close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမှာ ကျားဖြန့်ရုံတွေပိုများလာ၊ တစ်ရုံကို စစ်တပ် ဝင်ဖမ်း

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းတွေများလာတယ်လို့ ဒေသခံတွေက ဝေဖန်နေပြီး တရုတ်နိုင်ငံသား‌တွေရှိနေတဲ့ ကျားဖြန့်ရုံကို စစ်တပ်က နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ရှမ်းမြောက်က ကျောက်မဲမြို့အဝင် တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - RFA

ဒီဇင်ဘာ၂၊၂၀၂၅။အိမ်သွင်/People’s Spring

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းတွေများလာတယ်လို့ ဒေသခံတွေက ဝေဖန်နေပြီး တရုတ်နိုင်ငံသား‌တွေရှိနေတဲ့ ကျားဖြန့်ရုံကို စစ်တပ်က နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာက ကျားဖြန့်ရုံကို ဝင်ဖမ်းတာဖြစ်ပြီး တရုတ်နိုင်ငံသား ၂၈ ဦးဖမ်းမိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

“ တရုတ်တွေကို သက်သေပစ္စည်းတွေနဲ့ မိတာ။ နဂိုကတည်းက လူတိုင်းသိတဲ့နေရာပါ။ အခုမှ ဝင်ဖမ်းတာ” လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒုဌဝတီမြစ်ဘေးမှာရှိတဲ့ တောင်ထိပ်ကျေးရွာက ကျားဖြန့်ရုံကို စစ်တပ်က ဝင်ဖမ်းတာလို့ ကျောက်မဲမြို့ကနေ စစ်ကောင်စီ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းက လူမှုကွန်ရက်မှာ ရေးထားပါတယ်။

” မင်းသတင်းသေချာလား ဆိုတဲ့သူတွေ ကျွန်တော်ကခပ်ညံ့ညံ့ မြောက်ပိုင်းလွှတ်တော် ကိုယ်စားလှယ်မဟုတ်ဘူးဆိုတာ မှတ်ထားပါ။အချိန်နှင့်တစ်ပြေးညီ သတင်းကသိနေတာပါ၊ မပြောချင်လို့မပြောတာပဲ ရှိတာ။နောက်တစ်ခါ အာလာချောင်တာ သည်းခံပါ “ လို့ အဲ့ဒီအမတ်က ရေးထားပါတယ်။

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက ၂၀၂၅ အောက်တိုဘာ ၁ရက်က သိမ်းယူခဲ့တာပါ။

စစ်ကောင်စီ ပြန်ဝင်လာပြီးတဲ့နောက်ပိုင်း ကျားဖြန့်ရုံတွေလည်း များလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းမြောက်မှာ ကျားဖြန့်တိုက်ဖျက်ရေးနဲ့ စစ်အာဏာ ရှင်ချေမှုန်းရေးဆိုပြီး ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်း၃ဖွဲ့က ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာ စတင်ခဲ့ပါတယ်။ လောက်ကိုင် အပါအဝင် တရုတ်နဲ့ နယ်စပ်မြို့တွေမှာ ကျားဖြန့်ဂိုဏ်းတွေနည်းသွားပေမယ့် ရှမ်းမြောက်၊ ရှမ်းတောင်နဲ့ ရှမ်းအရှေ့က မြို့တွေဘက်ကို ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတော့ ကိုးကန့်တပ်မတော် (MNDAA)နဲ့ TNLAက စစ်ကောင်စီနဲ့ အပစ်ရပ်ထားပြီး မဟာမိတ်သုံးဖွဲ့အနက် အာရက္ခတပ်တော်(AA) တစ်ဖွဲ့တည်းကပဲ စစ်ကောင်စီကို ဆက်ပြီး တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မုံရွာမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုပါ။ တိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမျိုးစုံ ဖိနှိပ်မှုတွေကြားမှာ မနည်းရှင်သန်အောင် ရပ်တည်နေရတယ်။ နေ့စဥ်ပေါ်တာဆွဲတာတွေရှိတယ်။ အကြမ်းဖက် ဖမ်းဆီး ငွေညှစ်တာတွေရှိတယ်။ ဓါးပြတိုက် လုယက် ပြန်ပေးဆွဲတာတွေရှိတယ်။အဲဒီလိုအခြေအနေကြားမှာပဲ မုံရွာမြို့က စီးပွားရေးသမား လုပ်ငန်းရှင် ၂၀ ကျော် ငွေအလိမ်ခံလိုက်ရပါတယ်။ ဆုံးရှုံးသွားတဲ့ပမာဏက ကျပ်သိန်းခုနှစ်ထောင်ကျော်ပါတဲ့။

ဆောင်းပါး

လက်ရှိစစ်တပ်​ရွေး​ကောက်ပွဲကိုဝင်ပြိုင်ခဲ့တဲ့ပါတီ​တွေဟာ ၂၀၂၀ ​ရွေး​ကောက်ပွဲမှာ ခွက်ခွက်လန်​အောင်ရှုံးနိမ့်ခဲ့တဲ့ပါတီ​တွေဖြစ်ကြပါတယ်။​၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်အာဏာသိမ်းဖို့​မြောက်​ပေးတဲ့ပါတီ ၃၀ ​ကျော်ထဲကအများစုပဲဝင်ပြိုင်ကြတာဖြစ်ပါတယ်။

မေးမြန်းခန်း

— ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ)

သတင်း

မြဝတီ မြို့နယ်ထဲက မင်းလက်ပံ ရွာနားမှာ ကရင် အမျိုးသား အစည်းအရုံး (KNU)က မကြာသေးခင်ကမှ ဖော်ထုတ် တွေ့ရှိထားတဲ့ အွန်လိုင်း ငွေလိမ် (ကျားဖြန့်)ဂိုဏ်းရဲ့ နိုင်ငံခြားသား ဝန်ထမ်း ၉၀၀ ကျော်ဟာ အဲဒီနေရာကို စွန့်ခွာဖို့ ငြင်းဆိုနေကြောင်း သိရပါတယ်။