close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားကို ထရမ့် ရောက်မလာခင်မှာ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်

တောင်ကိုရီးယား နိုင်ငံဆီ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခြေမချခင်မှာ မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

တောင်ကိုရီးယား နိုင်ငံဆီ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခြေမချခင်မှာ မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနရဲ့ အောက်တိုဘာ ၂၉ ရက်နေ့ သတင်းမှာတော့ စစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ ရန်သူနိုင်ငံတွေကို သတင်းစကားတစ်ခု ပေးပို့ဖို့ ရည်ရွယ်ပြီး ခရုစ်ဒုံးကျည်တွေကို နိုင်ငံ အနောက်ဖက် ကမ်းလွန်ရေပြင်မှာ ပစ်ခတ်ခဲ့တာလို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

KCNAရဲ့ အဆိုအရ အောက်တိုဘာ ၂၈ ရက်နေ့မှာ ပင်လယ်ပြင်ကနေ ကုန်းမြေပစ်မှတ်တွေဆီ တိုက်ခိုက်နိုင်တဲ့ ခရုစ်ဒုံးကျည်တွေကို စမ်းသပ်ခဲ့တာလို့ သိရပါတယ်။ အဲဒီ ဒုံးကျည်တွေကို ထောင်လိုက် အနေအထားမျိုး ချိန်ရွယ် ပစ်ခတ်ခဲ့ပြီး လေထဲမှာ ၂ နာရီကြာ ပျံသန်းနေခဲ့တယ်လို့ KCNAက ဆိုပါတယ်။

ပင်လယ်ဝါ ရေပြင်မှာ လုပ်ဆောင်ခဲ့တဲ့ လက်နက် စမ်းသပ်မှုကို မြောက်ကိုရီးယား စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဖြစ်တဲ့ ပက်ခ်ဂျောင်ချွန်က ကြီးမှူးခဲ့ပြီး မြောက်ကိုရီးယား နျူကလီးယား တပ်တွေအတွက် အရေးပါတဲ့ ကာကွယ်ရေး အစီအမံ အားဖြည့်မှု တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ KCNAက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပက်ခ်က ခရုစ်ဒုံးကျည် စမ်းသပ်မှုတွေက တိုက်စစ်ဟာ အကောင်းဆုံး ခံစစ်ဖြစ်တယ်ဆိုတဲ့ သဘောတရားကို အခြေပြုပြီး ရန်သူနိုင်ငံတွေကို ဟန့်တားဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ကြောင်း၊ နိုင်ငံရဲ့ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကို စဉ်ဆက်မပြတ် မြှင့်တင်နေဖို့ သူတို့မှာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံ တက်ရောက်ဖို့အတွက် အောက်တိုဘာ ၂၉ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ဆီ ရောက်ရှိလာမှာပါ။ သူဟာ ၅ ရက်ကြာ အာရှ ခရီးစဉ်အဖြစ် မလေးရှားနဲ့ ဂျပန်တို့ကို သွားရောက်ခဲ့ပြီး အဲဒီနေတဆင့် တောင်ကိုရီးယားမှာ အစည်းအဝေးတက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ရှိနေချိန် အတောအတွင်း ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ထရမ့်က သူ့ရဲ့ ဒုတိယ သမ္မတ သက်တမ်းအတွင်း ပထမဆုံး ကိုရီးယား ကျွန်းဆွယ် ခရီးစဉ်မှာ အခွင့်အရေးသာ ရမယ်ဆိုရင် မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံခွင့် ရဖို့လည်း မျှော်လင့်ကြောင်း ဆိုပါတယ်။ သူ့ရဲ့ ပထမ သက်တမ်းတုန်းက ထရမ့်ဟာ ကင်မ်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ဖူးပါတယ်။ မြောက်ကိုရီးယား အစိုးရဖက်ကတော့ အမေရိကန်ကသာ လက်တွေ့မကျတဲ့ တောင်းဆိုမှုဖြစ်တဲ့ မြောက်ကိုရီးယား နျူကလီးယားလက်နက်တွေ အပြီးတိုင် စွန့်လွှတ်ရေး ကိစ္စကို မေ့လိုက်မယ်ဆိုရင် နှစ်ဖက်ဆွေးနွေးမှုတွေ ပြန်စဖို့ လမ်းဖွင့်ပေးထားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

Facebook