close
Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူနဲ့ ကမ္မကြား စစ်တပ်စစ်ကြောင်းထိုးလို့ ကျေးရွာ ၈ရွာထက်မနည်း တိမ်းရှောင်နေရ၊ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ဦး ဒဏ်ရာရ

မကွေးတိုင်း၊ပခုက္ကူနဲ့ကမ္မမြို့နယ်ကြားမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၈ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ဦး ဒဏ်ရာတွေရရှိထားပါတယ်။

ပခုက္ကူမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းထိုးလို့ တိမ်းရှောင်နေကြတဲ့ ဒေသခံတွေကိုတွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၆၊ ၂၀၂၅။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ပခုက္ကူနဲ့ကမ္မမြို့နယ်ကြားမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၈ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ဦး ဒဏ်ရာတွေရရှိထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၂ ရက်ကတည်းက ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းပေါ်က ညောင်ဂျစ်ပင်ပျူစောထီးကျေးရွာကို ရောက်နေတဲ့ အင်အား ၁၈၀ခန့်ပါတဲ့ စစ်ကြောင်းဟာ အဲဒီပျူရွာမှာ အထိုင်ချပြီး အနီးဝန်းကျင်က ကျေးရွာတွေကို စီးနင်းရှာဖွေ ဖမ်းဆီးတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။

ဒါအပြင်အောက်တိုဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်မှာတော့ ညောင်ဂျစ်ပင်ပျူရွာကနေ စစ်အုပ်စုက ၆၀ မမ လက်နက်ကြီးနဲ့ပစ်လို့ ပြည့်အိုင်ရွာကို ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦး စိုးရိမ်ဒဏ်ရာရကာ အမျိုးသားကြီးတဦးမစိုးရိမ်ရ ဒဏ်ရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အဲဒီစစ်ကြောင်းက သူတို့အခေါ် နယ်မြေရှင်းလင်းတယ်ပေါ့ဗျာ။ အဲလိုရည်ရွယ်ချက်ရယ်။ နောက်တခုကတော့ သူတို့ ရည်ရွယ်ချက်က ဒေသခံတွေကို စည်းရုံးရေး ပုံစံမျိုးပေါ့ဗျာ။ အဲလိုမျိုးဆင်းတယ်ပေါ့။ ဒါပေမဲ့ ဒီမှာတချက်မေးစရာရှိတာက ဒေသခံတွေကို စည်းရုံးရေးပုံစံဆင်းတယ်ပြောတယ်။ သူတို့စစ်ကြောင်းလာတဲ့ တလျှောက်မှာ ဒေသခံတွေက သူတို့ကို ကြောက်လို့ ထွက်ပြေးကြတယ်။ တယောက်မှ မတွေ့ဘူးပေါ့။” လို့ ကိုဘိုဘိုသန့်စင်က ဆိုပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ရေလာကြီး၊ထန်းတပင်၊ ဖောင်ကျောင်း၊ဖောင်းကွဲ၊ ရေမျက်၊ပြည့်အိုင်၊ ရွာသာအေး ၊မြေပန်းတောင်းစတဲ့ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသတွေကို ဦးတည်နေတယ်လို့ ခန့်မှန်းရကြောင်း၊ ဒီကနေ့မှာ မြေပန်းတောင်းရွာကိုဝင်ရောက်ပြီး ဒေသခံတွေရဲ့ပစ္စည်းတွေကို သိမ်းယူတာ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်ဟာအောက်တိုဘာ၂၄ ရက် ညကလည်း ပါရာမိုတာနဲ့ ဗုံးချတိုက်ခိုက်လို့ ပခုက္ကူမြို့နယ်၊ ထန်းတပင်ရွာက ပြည်သူ နှစ်ဦးထိမှန်သေဆုံးပြီး ပြည်သူတဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယောနသံ/People’s Spring လက်နက်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ပြီး သူရဲကောင်းတွေလို ဟစ်ကြွေးနေတဲ့ စစ်အုပ်စုဟာ အာရက္ခတပ်တော်(AA)ကိုတော့ အင်မတန်ကြောက်တယ်လို့ သတင်းကြီးပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ဒူးထောက်အညံ့ခံရတဲ့ ဗိုလ်မှူးချုပ်တွေ၊ ထောင်ချီတဲ့ စစ်သုံ့ပန်းတွေရဲ့ သွင်ပြင်တွေက စစ်အုပ်စုပုံရိပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင်အနေ နဲ့ AAကိုလက်နက်ချဖို့ စစ်သုံ့ပန်းဗိုလ်မှူးချုပ်တချို့က...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့ မခွဲခြားဘဲ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ကန်ပက်လက်မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ဘယ်ပွဲမဆို လတ်တလောအချိန်မှာ ကျင်းပတာ ရှောင်ရှားဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ အောက်တိုဘာ ၂၆ရက်မှာထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်ကမင်းတပ်မြို့ကိုစစ်ကောင်စီကဒီနေ့အောက်တိုဘာ၂၆ရက် နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူ - စလင်းမြို့နယ်လမ်းပိုင်း ထိန်းချုပ်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာအထိနာပြီး ဆိပ်ဖြူမြို့အတွင်း ပြန်ဆုတ်သွားတယ်လို့ မကွေးတိုင်းပ.က.ဖ ရွေးလျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက ပြောပါတယ်။

Facebook