close
Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်တားဘုန်းကျော် ပြောဆိုခြင်းမရှိတဲ့ လူမျိုးရေးသွေးခွဲမှုတွေဟာ သတင်းမှားတွေသာလို့ TNLA ရှင်းလင်း

တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော် ပြောဆိုခြင်းမရှိတဲ့ စာသားတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေနေတာဟာ သတင်းတု၊ သတင်းအမှားတွေသာ ဖြစ်ကြောင်း TNLAက ဒီကနေ့(ဒီဇင်ဘာ ၄ရက်)ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ-၄၊၂၀၂၅။ ဆန်အောင်/People’s Spring

တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော် ပြောဆိုခြင်းမရှိတဲ့ စာသားတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေနေတာဟာ သတင်းတု၊ သတင်းအမှားတွေသာ ဖြစ်ကြောင်း TNLAက ဒီကနေ့(ဒီဇင်ဘာ ၄ရက်)ထုတ်ပြန်ပါတယ်။

တရုတ်အစိုးရဖိအားကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်ပြီး မိုးကုတ်၊မိုးမိတ်မြို့တွေကနေ ဆုတ်ခွာဖို့ သဘောတူခဲ့ရတဲ့ TNLA အနေနဲ့ဝေဖန်မှုတွေ ကြုံနေရချိန် ဗိုလ်ချုပ်တားဘုန်းကျော် အမှန်တကယ် ပြောဆိုခြင်းမရှိတဲ့ ဗမာနဲ့ တအာင်းအကြား သွေးခွဲတဲ့ စကားတွေကို ဗိုလ်ချုပ်တားဘုန်းကျော် ပြောကြားသယောင် လူမှုကွန်ရက်မှာ ဖြန့်ဝေလာမှုအပေါ် အခုလို ရှင်းလင်းချက်ထုတ်ပြန်ခဲ့တာပါဖြစ်ပါတယ်။

ဘယ် NUG လော်ဘီမီဒီယာမှ မတင်ပြရဲသော အမှန်တရားများ ဟုခေါင်းစဉ်ပေး ရေးသားကာ ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ပုံ၊ MNDAA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်တဲ့ရင် တို့ရဲ့ ပုံတွေနဲ့ TNLA၊ MNDAA ခေါင်းဆောင်တွေ အမှန်တကယ် ပြောကြားမှု မရှိတဲ့ စာသားတွေ ပေါင်းစပ်ထားတဲ့ ပုံကို star news ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားတဲ့အပေါ် PLSF/TNLAက အခုလို ရှင်းလင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

” အထက်တွင် ဖော်ပြထားသောပုံနှင့်စာသားများသည် သတင်းတုသတင်းမှားသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။မိမိတို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်မှ ရေးသား၊ဖော်ပြပြောကြားခြင်းမရှိကြောင်းနှင့် သတင်းတုသတင်းမှားသာဖြစ်ကြောင်း အသိပေးအပ်ပါသည်” လို့ TNLAက ထုတ်ပြန်ပါတယ်။

အရင်ကတည်း TNLA ခေါင်းဆောင်တွေ အမှန်တကယ် ပြောဆိုခြင်းမရှိတာတွေကို အခုလိုပဲသတင်းတု သတင်းမှားတွေ လုပ်ပြီးဝါဒဖြန့်မှုတွေရှိခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ဝါဒဖြန့်သူတွေဟာ လူမျိုးရေး၊ ဘာသာရေးကို အသုံးပြုတာ အပါအဝင် နည်းမျိုးစုံနဲ့ တော်လှန်ရေးအင်အားစုတွေအချင်းချင်းအကြားသွေးခွဲတာ၊ တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်တာတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွ တိုက်ပွဲဆက်ဖြစ်နေပြီး ဒီကနေ့ (ဒီဇင်ဘာ၄ရက်) မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ကျည်၊ ဘတ်ဂျက်မရှိ၊ စစ်အင်အားနည်းလို့ မိုးကုတ်နဲ့မိုးမိတ် အပစ်ရပ်ရပေမယ့် ပွဲမပြီးသေးဟုဆို

သတင်း

တအာင်းတိုင်းရင်းသားနဲ့ ရှမ်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း ညီအစ်ကိုရင်းပမာ ချစ်ကြည်ရင်းနှီးစွာနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လျက် ယခင်ကရှိခဲ့သော သဘောထား ကွဲလွဲမှုများ၊ သံသယများကို ဘေးဖယ်ပြီး နိုင်ငံရေးအကြပ်အတည်းအား စုပေါင်းဝိုင်းဝန်း အဖြေရှာဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ တအာင်းတပ်မတော်(PSLF/TNLA) က ရှမ်းနှစ်သစ်ကူးနေ့သို့ သဝဏ်လွှာ ပေးပို့ပါတယ်။

သတင်းဆောင်းပါး

အ​ခြေအ​နေ​တွေကိုTNLAအနေနဲ့လူထုကိုရှင်းလင်း​ပြောကြားပေး​စေလို​ကြောင်းပြည်သူတွေ​ပြော