close
Connect with us

Hi, what are you looking for?

သတင်း

KK Park နဲ့ လုံးဝမသက်ဆိုင်​ကြောင်း KNU ထုတ်ပြန်

KK Park အွန်လိုင်းငွေလိမ်လုပ်ငန်း​တွေဟာ KNU နှင့် လုံးဝ (လုံးဝ) မသက်ဆိုင်ဘဲ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ၏ စွပ်စွဲချက်ကို KNU အနေဖြင့် ပြတ်ပြတ်သားသားငြင်းဆို​ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ယ​နေ့ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

KK Park အွန်လိုင်းငွေလိမ်လုပ်ငန်း​တွေဟာ KNU နှင့် လုံးဝ (လုံးဝ) မသက်ဆိုင်ဘဲ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ၏ စွပ်စွဲချက်ကို KNU အနေဖြင့် ပြတ်ပြတ်သားသားငြင်းဆို​ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ယ​နေ့ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မီဒီယာအချို့ကKNU ဟာထိုင်း – မြန်မာ နယ်စပ်ရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်း အတွက် မြေငှားရမ်းခြင်းနဲ့လုံခြုံရေး စောင့်ရှောက်ခ ရယူခြင်းတို့ဖြင့် အကျိုးအမြတ်များရရှိတယ်လို့ စွပ်စွဲချက်အပေါ် KNUက ​အောက်တိုဘာ ၂၆ ရက်မှာ အခုလို သတင်းထုတ်ပြန် ရှင်းလင်းခဲ့တာပါ။

စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ စွပ်စွဲထားတဲ့ ဧက (၁၀၀) မြေကွက် (Trans Asia International Holding Group (Thailand)ကုမ္ပဏီ နဲ့ မုလအိအလင်း ကုမ္မဏီပူး​ပေါင်း​ဆောင်ရွက်မှုကိုလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ကတည်းက ရပ်ဆိုင်း နှုတ်ထွက်ခဲ့ပြီး ဖြစ်ကြောင်း ထပ်မံ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် KK Park အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့ ဧက (၅၀၀) ရှိတဲ့မြေကွက် နဲ့ ဧက ၁၀၀ ​မြေကွက်တို့ဟာ သီးခြားစီဖြစ်ပြီး မြေကွက်တခုနဲ့ တခု (၃) ကီလိုမီတာ( ၂ မိုင်ခန့်)အကွာမှာ ရှိတဲ့အကြောင်း ဂြိုလ်တုဓာတ်ပုံနဲ့တကွဖော်ပြ ရှင်းလင်းပါတယ်။

စစ်အုပ်စုဟာမြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက နိုင်ငံရေး၊ စီးပွားရေးနဲ့စစ်ရေးအရ အကျိုးအမြတ်ရရှိနေမှုကို ဖုံးကွယ်လိုတာကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ကို စွပ်စွဲပြီး မဟုတ်မမှန် သတင်းအမှားဖြန့်ချိ​နေတာဖြစ်ပြီး ထိုသတင်မှား​တွေကို ငြင်းပယ်ကြောင်း KNU ဗဟိုရဲ့ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

KNUဟာ ကရင်ပြည်နယ် နယ်စပ်ရှိ ငွေလိမ်ဂိုဏ်းတွေနဲ့ ကာစီနိုလောင်းကစားလုပ်ငန်းတွေကို တိုက်ဖျက်မယ်လို့ ကြေညာထားသလို ကရင်ပြည်နယ်က လောင်းကစားမြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး KNU အနေနဲ့ လုံး၀ ပတ်သက်မှု မရှိကြောင်း ၂၀၂၃ ဖေဖော်ဝါရီလက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ကရင်ပြည်နယ် နယ်စပ်တလျောက်ရှိ ငွေလိမ်ဂိုဏ်းတွေ၊တရားမဝင် ကာစီနို လောင်းကစား လုပ်ငန်း တွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှု၊ တိုက်ဖျက်လိုမှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး KNU ရဲ့ ရပ်တည်ချက်ကို အသိပေးခဲ့တာပါ။ ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းရှင်းလင်းသန့်စင်မယ့် အိမ်နီးနားခြင်း နိုင်ငံများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အဲဒီတုန်းက အသိပေးထားပါတယ်။

တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများနဲ့ ငွေလိမ်ဂိုဏ်းတွေဟာ အစိုးရ အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ စနစ်ဆိုးများနဲ့ အဂတိလိုက်စားမှုများက အမြစ်တွယ် ပေါက်ဖွားလာခြင်းဖြစ်ပြီး အစိုးရ အဆက်ဆက်ရဲ့ အဂတိလိုက်စားမှု ၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ တို့ကြောင့် ဖြစ်တယ်လို့ KNUက ဆိုပါတယ်။

