close
Connect with us

Hi, what are you looking for?

သတင်း

စစ်ရေး တင်းမာနေတဲ့ ဖားကန့်မှာ ဘာတွေဖြစ်နေလဲ

ကချင်ပြည်နယ်၊ဖားကန့်မှာ စစ်ရေးတင်းမာနေပြီး အထိနာနေတဲ့ စစ်တပ်က ဒေသခံတွေကို ပစ်မှတ်ထားနေလို့ သတိပြုကြဖို့ KIA ၊KPDFတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက သတိပေးနေကြပါတယ်။

ဖားကန့်ကို ၂၀၂၅ မိုးရာသီမှာ စစ်​ကြောင်းထိုးရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းကိုတွေ့ရစဥ်။ ဓါတ်ပုံ-CJ

နိုဝင်ဘာ-၁၀၊၂၀၂၅။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မှာ စစ်ရေးတင်းမာနေပြီး အထိနာနေတဲ့ စစ်တပ်က ဒေသခံတွေကို ပစ်မှတ်ထားနေလို့ သတိပြုကြဖို့ KIA ၊KPDFတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက သတိပေးနေကြပါတယ်။

“ ဒေသခံတွေ အပြင်မထွက်ကြဖို့ KPDFတွေက သတိပေးသွားတယ်။ စစ်တပ်က မှော်စီစာတကြောကိုတပ်ဖြန့်ထားတယ်။တိုက်ပွဲဆက်ဖြစ်မှာကျိန်းသေပဲ” လို့နိုဝင်ဘာလ၁၀ရက်ညပိုင်းအခြေအနေကို ဒေသခံတဦးကပြောပါတယ်။

အောက်တိုဘာလလယ်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ငြိမ်သက်နေတဲ့ ဖားကန့်မှာ နိုဝင်ဘာလ၆ရက်နေ့ကစပြီး မြေပြင်တိုက်ပွဲတွေပြင်းထန်လာတာပါ။ ဖားကန့်နဲ့ ကာမိုင်းကြားက နမ့်ယားရွာ၊ လုံးခင်းကျေးရွာအုပ်စုပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေဖြစ်ပြီး တစ်ရက်ချင်းအလိုက် ပိုပြီးပြင်းထန်လာတယ်လို့ သတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီ‌နေ့မနက်ပိုင်းမှာလုံးခင်း‌ကျေးရွာအုပ်စုပတ်ဝန်းကျင်နဲ့ မှော်စီစာလမ်းဆုံမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ယာဉ်တန်းကို KIA ၊KPDFကပြင်းအားမြင့်တဲ့မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

“ ကားသုံးစီး‌ပေါ်ကနေသွေးတွေစီးကျနေတာ။သူတို့သယ်လို့မရတော့ ဒေသခံတွေရဲ့ကားတွေကို အတင်းချောဆွဲပြီးသယ်သွားတယ်” လို့ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက‌ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာပတ်ဝန်းကျင်ကို စစ်တပ်က တပ်စွဲပြီး ဒေသခံတွေရဲ့အိမ်တွေကို ဝင်စစ်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် အဲ့ဒီနားက SKY Hotel ကိုလည်း စစ်တပ်ကဝင်ရောက်တပ်စွဲလိုက်ပြီလို့ သိရပါတယ်။

“ SKY Hotel ကို ဝင်စီးသွားပြီ။ ဧည့်သည်တွေရော ဝန်ထမ်းတွေပါ ထွက်ခိုင်းတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။။

တစ်ချိန်တည်းမှာ စစ်တပ်ရဲ့ ထောက်လှမ်းရေးဒရုန်းတွေ ဝဲနေလို့ သတိပြုကျဖို့ ဒေသခံအချင်းချင်းသတိပေးနေကြပါတယ်။

နိုဝင်ဘာလ ၉ ရက်​နေ့ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားအမျိုးသမီးတစ်ယောက်သေဆုံးခဲ့သလို နိုဝင်ဘာ ၁၀ ရက်​နေ့လည်း မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။

ဖားကန့်မှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန် ဒီနေ့ နေ့ခင်း ၁နာရီခန့်မှာအင်းတော်ကြီးဒေသဘက်ကိုစစ်တပ်ကဗုံးကြဲတိုက်ခိုက်သွားပါတယ်။ဖားကန့်နဲ့ အင်းတော်ကြီးက ကားလမ်းချိတ်ဆက်နေပြီး လမ်းတလျှောက်မှာလည်း KIA ထိန်းချုပ်နေရာတွေ ရှိနေပါတယ်။

“ အင်းတော်ကြီးကို ကြဲတာက တိုက်ပွဲမဖြစ်ဘဲကြဲတာ။ ဖားကန့်တနယ်လုံး လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် သတိပြုရမယ့်အချိန်ဖြစ်တယ်” လို့ KPDFနဲ့ နီးစပ်သူကသတိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ ဒီ‌နေ့မနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA ၊KPDF ရဲ့ ပြင်းအားမြင့်တဲ့မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ယာဉ်တန်းအထိနာပြီး ထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ ​ဒေသခံစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ၂၁ရက်) မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံးရေ ၄၀ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ် မလန်းကျေးရွာမှာ စစ်ကောင်စီနဲ့ KIA၊KPDF တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒီနေ့ အောက်တိုဘာလ ၁၀ရက် မနက်ပိုင်းမှာ စစ်ကောင်စီက Y12လေယာဉ်နဲ့ဗုံးကြဲပြီး လေကြောင်းက ကင်းထောက်နေပါတယ်။

Facebook