ကျင်​ကြောင်းဆန္ဒပြသွားသလိုဒီ​နေ့ အာဏာသိမ်းခေါင်းဆောင်ပါ ရောက်လာတာ​ကြောင့် စစ်တပ်က မြို့တွင်းကို RPGထမ်းကာ ခြေလျင်ကင်းလှည့်ခဲ့တယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

သတင်း

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းတွေများလာတယ်လို့ ဒေသခံတွေက ဝေဖန်နေပြီး တရုတ်နိုင်ငံသား‌တွေရှိနေတဲ့ ကျားဖြန့်ရုံကို စစ်တပ်က နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။