စစ်ကောင်စီဟာ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေက တိုက်ရိုက် အကျိုးခံစားခွင့်ရရှိနေခြင်းကြောင့် နောက်ကွယ် မှ အကာအကွယ်ပေးတာ၊ ထောက်ခံနေတာ ပြုလုပ်နေတာလို့ KNUက ထုတ်ပြန်ထားပါတယ်။

လောင်းကစားစီမံကိန်းတွေ KNU ထိန်းချုပ်နယ်မြေအတွင်းရှိတယ်လို့ ပြောဆိုမှုတွေကိုလည်း KNUက ငြင်းပယ်ထားပါတယ်။ အဲဒီဒေသတွေဟာ KNU လွတ်လပ်စွာ အုပ်ချုပ်လို့ရတဲ့ အနေအထားမရှိဘဲ စစ်ကောင်စီ လက်လောက်ခံ အဖွဲ့အစည်းများ ရှိနေကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ကရင်သတင်းဌာန KIC ရဲ့ မေးမြန်းချက်ကို ၂၀၂၃ မတ်လက ဖြေကြားခဲ့ပါတယ်။

“ အားလုံးသိတဲ့ အတိုင်းပဲ ၁၉၉၄၊ ၉၅ ကစပြီးတော့ KNUက ခွဲထွက်သွားတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီ တချို့ အဖွဲ့တွေက သူ့ဟာသူ ရပ်တည်တယ်။ တချို့အဖွဲ့တွေက စစ်ကောင်စီ အထူးသဖြင့် လက်ရှိ ကာလ အကြမ်းဖက်စစ်ကောင်စီ အောက်မှာ လုံး၀ ထိန်းချုပ်မှုရှိတယ်။ ဆိုတော့ အဲဒီ လူတွေရဲ့ လုပ်ရပ်တွေ သူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ကျနော်တို့ ဘယ်လိုမှ ဝင်သွားစွက်ဖက်လို့မရဘူး။ဆိုတော့ အဲဒီ အဖွဲ့တွေက သူလုပ်တဲ့ဟာ ကျနော်တို့ အကုန်လုံးတာဝန်ယူလို့မရဘူး။ အဲဒါလုပ်တဲ့ဟာ ကျနော်တို့ လုပ်ပါတယ် ကျနော်တို့ ခွင့်ပြုပါတယ် လာပြောတာက ဒါလုံး၀ ကျင့်ဝတ်ကို ဖောက်ဖျက်ပြီး ပြောတာပဲဖြစ် တယ်” ဟု ပဒိုစောတောနီးက ပြောခဲ့ပါတယ်။

စစ်ကောင်စီ ခွင့်ပြုချက်မရှိဘဲလုပ်ဆောင်လို့ မရသလို အဖွဲ့အချို့ဟာ စစ်ကောင်စီ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိတယ်လို့ သူက ပြောပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကျင်းပတဲ့ရွေးကောက်ပွဲဟာအာဏာရှင်စနစ်ဆိုးကိုသက်ဆိုးရှည်စေဖို့လုပ်ဆောင်တာ ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြန်လည်အသက်သွင်းတာဖြစ်တယ်လို့ကရင်အမျိုးသားအစည်း အရုံး(KNU)နဲ့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) တာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ကျားဖြန့်အလုပ်ရုံတွေကနေ ထွက်ပြေးကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေ သောင်ရင်းမြစ်ဖြတ်ကူးရာ နိုင်ငံခြားသား ၂ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း ကရင်နယ်ခြားစောင့်တပ် (BGF)ထိန်းချုပ်ရာနယ်မြေထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း နာမည်ထွက်ရာ KK Park ကနေ မြဝတီမြို့ဆီထွက်ပြေးလာသူတွေကိုငွေညှစ်ဖို့နဲ့ စစ်မှုထမ်းထဲထည့်ဖို့ စစ်တပ်အတွက်ဝါဒဖြန့် ပေးနေတဲ့တယ်လီဂရမ်အချို့က လှုံ့ဆော်နေပါတယ်။

သတင်း

ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ မြ၀တီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာက ကျားဖြန့် လုပ်ငန်း နာမည်ထွက်ရာ နေရာတွေကို စစ်တပ်က ထပ်မံ စီးနင်းမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ်နိုင်ငံသားတွေအပါအဝင်မြန်မာအလုပ်သမားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်း​ထွက်​ပြေးနေကြပါတယ်။

Facebook