close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဝါဒဖြန့်ဇာတ်ကားရိုက်ကူးသူတွေ ပြည်သူတွေရဲ့ Boycottဒဏ် အပြင်းအထန်ခံနေရ

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ဇာတ်ကားရိုက်ကူးပေးတဲ့ သရုပ်ဆောင်တွေဟာ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှုကြောင့် ‌သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်‌ ဖျက်သူတွေရှိသလို အချို့ကလည်း မှတ်ချက်ရေးသားတဲ့ Comment တွေ ပိတ်ထားကြပါတယ်။

အောက်တိုဘာ-၂၈ရက်၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ဇာတ်ကားရိုက်ကူးပေးတဲ့ သရုပ်ဆောင်တွေဟာ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှုကြောင့် ‌သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်‌ ဖျက်သူတွေရှိသလို အချို့ကလည်း မှတ်ချက်ရေးသားတဲ့ Comment တွေ ပိတ်ထားကြပါတယ်။

စစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်ကားမှာ နေတိုး ၊ မြင့်မြတ် ၊ ‌နေဝင်း ၊ အေးချမ်းမောင်၊ ခြူးလေး နဲ့ မေမြင့်မိုရ် တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး တော်လှန်ရေးအသိုင်းအဝိုင်းက သူတို့ကို Boycott ပြုလုပ်ဖို့အတွက် ဖေ့စ်ဘွတ်ခ် လင့်ခ်တွေနဲ့အတူ တင်ပေးခဲ့တာပါ။

ပြည်သူတွေက စစ်ကောင်စီရဲ့ ဝါဒဖြန့်ဇာတ်ကား ရိုက်ကူးတဲ့အပေါ် ဝေဖန်တဲ့ မှတ်ချက်တွေရေးသားခဲ့တာကြောင့် ခြူးလေးက အကောင့်ဖျက်ထားသလို နေဝင်းနဲ့ မေမြင့်မိုရ်တို့က Comment ပိတ်ထားခဲ့တာပါ။

Public Service Announcement

Public Service Announcement

နေတိုးကတော့ ဝေဖန်တဲ့ မှတ်ချက်တွေကို ဖျက်ပစ်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ချို့ကရေးသားထားပါတယ်။

ဒီဇာတ်ကားမှာပါဝင်သူတွေက ‌စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုဝါဒဖြန့်ရုံတင်မဟုတ်ပဲ ပြည်သူ့ ဘက်တော်သား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ၊ CDM တွေရဲ့ ဖြစ်တည်မှုကိုပါစကားလုံးတွေနဲ့ စော်ကားထားတာပါ။

ပြည်သူတွေဘက်ကတော့ ဒီဇာတ်ကားမှာပါဝင်သူ‌တွေကို Boycottပြုလုပ်ရာမှာ လျော့မပေးပဲ ထိထိရောက်‌ရောက် လုပ်ဖို့တောင်းဆိုထားပါတယ်။

Boycott ပြုလုပ်ရာမှာလည်း သူတို့ရဲ့ အကောင့်တွေမှာ ဝေဖန်တဲ့ မှတ်ချက်ရေးတာလောက်နဲ့ တင်ရပ်မသွားပဲ Unfollow ၊ Block ပြုလုပ်ဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

“ ထမင်းလေး သုံးနပ်စားဖို့များကွာ ထိတ်ထိတ်လန့်လန့်မစားရအောင် ညအိပ်ကောင်းခြင်းအိပ်ရအောင်အနုပညာလောကကထွက်ပြီး အပြင်စီးပွားရေးလုပ်စားပေါ့။မင်းတို့ကလဲ အနုပညာနဲ့ငွေရချောင်နေတော့အပြင်ကိုလုပ်မစားချင်တော့ဘူး။တခုတော့ရှိတယ်။ပြည်သူအားမပေးရင်မင်းဘာလုပ်လုပ်မအောင်မြင်ဘူး။” လို့ စစ်ကောင်စီဝါဒဖြန့်ဇာတ်ကားရိုက်တဲ့အပေါ် ပရိသတ်တစ်ဦးကဝေဖန်ထားပါတယ်။

“ ဆဲလဲမထူးဘူးဆိုတာ မဟုတ်ဘူး ထူးတယ်၊ ဒီကောင်တွေက ချစ်လိုက်တာ မွမွ ဆိုတာတွေပဲ မြင်ချင်ကြားချင်နေတဲ့ကောင်တွေ” လို့ ပြည်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ကို ကာကွယ်​ပေးပြီး ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးသလို ပြည်သူ့တော်လှန်ရေးကို ပျက်ရယ်ပြုစော်ကားတဲ့ ‌အနုပညာရှင်တွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ယာဥ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဝင် ၂ ဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နေ ပြည်သူတွေအနေနဲ့ မနက်ဖြန် အောက်တိုဘာ ၂၉ရက်ကနေစပြီး ညဘက် အပြင်လုံး၀ မထွက်ကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

Facebook