close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံ့ခေါင်းဆောင်တွေလွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်း နဲ့ တနင်္သာရီတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ လွှတ်ပေးရေးနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၂၈၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်း နဲ့ တနင်္သာရီတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ လွှတ်ပေးရေးနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာပြည်သူ့အားမာန်သပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ ဒေသခံပြည်သူတွေနဲ့အတူ ပူး​ပေါင်းပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် “ Free Our Leader” ၊ “ ခေါင်းဆောင်များလွှတ်ပေးရေး” စာသားတွေကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားမတွေ အားလုံးချက်ချင်းလွှတ် ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အလားတူတနင်္သာရီတိုင်းထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲကိုဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့အနေနဲ့ “ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေပြန်လွှတ်ပေးရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ချင်းညီနောင်က ယနေ့ စက်တင်ဘာ ၂၅ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကြိုးပမ်းတွေကို တားမြစ်ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်"လို့ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီက​နေ့မှာဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒ​ပြခဲ့ကြပါတယ်။

Facebook